မိုးမိတ်တွင် ဆိုင်ကယ်စီး အမျိုးသား တစ်ဦးထံမှ သေနတ်နှင့် ကျည်များ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Monday, March 11, 2019

မိုးမိတ်တွင် ဆိုင်ကယ်စီး အမျိုးသား တစ်ဦးထံမှ သေနတ်နှင့် ကျည်များ ဖမ်းမိ


မေသူဇော်
.
ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့၊ မိုးကုတ်သွားလမ်းမိုင်တိုင်အမှတ်(၂၅/၃)၌ ဆိုင်ကယ် စီးလာသူ အမျိုးသားတစ်ဦးထံမှ မတ်လ ၁၀ ရက်၊ နံနက် ၁၁ နာရီခွဲတွင် သေနတ်တစ်လက်နှင့် ကျည်များ ဖမ်းဆိးရမိခဲ့ကြောင်း မိုးမိတ်မြို့မရဲစခန်းမှ သိရသည်။
.

အမှတ်(၂၄)မူးယစ်တပ်ဖွဲ့မှ မူးယစ်းဆေးဝါး သတင်းအရ ရှာဖွေ စစ်ဆေးစဉ် အေးဝင်းထွန်းဆိုသူ၏ လွယ်အိတ်အတွင်းမှ သေနတ်နှင့် ကျည်များကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အမှတ်(၂၄) မူးယစ်အထူးအဖွဲက သတင်းအရ မူးယစ်ဆေးဝါး ရှာဖွေစစ်ဆေးတာပါမိုးမိတ်က မိုးကုတ်ဖက်ကို ဆိုင်ကယ်စီးလာတဲ့ အေးဝင်းထွန်း စလွယ်သိုင်းပြီး လွယ်ထားတဲ့ အိပ်အနက်ရောင်ထဲက သေနတ်တစ်လက်နဲကျည် ၆ တောင်ကို တွေ့ရတာဖြစ်ပါတယ်။” ဟု မိုးမိတ်မို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။
.
အဆိုပါ ဖမ်းဆီးရမိသည့် သေနတ်မှာ WEBLEY အမျိုးအစား ဖြစ်ပီး သေနတ်နှင့်အတူ ကျည် ၆ တောင့် ပါဝင်ကြောင်းနှင့် ယင်းကဲ့သို့ လက်နက်နှင့် ခဲယမ်းများကို တရားမ၀င် လက်ဝယ်ထားရှိသူ အေးဝင်းထွ်း၊ အသက်(၅၅)နှစ်၊ အောင်လံမြို့နေသူအား လက်နက်ဥပဒေ အရ အမဖွင့် အရေးယူရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment