မိုးနဲမြို့နယ်၊ နားခံကျောင်းအားကစားကွင်းအား တင်ဒါလုပ်ငန်း အသေးစိတ်တွက်ချက်မှုများအတိုင်း ကုမ္ပဏီမှ ပြန်လည်ဆောက်လုပ်ပေး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, March 15, 2019

မိုးနဲမြို့နယ်၊ နားခံကျောင်းအားကစားကွင်းအား တင်ဒါလုပ်ငန်း အသေးစိတ်တွက်ချက်မှုများအတိုင်း ကုမ္ပဏီမှ ပြန်လည်ဆောက်လုပ်ပေး



မင်းဇော်မင်း  
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်ခေးခရိုင်၊ မိုးနဲမြို့နယ်၊ နားခံကျေး ရွာ၊ အထက်တန်းကျောင်းခွဲအား ကစားကွင်းကို တာဝန်ယူဆောက် လုပ်နေသည့် ဟိန်းဈာန်ကုမ္ပဏီမှ တင်ဒါလုပ်ငန်းပါ အသေးစိတ်တွက် ချက်မှုများအတိုင်း ပြန်လည်လုပ် ဆောင်ပေးလျက်ရှိရာ လုပ်ငန်းအာလုံး၏ ၇ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
.
 .
အဆိုပါကျောင်းအားကစားကွင်း လုပ်ဆောင်ပေးမှု အခြေအနေအား လင်းခေးခရိုင် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများသည် ခရိုင် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အ လုပ်အမှုဆောင်များ၊ မိုးနဲမြို့နယ် စီမံခန့်ခွဲမှု ကော်မတီ တာဝန်ရှိသများနှင့်အတူ မတ်လ ၆ ရက်က သွား ရောက်ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
.
''ကွင်းကို တင်ဒါပါတဲ့အတိုင်း သာမက ဘေးရေနုတ်မြောင်းတွေကိပါ ဖောက်လုပ်ပေးခဲ့ပါတယ်။ ဂရင်ဒါ နဲ့ မြေကြိတ်ပြီးရင် ဂိုးတိုင်တွေ စိုက် နိုင်ပါပြီ။ မကြာခင်ပြီးပါတော့မယ်''ဟု အဆိုပါအားကစားကွင်းဆောက် လုပ်ရေးလုပ်ငန်း တင်ဒါအောင်မြင် ရရှိထားသူ ဟိန်းဈာန်ကုမ္ပဏီမှ မန်း နေဂျင်းဒါရိုက်တာ ဦးသက်နိုင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ အားကစားကွင်း ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ လင်းခေးခရိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဦးအောင် မြတ်စိုးက ''ခရိုင်အုပ်ချုပ်ရေးမှူးက လည်း ကျေနပ်မှု ရှိ/မရှိမေးပါတယ်။ အခုက မြေသားလည်း ၂ ပေရှိနေပြီး လုပ်ငန်းဆိုင်းဘုတ်လည်း ထောင် ထားတာကိုတွေ့ရတယ်။ အခုလို ကွင်းဆင်းစစ်ဆေးပေးတဲ့ ခရိုင်အုပ် ချုပ်ရေးမှူးနဲ့ အားကစားကွင်းကို ပြန် လည်ပြီး ပြုပြင်ပေးတဲ့ ကုမ္ပဏီကို ကျေးဇူးတင်ပါတယ်''ဟု ပြောသည်။
.
ယင်းအားကစားကွင်း တည် ဆောက်နေမှုနှင့် ပတ်သက်၍လုပ် ငန်းဆောင်ရွက်မှု ဆိုင်းဘုတ်ထောင် ထားမှု မရှိခြင်း၊ သတ်မှတ်အကျယ် အဝန်းအတိုင်း ဆောင်ရွက်ထားရှိမှု မရှိခြင်း၊ မြေသားသိပ်သည်းမှု ၁၂ လက်မအထူ ၂ လွှာ မြေဖို့ထားမှု မရှိဘဲ မြေသားများ ပွယောင်းနေခြင်း၊ ပြီးစီးမှုအား သက်ဆိုင်ရာသို့ အပ်နှံ မှုမရှိခြင်း စသည်တို့ကြောင့် ပြီးခဲ့ သည့် ဇန်နဝါရီလ ၂၁ ရက်တွင် လင်းခေးခရိုင် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှ ရှမ်းပြည်နယ်အစိုးရအ ဖွဲ့သို့ တိုင်ကြားစာပေးပို့ခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment