မူဆယ် ဆင်ဖြူဂိတ်တွင် တရုတ်အလံ လာစိုက်ခြင်း မဟုတ်ဘဲ ပုံမှန်ကင်းလှည့်ခြင်းသာဖြစ် ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, March 14, 2019

မူဆယ် ဆင်ဖြူဂိတ်တွင် တရုတ်အလံ လာစိုက်ခြင်း မဟုတ်ဘဲ ပုံမှန်ကင်းလှည့်ခြင်းသာဖြစ် ဟုဆို



ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ တရုတ်-မြန်မာနယ်စပ်ရှိ ဆင်ဖြူဂိတ်တွင် တရုတ်နိုင်ငံလုံခြုံရေး တပ်ဖွဲ့ဝင် များမှ အလံလာစိုက်ကြောင်း သတင်းများ ထွက်ပေါ်လာမှုမှာ မှန်ကန်ခြင်းမရှိဘဲ တရုတ်ပိုင်နက် နယ်မြေအတွင်း ပုံမှန် ကင်းလှည့်ခြင်းသာဖြစ်ကြောင်း မူဆယ်မြို့ရှိ ဂရုဏာ လူမှုကူညီရေးအသင်းထံမှ သိရသည်။
.
.
လူမှုကွန်ရက်စာမျက်နှာတွင် တုတ်-မြန်မာ နယ်စပ် ဆင်ဖြူဂိတ်အနီး၌ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တရုတ်အလံ လာရောက်စိုက်ထူကြောင်း သတင်းများ ပျံ့နှံခဲ့ပြီးနောက် အဆိုပါသတင်းမှာ မှန်ကန်မှုမရှိဘဲ တရုတ်တပ်ဖွဲ့များမှ ပုံမှန် ကင်းလှည့်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း မူဆယ်ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဆင်ဖြူဂိတ်မှာ တရုတ်က အလံလာစိုက်သွားတယ်ဆိုတာ သတင်းကြားလို့ ကျွန်တော် အဲဒီကို တစ်ပတ် ပတ်ကြည့်တာ အလံစိုက်သွားတာလည်း မတွေ့ပါဘူး။ ပြဿနာတက်တာလည်း မရှိပါဘူး။ နှစ်နိုင်ငံ လူကြီး တွေက အဲဒီနေရာကို တိုင်းတာပြီးပါပြီ။ တိုင်းတဲ့အခါမှာ ရေမြောင်းတစ်ခြမ်းကို မြန်မာဘက်ကပိုင်တယ်၊ တခြမ်းကို တရုတ် ဘက်က ပိုင်တယ်လို့ သိထားတာပါ။ အခု တိုင်းတာကြည့်ပြီးတော့ ရေမြောင်းတစ်ခုလုံးကို သူတို့ပိုင်တယ်။ ဒါ့အပြင် ရေမြောင်းဒီဘက် ၁၀ ပေလောက်ကို သူတို့ပိုင်တယ်လို့ သတ်မှတ်လိုက်ပါတယ်။ အဲဒီတော့ သူတို့ပိုင်တဲ့ အခြမ်း ဘက်ကို နေ့စဉ် လာပြီး ကင်းလှည့်ပါတယ်။ ကင်းလှည့်တဲ့အခါမှာ တရုတ်အလံ ပါပါတယ်။ အဲဒါကို အလံစိုက်တယ် ဆိုပြီး သတင်းတက်လာတာပါဟု  ဦးသောင်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တရုတ်နှင့် မြန်မာနိုင်ငံအကြားတွင် ၂၀၁၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ဖြစ်ပေါ်ခဲ့ဖူးပြီး မြန်မာဘက်ခြမ်းတွင် ဈေး စည်ပင်ရုံး တည်ဆောက်မှုကြောင့် နှစ်ဘက် တင်းမာမှု ဖြစ်ပွားခဲ့ကာ နှစ်ဘက်အစိုးရများအကြား နယ်မြေတိုင်းတာ ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “ပြီးခဲ့တဲ့ ၂ လ လောက်က နှစ်နိုင်ငံ နယ်စပ်မျဉ်းကို တိုင်းခဲ့ပါတယ်။ တိုင်းတဲ့အခါမှာ ချောင်းရဲ့ ဒီဘက်ခြမ်းမှာ သူတို့ တရုတ်ဘက်ကမြေ နည်းနည်းပါပါတယ်။ မူဆယ်က ဆင်ဖြူဈေး ကော်မတီရုံး ဆောက်တဲ့အချိန်မှာ သူတို့ဘက်က ကန့်ကွက်မှုတွေ ရှိခဲ့တယ်။ အခုကိစ္စက အလံစိုက်တာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လတုန်းက နယ်နိမိတ် ပြန် တိုင်းတဲ့အခါမှာ နယ်ခြားမှတ်တိုင် ၆ တိုင် စိုက်ခဲ့ပါတယ်။ အဲဒါက တိုင်ပဲရှိတာပါ။ ကြားထဲမှာ ဘာမှ ကာထားတာ မရှိပါဘူး။ မြန်မာဘက်က ဆိုင်ကယ်စတန်းတွေက အဲဒီမှာ သွားပြီးတော့ ကျူးသလို ဖြစ်သွားတာပါ။ ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သံတမန်နည်းနဲ့ ဖြေရှင်းဖို့ စာပို့ထားပါတယ်” ဟု  ပြန်လည်ဖြေကြားခဲ့သည်။
.

No comments:

Post a Comment