တောင်ကြီးမြို့ပေါ်ရှိ ဆိုင်များတွင် ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း မရှိသည့် စိုက်ပျိုးရေးသုံး ပစ္စည်းများ နှင့် စားဆီများအားစားသုံးသူရေးရာ မှ ထိန်းချုပ်သိမ်းဆည်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, March 8, 2019

တောင်ကြီးမြို့ပေါ်ရှိ ဆိုင်များတွင် ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း မရှိသည့် စိုက်ပျိုးရေးသုံး ပစ္စည်းများ နှင့် စားဆီများအားစားသုံးသူရေးရာ မှ ထိန်းချုပ်သိမ်းဆည်း


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ဥပဒေညွှန်ကြား ချက်များနှင့် မညီညွတ်သော စိုက်ပျိုးရေးသုံး ပစ္စည်းများ၊ စားသုံးဆီများကို ထိန်းချုပ်သိမ်း ဆည်းမှုများ ပြုလုပ်ခဲ့ကြောင်း တောင်ကြီးမြို့ရှိ ပြည်နယ်စားသုံးသူ ရေးရာ ဦးစီးဌာန မှ သိရှိရသည်။
.
.
''ပြည်နယ်အစိုးရက ကုမ္ပဏီ၂၅ ခုကို တွေ့ဆုံသတိပေးမှုတွေ ပြုလုပ် ခဲ့ပြီးနောက်မှာ စားသုံးသူအကျိုး စီးပွား ကာကွယ်ပေးနိုင်ဖို့ ဌာနအနေနဲ့ ဈေးကွက်အတွင်းမှာ ဥပဒေညွှန် ကြားချက်နဲ့မညီတဲ့ စိုက်ပျိုးရေးသုံး မြေသြဇာ၊ ပိုးသတ်ဆေးစတာတွေ၊ စားသုံးရန်မသင့်တဲ့ အစားအစာ တွေကို ရှောင်တခင်စစ်ဆေးမှုတွေ ပြု လုပ်ပြီး ထိန်းချုပ် သိမ်းဆည်းပါတယ်။ စားသုံးသူပြည်သူတွေ အသက်တွေ ကိုထိခိုက်စေမယ့်ကိစ္စတွေကို ဌာန အနေနဲ့ အစွမ်းကုန် ကာကွယ်နေပါ တယ်။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေမှာ ဓာတုဓာတ်ကြွင်း အများအပြားပါရှိနေတယ်လို့ နိုင်ငံ ခြားက စစ်ဆေးချက်တွေ ရရှိနေ တယ်လို့ သိရတယ်။ သက်တမ်းလွန် ပိုးသတ်ဆေးတွေကို အသုံးပြုတာ ကြောင့် ၁၅ ရက်လောက်နဲ့ ပြယ် ရမယ့် ဓာတုဓာတ်ကြွင်း တွေဟာ ရက်၂ဝ တစ်လလောက်မှ သန့်စင် မှာဖြစ်တဲ့အတွက် စားသုံးသူတွေမှာ အလွန်ကြီးမားတဲ့ အဆိပ်သင့်မှုတွေ ဖြစ်နိုင်တာဖြစ်လို့ ဝယ်သူရော ရောင်း သူပါ ရှောင်ရှားသင့်ပါတယ်။ဝယ် သူပြည်သူတွေအနေနဲ့ ကိုယ်အသုံး ပြုမယ့်၊ စားမယ့်အရာတွေကို သေချာ စိစစ်ပြီးမှ ဝယ်စေချင်ပါတယ်။ ရောင်း ချသူများဘက်ကလည်း ဥပဒေနဲ့ အ ညီ စိတ်စေတနာအပြည့်နဲ့ ရောင်းချ စေချင်ပါတယ်''ဟု တောင်ကြီးမြို့၊ စားသုံးသူရေးရာဦးစီးဌာန မှ လက် ထောက်ညွှန်ကြားရေးမှူး ဦးမင်း အောင်က ပြောသည်။
.
