ပင်းတယရွှေဥမင်သဘာဝလိုဏ်ဂူဘုရား ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်၌ ဓနုအမျိုးသားဘောလုံးပြိုင်ပွဲ ထည့်သွင်းကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, March 15, 2019

ပင်းတယရွှေဥမင်သဘာဝလိုဏ်ဂူဘုရား ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်၌ ဓနုအမျိုးသားဘောလုံးပြိုင်ပွဲ ထည့်သွင်းကျင်းပမည်



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်းတယမြို့ မတ်လ ၁၆ ရက် မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်မည့် ရွှေဥမင်သဘာဝလိုဏ်ဂူဘုရား ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးတွင် ဓနု မြို့နယ် အမျိုးသား ဘောလုံးပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ယင်းဘောလုံးပြိုင်ပွဲများကို မတ်လ ၁၀ ရက်မှ ၂၀ ရက်အထိ ပင်းတယမြို့ရှိ မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
.

.
ဘောလုံးပြိုင်ပွဲတွင် ဓနု တိုင်းရင်းသားများ နေထိုင်ရာ မြို့နယ် ခုမှ မြို့နယ်အလိုက် ကိုယ်စားပြု ဘောလုံးအသင်းများ အဖြစ် ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ကလော၊ တောင်ကြီး၊ နောင်ချို၊ ရန်ကုန်၊ ကျောက်မဲမြို့နယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အုပ်စု(က)တွင် ပင်းတယ၊ တောင်ကြီး၊ နောင်ချို၊ ရန်ကုန်အသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ အုပ်စု ()တွင် ကလော၊ ကျောက်မဲ၊ ရပ်စောက်၊ ရွာငံမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရှိရသည်။
.
ယင်းဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မတ်လ ၁၀ ရက်၊ မွန်းလွဲ နာရီအချိန်က် တောင်ကြီး မြို့နယ် ကိုယ်စားပြု ဘောလုံးအသင်းနှင့် ပင်းတယမြို့နယ်ကိုယ်စားပြု ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နောက်ဆုံးဗိုလ်လုပွဲကို မတ်လ ၂၀ ရက် တပေါင်းလပြည့်နေ့ ညနေပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ ဘောလုံးအသင်းအား ငွေကျပ် သိန်း၊ ဒုတိယဆု ငွေကျပ် သိန်းနှင့် ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများကို ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment