အောင်ပန်းတွင် အိမ်စီးယာဉ်မှ ရထားအား ၀င်တိုက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, March 13, 2019

အောင်ပန်းတွင် အိမ်စီးယာဉ်မှ ရထားအား ၀င်တိုက်


မင်းဇော်မင်း
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့ရှိ ကန်းနားနှင့် အောင်ပန်းဘူတာကြား မိုင်တိုင်အမှတ် ၃၇၆/၁၄-၁၅ ၌ ရပ်စောက်ဘူတာမှ ထွက်ခွာလာသော အမှတ်(၁၄၂) အစုန် ရပ်စောက်- သာစည် လူစီးရထားအား ယနေ့ မတ်လ ၁၃ ရက်၊ ညနေ ၄ နာရီခန့်တွင် အိမ်စီး မော်တော်ယာဉ် တစ်စီးမှ ၀င်တိုက်မိခဲ့ကြောင်း သိရသည်။


ဓါတ်ပုံ (လင်းလင်း-တောင်ကြီး)
ရထားသံလမ်း၏ ၀ဲဘက်မှ အောင်ပန်းမြို့၊ မိုးကောင်းရပ်ကွက်နေသူ မမီမီထွန်း မောင်းနှင်လာသည့် မတ်တူး(ရွှေငါး) အမျိုးအစား ခဲရောင် မော်တော်ယာဉ်မှ မီးရထား စက်ခေါင်းဘေးအား ၀င်တိုက်မိခြင်း ဖြစ်ပြီး ယင်းသို့ တိုက်မိခြင်းကြောင့် မော်တော်ယာဉ်၏ ရှေ့/နောက် ဘန်ကာများ ပျက်ဆီးခဲ့သော်လည်း အခြား တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ယင်းကဲ့သို့ မီးရထားအား မော်တော်ယာဉ်ဖြင့် တိုက်အောင် မောင်းနှင်သူအား အရေးယူပေးရန် မြန်မာ့မီးရထား၊ တိုင်းအမှတ်(၄)၊ မြို့ပြအင်ဂျင်နီယာဌာန၊ အငယ်တန်း အင်ဂျင်နီယာ(၃) သံလမ်း(ဟဲဟိုး)မှ ဦးထင်လတ်အောင်က တိုင်ကြားသဖြင့် အောင်ပန်းရထားရဲစခန်းမှ (ပ) ၂/၂၀၁၉၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment