တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, March 16, 2019

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် တောမီးလောင်ကျွမ်းမှုဖြစ်ပွား

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၁၂) အတွင်း ယနေ့ မတ်လ ၁၆ ရက်၊ ညနေပိုင်းက တောမီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.
 
.
ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၁၂)၊ ဆက်သွယ်ရေးကုန်းအနီးအနီးတွင် ညနေ ၄ နာရီခန့်က တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မီးလောင်ရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် ၃ စီး သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးခန့်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့မှ ဝိုင်းဝိန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် မီးအားငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
.
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရှိရသေးဘဲ မီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန်နှင့် နေအိမ်အဆောက်အဦများ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
.

No comments:

Post a Comment