တောင်ကြီးမြို့၊ ပြည်နယ်ထုတ် ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်း ကော်မတီနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့သည် ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရှောင်တခင် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ အောင်ပန်း မြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက်က မျိုးစေ့ထုပ် ၁၆ ထုပ်၊ တောင်ကြီး မြို့တွင် ဖေဖော်ဝါရီလ ၁၇ ရက် က မြေသြဇာ ၁ဝ၃ အိတ်၊ ပိုးသတ် ဆေးမျိုးစုံ ၃၇ ဘူး၊ မျိုးစေ့ ၉ ထုပ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်က မြေသြ ဇာ ၈၂ အိတ်၊ ပိုးသတ်ဆေးမျိုးစုံ ၁၅၂ ထုပ်နှင့် ၉၆ ဘူး၊ မျိုးစေ့ထုပ် ၁၂၁ ထုပ်၊ ဖေဖော်ဝါရီလ ၂၆ ရက် က မြေသြဇာ ၄၁ အိတ်တို့အား သိမ်းဆည်းခဲ့ပြီး ကျောင်းကြီးစုရပ် ကွက်ရှိ စားသုံးဆီလုပ်ငန်းအား စစ် ဆေးရာတွင်  ရန်ကုန်မှတင်ပို့လာသည့် ၁ဝ ပိဿာဝင်စားဆီပုံး ၇ဝဝ၊ ပိ ဿာ ၅ဝ ဝင်ပီပါ ၁၁ဝ နှင့် မျိုးစေ့ ဆိုင်များမှရောင်းချရန် လိုင်စင်မရှိ သည့် အစေ့ထုတ်ပြောင်း မျိုးစေ့ ၂ မျိုး တန်ဖိုးကျပ် သိန်း ၃ဝဝ ခန့်ကို ထိန်း ချုပ်သိမ်းဆည်းခဲ့ကြောင်းသိရသည်။
.
တံဆိပ်များနှင့် ရက်စွဲများကို အပေါ်မှထပ်ခါ(ထပ်ခါ)ကပ်၍ ကပ် ခွာအသုံးပြုကာ ပြည်သူသို့လိမ်ညာ ရောင်းချနေမှုများ၊ ခွင့်ပြုမထားသည့် ပြည်ပတံဆိပ်များ၊ အရည်အသွေး စစ်ဆေးချက်၊ အာမခံချက်မပါရှိသည့် ပစ္စည်းများ၊ လုပ်ငန်းလိုင်စင်မရှိဘဲ ရောင်းချနေမှုများ၊ တင်သွင်းခွင့်လိုင် စင်ပါရှိသော်လည်း ထုပ်လုပ်၊ ကုန် ဆုံး ရက်စွဲမပါရှိမှုများ၊ သက်တမ်း လွန်များ၊ မြန်မာဘာသာဖြင့် ပြည့် စုံစွာဖော်ပြမှု မရှိခြင်းများ၊ ထုပ်ပိုး ခွံနှင့် အတွင်းပစ္စည်း မတူညီမှုများ ကြောင့် အဆိုပါ ပစ္စည်းများအားထိန်း ချုပ်သိမ်းဆည်းရခြင်းဖြစ်ပြီး  သိမ်း ဆည်းပစ္စည်းများနှင့် စစ်ဆေးတွေ့ ရှိချက်များကို ပြည်နယ်စားသုံးသူအ ငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့တင်ပြ ကာ ဆုံးဖြတ် လမ်းညွှန်ချက်များ အတိုင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ဦးမင်းအောင်က ဆိုသည်။
.
''သက်တမ်းလွန်ပိုးသတ်ဆေး တွေကြောင့် ပိုးတွေဆေးယဉ်ပါးမှု ဖြစ် ပြီး ဆေးပမာဏပိုမိုသုံးစွဲလာမှုတွေ က အပင်တွေမှာ ဓာတ်ကြွင်းများပြား လာစေမှာဖြစ်သလို အဆိပ်သင့်မှု လည်း ပိုမိုအန္တရာယ်ကြီးမား လာစေ မှာ ဖြစ်ပါတယ်''ဟု တောင်ကြီးမြို့ ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းလဲ့က ပြောသည်။
.

No comments:

Post a Comment