တောင်ကြီးတွင် တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် တရားမဝင် ကျူးကျော်များကို ရှင်းလင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, March 15, 2019

တောင်ကြီးတွင် တရားဥပဒေစိုးမိုးမှု ရှိစေရေးအတွက် တရားမဝင် ကျူးကျော်များကို ရှင်းလင်း



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း.တောင်ကြီးမြို့အတွင်း တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် တောင်ကုန်း တောင် စောင်းများ၊ ရပ်ကွက်များ၊ စေတီတော်များ၊ စောင်းတန်းများတွင် တရားမဝင် နေထိုင်သော ကျူးကျော်များအား မတ်လ ၁၄ ရက် ညနေပိုင်းက အင်အားဖြင့် ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.

.
တောင်ကြီးမြို့နယ် ဧရိယာအတွင်းက ရွှေဘုန်းပွင့်နဲ့ အရှေ့ဘက် တောင်ကြောတစ်လျှောက်မှာ မလိုလား အပ်တဲ့ ပြဿနာတွေ မဖြစ်ပွားစေရေးအတွက် ရှင်းလင်းဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီလို စစ်ဆေးဆောင်ရွက် ခဲ့တဲ့ အခါမှာ ယာယီတဲ စုစုပေါင်း ၇ လုံးကို ရှင်းလင်းခဲ့ရပါတယ်။ ဒေသတည်ငြိမ်ရေးအတွက် ရှင်းလင်းဆောင်ရွက် ရတာဖြစ်ပါတယ်။  သာသနာရေးနဲ့ ပတ်သက်လို့ မြို့နယ်သံဃာ့ နာယက ဆရာတော်တွေဆီက ဩဝါဒ ခံယူပြီး ဆောင်ရွက်ခဲ့ပါတယ်။ CSO တွေလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်ဟု တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်းကဲ့သို့ ရှင်းလင်းဆောင်ရွက်ရာတွင် ယာယီတဲ ၇ လုံးအား ရှင်းလင်းဖယ်ရှားခဲ့ပြီး တဲအိမ် ၂ လုံးတွင် သီတင်းသုံး နေထိုင်သည့် သံဃာတော် ၂ ပါး တွေ့ရှိခဲ့ရကြောင်း သိရသည်။ ရှင်းလင်းဆောင်ရွက်ရာသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
မတ်လ ၁၄ ရက်၊ ညနေ ၅ နာရီလောက်က စပြီး တောင်ကြီးခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေ၊ ရပ်မိရပ်ဖတွေ ပါဝင်တဲ့ အဖွဲ့ ၂ ဖွဲ့ခွဲပြီး ဆောင်ရွက်ခဲ့ပါတယ်။ သစ်တောရပ်ကွက် ထဲမှာရှိတဲ့ ရွှေမုဋ္ဌော၊ တောင်ချွန်းနဲ့ တောင်ကြောတစ်လျှောက် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ရွှေမုဋ္ဌောဘုရားအတက် ပြည်နယ်စီမံကိန်းရုံး အနောက်ဘက်မှာ လူနေထိုင်ခြင်းမရှိတဲ့ တဲ ၂ လုံး တွေ့ပါတယ်။ နောက်ထပ် Royal Taunggyi ဟိုတယ် အနောက်ဘက်မှာ တဲ ၂ လုံး မှာ သံဃာ ၂ ပါး တွေ့ခဲ့ ပါတယ်။ အဲဒါကိုတော့ ရှမ်းပြည်နယ်သံဃာ့နာယက ဆရာတော်ကြီးတွေရဲ့ မိန့်ကြားချက်အရ ဖယ်ရှား ရှင်းလင်း ခဲ့ပါတယ်။  ဒါ့အပြင် ရေအေးကွင်းဘက် ဘူတာရုံဟောင်းနဲ့ တောင်စောင်းတွေမှာ တဲအဟောင်းတွေ တွေ့ခဲ့ပါတယ်။ အဲဒါကတော့ လူမရှိပါဘူး။ တစ်ယောက်တော့ တွေ့ခဲ့ပါတယ်။ အဲဒါကတော့ မိန်းမနဲ့ စကားများ ပြီး လာနေတာလို့ သိရတယ်။ သူ့ကိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် အိမ်ပြန်ပို့လိုက်ပါတယ်ဟု တောင်ကြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အလားတူ ယခုနှစ်အတွင်းရှိ လွန်ခဲ့သည့်လပိုင်းအတွင်းကလည်း တောင်ကြီးမြို့၊ သစ်တောရပ်ကွက် အတွင်းရှိ တောင်စောင်းများတွင် တရားမဝင်လာရောက်နေထိုင်နေသည့် အနာကြီးရောဂါသည်များကို ဖယ်ရှား ရှင်းလင်း၍လွိုင်လင်မြို့နယ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်က တောင်ကြီးမြို့၊ ရွှေမုဌောဘုရားအတက်လမ်းရှိ တရားမဝင်ကျူးကျော် နေထိုင်သော မိုးကာတဲအတွင်း သံဃာ တစ်ပါးမှ အခြား သံဃာ ၂ ပါးကို တုတ်ဖြင့်ရိုက်သတ်မှု ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment