ကျိုင်းတုံတွင် ချဲ ရောင်းချသည့် အမျိုးသမီးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီး - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, March 15, 2019

ကျိုင်းတုံတွင် ချဲ ရောင်းချသည့် အမျိုးသမီးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီး


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းလပ်ကျေးရွာအုပ်စုဝမ်တုံကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးအား တရားမဝင်ချထီ ရောင်းချသည့်သက်သေခံ ချဲရောင်းပေစာများ၊ ချဲပေါက်စဉ်နှင့် ချရောင်းချရာမှ ရရှိသည်ဟုယူဆရသော ငွေနှင့်အတူ မတ်လ ၁၄ ရက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကောင်း သိရသည်။
.

ဝမ်တုံကျေးရွာတွင် နေထိုင်သည့် မနန်းသူဇာဝင်း၊ အသက် ၃၉ နှစ်သည် တရားမဝင် ချဲထီ လောင်းကစား ပုလုပ်နေကောင်း သတင်းအရ ကျိုင်းတုံမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၎င်း၏နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ မနန်းသူဇာဝင်းအား နေအိမ်တွင်တွေ့ရှိရပြီး ၎င်း၏ ခန္ဓာကိုယ်နှင့် နေအိမ် အိပ်ခန်းအတွင်းသို့ ရှာဖွေစဉ် ချဲထီ လောင်းကစားရာအသုံးပုသည့် ပေစာ ဖတ်ပိုင်း စာရွက်နှင့် စာအုပ်များ၊ သက်သေခံပစ္စည်းများနှင့် ချဲ ရောင်းချရာမှ ရရှိသည်ဟု ယူဆရသော  ငွေကျပ် ၁၃၈၅၀၀ တို့အား သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကာင်း သိရသည်။
.
"တစ်ဦးတစ်ယောက်ထဲကိုပဲ ဖမ်းမိတယ်ဆိုပေမယ့် ရဲတပ်ဖွဲ့ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်ဘောင်ထဲမှာ ရှိနေတော့ တရားမဝင်လုပ်ငန်းဆိုရင် ကင်းကင်းရှင်းရှင်းနေမှ ခုလိုအဖမ်းခံရတာမျိုးတွေ မကြုံရမှာ ဖစ်ပါတယ်"ဟု ယင်းကဲ့သို့ ချဲဖမ်းဆီးမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ပြောသည်။
.
အဆိုပါ တရားမ၀င် ချဲထီ လောင်းကစား ပုလုပ်ခဲ့သည့် မနန်းသူဇာဝင်းအား ကျိုင်းတုံမြို့မရဲစခန်းမှ (ပ)၂၂၇/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)ဖင့် အမှုဖွင့် အရေးယူထားကောင်း သိရသည်။

No comments:

Post a Comment