ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရွှေ့ပြောင်းနေထိုင်သူ များလာကာ နောင်ချိုမြို့ပေါ်တွင် မြေဈေး မြင့်တက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, March 15, 2019

ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရွှေ့ပြောင်းနေထိုင်သူ များလာကာ နောင်ချိုမြို့ပေါ်တွင် မြေဈေး မြင့်တက်



နောင် (မြစ်မခ)
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင် ချိုမြို့နယ်အတွင်းရှိ ဒေသအချို့ တွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွား နေမှုကြောင့် ရွှေ့ပြောင်းနေထိုင်သူ များပြားလာကာ နောင်ချိုမြို့ပေါ်တွင် အိမ်ခြံမြေဈေး မြင့်တက်လာနေပြီး   အရောင်းအဝယ် သွက်နေကြောင်း ဒေသခံ အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရှိရသည်။
.
 .
တိုက်ပွဲဖြစ်ပွားနေသော ကျေး ရွာများမှ တိုက်ပွဲရှောင်များ အပြီးပိုင် ရွှေ့ပြောင်းလာပြီး အိမ်ခြံမြေ လာ ရောက်ဝယ်ယူ နေထိုင်သူ များပြား လာခြင်းကြောင့် ပေ ၄ဝထ၆ဝ မြေ ကွက်များ ဈေးတက်လာခြင်းဖြစ် ကြောင်း သိရသည်။
.
''အရင် ဒီဘူတာတစ်ဝိုက်မှာ ဆိုရင် ချုံတွေ၊ ယာတွေ၊ အကွက်လွတ် တွေ အများကြီးရှိတဲ့နေရာပါ။ အခု ကတော့ ပလောင်ရွာလိုဖြစ်သွားပါပြီ။ အခုဆို ဘူတာရပ်ကွက်တစ်ခုတောင်ဖြစ်နေပါပြီ။ တိုက်ပွဲဖြစ်တဲ့ ရွာတွေက လူတွေ လာနေကြတာပါ''ဟု နောင် ချိုမြို့မှ မြေအကျိုးတော်ဆောင် ကို နေသူရိန်က ပြောသည်။
.
တိုက်ပွဲဖြစ်ပွားသော ကျေးရွာ များမှ ပလောင်နှင့် မြောင်ဇီးတိုင်းရင်း သားအများစုမှာ မြို့ပေါ်သို့လာရောက် ပြောင်းရွှေ့နေထိုင်ကြပြီး လက်ရှိ တွင်လည်း နောင်ချိုမြို့မှာလည်း မြို့ ဧရိယာကျယ်ပြန့်လာကြောင်း သိရ သည်။
.
''တိုက်ပွဲတွေက ခဏခဏဖြစ် တယ်။ တောမှာနေရတာ မကောင်း တော့ဘူး။ သားသမီးတွေ ပညာရေး အတွက်ရယ်၊ နောက်ပြီးဘယ်အ ချိန်အိမ်ခေါင်မိုးပေါ် လက်နက်ကြီး ကျလာမလဲ စိုးရိမ်နေရတယ်။ ဒါ ကြောင့် မြေဈေးသင့်တဲ့ နောင်ချိုမှာ လာနေတာပါ''ဟု မန်လီကျေးရွာ ဘက်မှ လာရောက်နေထိုင်သူ ဦး ယောက ပြောသည်။
.
နောင်ချိုမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘူတာအနီးနှင့် ခဲလားရှိုးရွာစသော နေရာများတွင် ယခင်က ပေ ၄ဝ ထ ၆ဝ   မြေတစ်ကွက်လျှင် ကျပ် ၂၅ သိန်း ဝန်း ကျင်ဖြင့် ရောင်းချနေရာမှယခု ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စတင် ကာ တစ်ကွက်လျှင်ကျပ်သိန်း ၆ဝ မှ ကျပ်သိန်း ၂ဝဝ အထိဈေးမြင့်တက် လာကြောင်း သိရသည်။
.

No comments:

Post a Comment