ပင်းတယမြို့နယ်မှ နှစ်ပေါင်း ၁၂ဝ ခန့် သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းအား ပြန်လည်ပြုပြင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, March 14, 2019

ပင်းတယမြို့နယ်မှ နှစ်ပေါင်း ၁၂ဝ ခန့် သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းအား ပြန်လည်ပြုပြင်



စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပင်ပျော်ကျေးရွာအုပ်စု၊ လေထိုးကုန်း ကျေးရွာရှိ အင်းဝန်း ရှေးဟောင်းဘုန်းတော်ကြီးအား ရှေး မူမပျက် ပြန်လည်ပြုပြင်တည်ဆောက် လျက်ရှိရာ အဆိုပါ ဘုန်းတော်ကြီးကျောင်း ပြုပြင်ရန်အတွက် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့မှ မတ်လ ၇ ရက်တွင် အလှူငွေ များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
.
 .
ကျောင်းဆောင်ပြုပြင်ဆောက် လုပ်နေမှုများကို ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက မတ်လ ၇ ရက်၊ နံ နက်ပိုင်းတွင် လာရောက်ကြည့်ရှုစစ် ဆေးခဲ့ပြီး အလှူငွေကျပ် ၅ သိန်းကို ပေးအပ်ရာ ကျောင်းပြုပြင်ဆောက် လုပ်ရေး ကော်မတီဥက္ကဌ ဦးကျော် ထွေးမှ လက်ခံရယူခဲ့သည်။
.
''ဒီကျောင်းတော်ကြီးဟာ ရှေး ဟောင်း သမိုင်းဝင် သစ်သားကျောင်းတော်ကြီးဖြစ်ပြီး မိုးဒဏ်၊ လေဒဏ်ကြောင့် သစ်သားနဲ့ ပြုလုပ်ထားတဲ့ အမိုးအကာ အခင်းတွေ ဆွေးမြေ့ ပျက်စီး ယိုယွင်းလာတာကြောင့် ရှေး မူမပျက်စေဘဲ ပြန်လည်ပြုပြင်ထိန်း သိမ်းပေးရခြင်းဖြစ်တယ်။ ဒီကျောင်း တော်ပြုပြင်ဖို့ အခုချိန်ထိ လက်ခံ ရရှိတဲ့ အလှူငွေ စုစုပေါင်းဟာ ၁၁ဝ၅၉ဝဝဝ ကျပ်ဖြစ်ပြီး လက်ကျန် ငွေ ကျပ် ၄ သိန်းကျော် လောက်ပဲ ကျန်ရှိပါတော့တယ်။ ကျောင်းတော် ကြီး ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ ခန့် မှန်းကုန်ကျငွေကတော့ ကျပ်သိန်း ၅ဝဝ လောက်ရှိပါတယ်။ ဒါကြောင့် ကျောင်းတော်ကြီး ပြီးမြောက်အောင် ဆောက်လုပ်လှူဒါန်းဖို့အတွက် အလှူ ငွေများ ထပ်မံလိုအပ်လျက်ရှိပါတယ်'' ဟု ဦးကျော်ထွေးက ပြောသည်။
.
အဆိုပါ အင်းဝန်းဘုန်းတော်ကြီး ကျောင်းသည် ရှေးနှစ်ပေါင်း ၁၂ဝ ခန့်က ဆောက်လုပ်ထားသည့် အ လျား ၉၅ ပေ၊ အနံ ၇၅ ပေ၊ အမြင့် ၄၈ ပေရှိသည့် သစ်သား ကျောင်း တော်ကြီးဖြစ်ပြီး နှစ်သက်တမ်း ကြာ မြင့်လာပြီဖြစ်၍ ရာသီဥတုဒဏ် ကြောင့် ပျက်စီး ယိုယွင်းမှုများ ဖြစ် ပေါ်လျက်ရှိသောကြောင့် ကျောင်းပြု ပြင် တည်ဆောက်လုပ်ရေး ကော်မ တီဥက္ကဌ ဦးကျော်ထွေးနှင့် ရပ်နီး/ ရပ်ဝေး အလှူရှင်များမှ အလှူငွေ များ ထည့်ဝင်လှူဒါန်းကာ ရှေးမူမ ပျက် ပြန်လည်ပြုပြင် တည်ဆောက် ခြင်းလုပ်ငန်းကို ၂ဝ၁၈ ခုနှစ် ဒီဇင် ဘာလ ၆ ရက်မှ စတင်ကာအကောင် အထည်ဖော် ဆောင်ရွက်နေကြောင်း သိရှိရသည်။
.

No comments:

Post a Comment