ရုရှားကော်ဖီပညာရှင်များနှင့် ကော်ဖီစိုက်တောင်သူများ ဟိုပုံးတွင် တွေ့ဆုံ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Friday, March 15, 2019

ရုရှားကော်ဖီပညာရှင်များနှင့် ကော်ဖီစိုက်တောင်သူများ ဟိုပုံးတွင် တွေ့ဆုံ



ထက်ထက် (ဟိုပုံး)
.
ရုရှားနိုင်ငံ၊ Kafema Coffee Company (Russia) ကုမ္ပဏီမှ ကော်ဖီပညာရှင်များသည် မတ်လ ၇ ရက်၊ နံနက်ပိုင်းက ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ရှိ ဒေသဦး စီးခန်းမတွင် မြန်မာနိုင်ငံကော်ဖီအသင်း (MCA)၊ ဟိုပုံးကော်ဖီအစုအဖွဲ့ တာဝန်ရှိသူများ၊ ကော်ဖီစိုက်တောင် သူများနှင့် တွေ့ဆုံ၍ အတွေ့အကြုံ များကို နှီးနှောဖလှယ်ခဲ့ကြကြောင်း သိရသည်။
.

.
ဆိုပါ အတွေ့အကြုံ နှီးနှောဖလှယ်ပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်မှ အမှာစကားပြောကြားခဲ့ပြီး Kafema Coffee Company (Russia)မှ ကော်ဖီပညာရှင်များဖြစ်သည့် Eugene Schukin နှင့် Ekaterina Koper တို့ကအထူးတန်းကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ပြောင်းလဲ လုပ်ဆောင် နေသည့် အတွေ့အ ကြုံများကို Peojector ဖြင့် ရှင်းလင်း ပြီးနောက် မြန်မာနိုင်ငံကော်ဖီအသင်း (MCA) အတွင်းရေးမှူး ဦးကျော်လှိုင်ကအသင်း၏ ဆောင်ရွက် နေမှုများနှင့် ကော်ဖီနှင့်ပတ်သက်၍ သင်တန်းများ ဖွင့်လှစ်ပေးမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
.
ထို့နောက် ကော်ဖီစိုက်တောင် သူများက ဒေသတွင် ကြုံတွေ့နေရသည့် အခြေအနေ၊ ပိုးကျရောက်မှုကို ဖြေရှင်းနည်း၊ ကော်ဖီမျိုးစိတ် အရေအတွက်နှင့် ဒေသတွင် စိုက် ပျိုးရန် သင့်တော်မည့် ကော်ဖီမျိုး တို့ကို မေးမြန်းရာ Kafema Coffee Company (Russia) မှ ကော်ဖီ ပညာရှင် Eugene Schukin နှင့် Ekaterina Koper နှင့် မြန်မာနိုင်ငံ ကော်ဖီအသင်း (MCA) အတွင်း ရေးမှူးဦးကျော်လှိုင်တို့က ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိ ရသည်။
.
ဆွေးနွေးပွဲအပြီးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရုရှားပညာရှင်များ၊ မြန်မာနိုင်ငံ ကော်ဖီအသင်းမှ တာဝန်ရှိသူများ၊ ဟိုပုံးကော်ဖီအစု အဖွဲ့မှ အဖွဲ့ဝင်များ၊ ကော်ဖီစိုက် တောင်သူများနှင့် တက်ရောက်လာ သူများသည် ရုရှားနိုင်ငံမှုေ်နာေ ဃသ်နန၊ ထိုင်းနိုင်ငံမှ ချင်းမိုင်ကော်ဖီ ၂ မျိုးနှင့် မြန်မာနိုင်ငံ၊ ဟိုပုံးဒေသ ထွက်ကော်ဖီများ ဖြစ်သည့် နောင်ခမ်း ကော်ဖီ၊ ဗန်းစောက်ရွာမှ ထွက်ရှိ သည့် ကော်ဖီနှင့် မိုင်းနွဲ့ရွာမှ ထွက်ရှိ သည့် ကော်ဖီတို့ကိုယှဉ်တွဲမြည်းစမ်းခဲ့ကြကြောင်း သိရသည်။
.

No comments:

Post a Comment