ရှမ်းနီတိုင်းရင်းသားများ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများကို ဖော်ထုတ်နိုင်ရန် အတွက် ၄၉၂ နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ ပြုလုပ် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, March 16, 2019

ရှမ်းနီတိုင်းရင်းသားများ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများကို ဖော်ထုတ်နိုင်ရန် အတွက် ၄၉၂ နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ ပြုလုပ်



စိုင်းသိင်္ခသူ
.
ရှမ်းနီတိုင်းရင်းသားများ၏ ယဉ်ကျေးမှုစရိုက်လက္ခဏာများကို ဖော်ထုတ်နိုင်ရန်အတွက် ၄၉၂ နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ကို မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်၊ ဗုဒ္ဓတက္ကသိုလ်ခန်းမတွင် မတ်လ ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
.
 .
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ရှမ်းနီဆရာတော် သံဃာတော်များ၊ မန္တလေးတိုင်းဒေသကြီး တိုင်းရင်းသားရေးရာကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လူမူရေးအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ မန္တလေးအခြေစိုက် တိုင်းရင်းသားအဖွဲ့များ၊ စာရေးဆရာများ၊ ရှမ်းနီတိုင်းရင်းသားများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
.
ရှမ်းနီအမျိုးသားနေ့ သတ်မှတ်ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှမ်းနီလူငယ်အဖွဲ့ချုပ်မှ တွဲဖက်အတွင်းရေးမှူး ဆေကောင်းဖှကကျွန်တော်တို့ရှမ်းနီတွေ သမိုင်းအစဉ်အလာ ကြီးမားခဲ့တယ်ဆိုတာ အမှတ်ရအောင်ရယ်၊ ဒီနေ့လေးကို အကြောင်းပြုပြီး ကိုယ့်ရဲ့ ယဉ်ကျေးမှုစရိုက် လက္ခဏာတွေကို ဖော်ထုတ်နိုင်ဖို့ရယ်၊ ကိုယ့်အမျိုးသား တွေ စုစည်းတွေ့ဆုံနိုင်ဖို့ ရည်ရွယ်ပါတယ်။ဟု ပြောကြားသည်။
.
အဆိုပါ အခမ်းအနားတွင် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာမှ ရှမ်းနီယဉ်ကျေးမှုအဖွဲ့၊ ရှမ်းနီလူငယ်အဖွဲ့ချုပ်မှ လူငယ်များ၊ ရှမ်းပြည်နယ် ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းအဖွဲ့တို့မှ ဖျော်ဖြေရေးအစီအစဉ်များဖြင့်ပါဝင်တင်ဆက် ခဲ့ကြကြောင်း သိရသည်။
.
ဆွေမျိုးတွေရဲ့အမျိုးသားပွဲကို တက်ရောက်အားပေးပါဝင်ဖျော်ဖြေပေးခဲ့ပါတယ်ဟု ရှမ်းနီအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ကျွန်းတစ်ထောင်မြေဖောင်ဒေရှင်းမှ ဒေါ်နန်းဝါနုက ပြောသည်။
.
အဓိက က မှတ်ပုံတင်လူမျိုး အမှန် ရှမ်းနီနေရာမှာ ဗမာတို့ တခြားတို့ စာရင်းသွင်းခံထားရလို့ ရှမ်းနီလူမျိုးအမှန် ရေးသွင်းနိုင်ရေးလည်း လုပ်ဆောင်နေပါတယ်ဟု ရှမ်းနီ (တိုင်းလိုင်) ပါတီ SNP မှ ဦးစောဝင်းထွန်း က ပြောသည်။
.
သက္ကရာဇ် ၈၈၈ ခု (AD-1527) မိုးညှင်းစော်ဘွား စဝ်လုံ ဦးဆောင်သော ရှမ်းနီတိုင်းရင်းသားများ အင်းဝထီးနန်းကို ရယူ၍ မြန်မာနိုင်ငံအားစုစည်းနိုင်ခဲ့ပြီး မြန်မာ့သမိုင်းတွင် ရှမ်းခေတ်အဖြစ် သမိုင်းရေးထိုး နိုင်ခဲ့သောနေ့ကို ရှမ်းနီအမျိုးသားနေ့အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရှိသည်။
.
ရှမ်းနီ ခေါ် တိုင်းလိုင် လူမျိုးများသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ရိုး တစ်လျှောက်ရှိ မြို့ရွာများ၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့တွင် အများဆုံး နေထိုင်နေကြကာ ပြည်ပရောက် ရှမ်းနီတိုင်းရင်းသားများအပါအဝင် ခန့်မှန်းလူဦးရေ ၁၀ သိန်းကျော်ရှိနိုင်သည်ဟု သိရသည်။
.

No comments:

Post a Comment