ရွှေညောင်တွင် ဧပြီလ ၁ ရက်မှ စတင်၍ စည်းကမ်းပျက်ယာဉ်များအား အရေးယူမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Wednesday, March 13, 2019

ရွှေညောင်တွင် ဧပြီလ ၁ ရက်မှ စတင်၍ စည်းကမ်းပျက်ယာဉ်များအား အရေးယူမည်



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ယာဉ်လမ်း စည်းကမ်း အသိပညာပေး လုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၈ ရက်မှစတင်၍ မတ်လ ၃၁ ရက် အထိ တစ်လကြာ ဆောင်ရွက်လျက် ရှိပြီး အသိပေးကာလအပြီး ဧပြီလ ၁ ရက်မှစကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူး လွန်သည့် ယာဉ်များနှင့် စည်းကမ်း မဲ့ယာဉ်များကို စစ်ဆေးအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
.
 .
''ရွှေညောင်မှာ မတ်လတစ်လ လုံးကို ပညာပေးကာလသတ်မှတ် ပြီးတော့ ယာဉ်စည်းကမ်းလမ်း စည်း ကမ်း  ပညာပေးလုပ်နေပါတယ်။ ဧပြီ လကစပြီးတော့ စစ်ဆေးအရေးယူ သွားမှာပါ။ ယာဉ်လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီးတော့ ဆိုင်ကယ်စီးရင် ဆိုင်ကယ်စီး ဦးထုပ် ဆောင်းဖို့၊ ယာဉ်မောင်းရင် ထိုင်ခုံခါးပတ် ပတ် ဖို့နဲ့ မူးယစ်သောက်စားပြီး ယာဉ် ဆိုင်ကယ်တွေ မောင်းနှင်ခြင်း မပြုဖို့ လက်ကမ်း စာစောင်ဖြန့်ဝေတာတွေ၊ အသိပညာပေးတာတွေကို လုပ် နေပါတယ်။ ပညာပေးကာလအတွင်း မှာတော့ အရေးယူသွားမှာ မဟုတ်ပါ ဘူး။ အသိပညာပေးပြီး ပြန်လွှတ် မှာပါ''ဟု အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်)မှ ရဲမှူး မျိုးဇော်အောင်က ကမ္ဘောဇတိုင်း သို့ပြောကြားခဲ့သည်။
.
ရွှေညောင်မြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာမှုသည် တောင်ကြီးမြို့နှင့် နှိုင်းယှဉ်ပါက အား နည်းနေသည့်အတွက် ယာဉ်လမ်း စည်းကမ်း အသိပညာပေးခြင်း လုပ် ငန်းများကို တစ်လတာ လုပ်ဆောင် သွားမည်ဖြစ်ပြီး သတ်မှတ်ကာလ ကျော်လွန်ပါက စည်းကမ်းမလိုက် နာသူများကို ၂ဝ၁၅ ခုနှစ် မော်တော် ယာဉ်ဥပဒေဖြင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
.
အဆိုပါ ယာဉ်လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို ယာဉ် ထိန်းရဲ၊ ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့အ ပြင် အရပ်ဘက် အဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ရွှေညောင်မြို့တွင် ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်အတွင်းက ယာဉ်မတော် တဆမှုပေါင်း ၃၉ မှု ဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၅၁ ဦး နှင့် သေဆုံးသူ ၂၁ ဦးရှိကြောင်း အမှတ် (၁၈)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်)မှ သိရသည်။
.

No comments:

Post a Comment