တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, March 7, 2019

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၁၉ ခုနှစ်၊ မတ်လ ၇ ရက်မှ ၁၃ ရက် အထိ
.

တနင်္ဂနွေ
.
နေအိမ်ပြုပြင်မည်။ အသစ်ဆောက်လုပ်ရမည်။ ငွေကြေးကိစ္စများ အပိုဝင်လာတော့မည်။ ရွှေဝင်လာမည်။ သတိပြုရမည့် အချက်မှာ ဖုန်းပျောက်တတ်သည်။ ငွေများလည်း အထားမှားတတ်သည်။ ပြောဆိုဖူးသော ကိစ္စများ အကောင်အထည်ပေါ်လာတော့မည်။ အိမ်ခြံမြေကိစ္စများ ဆောင်ရွက်လုပ်ကိုင်ရမည်။ အိမ်သန့်ရှင်း ရေးပြုလုပ်ရမည်။ ကျောက်ပြာအဝင်မခံသင့်ပါ။ ကုန်သည်များ လှောင်ကုန်လက်ထဲမိနေမည်။ ဝန်ထမ်းများမှာ အပိုအလုပ်များနှင့် ပိနေလိမ့်မည်။ ကြီးသူဖိအားပေးခံရမည်။ အဝတ်အစားမေ့ကျန်တတ်သည်။ ပွဲစားများမှာ အိမ်အရောင်းတည့်မည်။ ငယ်သူများ အချစ်ရေးယာယီလမ်းခွဲရလိမ့်မည်။ စကားပြောရာ၌ အဆင်မပြေဖြစ်ပါ မည်။ ကျန်းမာရေးတွင် အစာအိမ်ရောင်တတ်သည်။ ကံကောင်းစေသော ဂဏန်းမှာ (၃/၄/၈)ဖြစ်သည်။
ယတြာ။ စေတီမှာ တံခွန် ၁ လှူပါ။
.

တနင်္လာ
.
ကား၊ စက်ပစ္စည်းအတွက် အပူတွေ့မည်။ ကွဲကွာနေသော မိတ်ဟောင်းပြန်ဆုံမည်။ စက်ပစ္စည်းအထူးဝင် မည်။ မော်တော်ကား၊ ဆိုင်ကယ်လည်း ဝင်တတ်ပါသည်။ ရုပ်ရှင်ကြည့်ရမည်။ မီးဖိုသုံးပစ္စည်းဝင်မည်။ စီးပွား ရေးကောင်းမွန်လာမည်။ ကာလရှည်ကြာနေသော အြေ<ွကးများ ပြန်လည်ရလာတော့မည်။ အတိုက်အခံနည်း နည်းတွေ့မည်။ ကုန်သည်များ ပစ္စည်းအရည်အသွေး ညံ့တာဝင်လာတတ်သည်၊ သတိပြုပါ။ ဝန်ထမ်းများ အ လုပ်အဆင်ပြေမည်။ ငယ်သူများ အချစ်ရေးတွင် သဘောထားကွဲမည်။ အယူအဆမတူညီတတ်ပါ။ ကျန်းမာ ရေးတွင် သွားနာမည်။ သွားကြောင့် စိတ်ညစ်ရမည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၄/၉)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ဆန်လှူပါ။
.

အင်္ဂါ
.
သွေးထွက်သံယိုနည်းနည်း ကြုံမည်။ ငွေအခိုးခံရလိမ့်မည်။ အဝေးမှ အစားအသောက်လက်ဆောင်ရ လိမ့်မည်။ စီးပွားရေးလုပ်ငန်း အသစ်ထူထောင်မည်၊ တိုးချဲ့ရမည်။ ထူးခြားသော သတင်းစကားကြားသိရမည်။ အဝတ်အစား ဆန်းဆန်းဝင်မည်။ ကွဲကွာနေသော မိတ်ဆွေကောင်းဆုံခြင်း ကြုံတွေ့လိမ့်မည်။ ကုန်သည်များ အရောင်းအဝယ် ဖောက်သည်တိုးတက်လာမည်။ ထင်ရှားသောသူများနှင့် တွေ့ရလိမ့်မည်။ ဝန်ထမ်းများ အ လုပ်မှားတတ်သည် အပြောမှားတတ်သည်၊ သတိပြုပါ။ ငယ်ရွယ်သူများ အချစ်ရေးကြောင့် စိတ်မငြိမ်ပါ။ ချစ် သူတွေ့တော့မည်။ အချို့မှာ အချစ်မရေမရာဖြစ်နေမည်။  ကျန်းမာရေးကိစ္စများတွင် မူးဝေတတ်သည်။ ခေါင်း ကိုက်လိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၅/၈)ဖြစ်သည်။
ယတြာ။ ဘုရားတွင် နွားနို့လှူပါ။
.

ဗုဒ္ဓဟူး
.
ရန်ကိုအနိုင်ရမည်။ မနာလိုသူများ အိမ်အနီးအနားတွင် ရှိသည်။ သို့သော် ရန်ကိုနိုင်ခြင်းများလာတော့မည်။ ကားမောင်းသင်ရမည်။ ကားပြင်ရမည်။ ကားဝယ်ရမည်။ စိန်ဝင်လာမည်။ လှပသော ပစ္စည်းဝင်မည်။ အလှ ပြင်ဆိုင်သွားရမည်။ သူငယ်ချင်း သစ်တိုးမည်။ အိမ်ကိုဆေးသုတ်ရလိမ့်မည်။ ကုန်သည်များ လှောင်ကုန်ဈေး ကောင်းရမည်။ အရောင်းအဝယ်သမားများ အရောင်းသွက်လာမည်။ ဝန်ထမ်းများမှာ ခရီးယာယီသွားခြင်း၊ သင်တန်းတက်ခြင်း၊ နေရာပြောင်းခြင်းကြုံမည်။ ထူးခြားသော ပစ္စည်းဝင်လာမည်။ ငယ်သူများမှာ အချစ်ရေး အသည်းကွဲရတတ်သည်။ ကျန်းမာရေးကိစ္စများတွင် ဆီးများတတ်သည်။ ဆီးပိုးဝင်တတ်သည်။ ကံကောင်းစေ သောဂဏန်းမှာ(ဝ/၂/၇)ဖြစ်သည်။
ယတြာ။ စေတီတွင် ကောက်ညှင်းပေါင်းလှူပါ။
.

ကြာသပတေး
.
ကြီးမားကောင်းမွန်သော အကြံအစည်ဖြစ်ပေါ်လိမ့်မည်။ စေတနာကောင်းထားသော စေတနာအကျိုး ပြန်ခံစားရလိမ့်မည်။ နာမည်ဂုဏ်သတင်းကျော်စောမည်။ အဝေးမှ မိတ်ဆွေအိမ်ရောက်လာမည်။ ရှင်းလင်း စရာကိစ္စများ ပြီးပြတ်သွားရလိမ့်မည်။ ကြီးမားသော စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာ လိမ့်မည်။ ကုန်သည်များ ငွေကြေးအနည်းငယ်လည်ပတ်ရာတွင် ခက်ခဲနေလိမ့်မည်။ ငွေမြှုပ်နေတတ်ပါသည်။ ဝန်ထမ်းများ စိတ်ပျော်ရွှင်ကြလိမ့်မည်။ ပွဲစားများ မြေအရောင်းအဝယ်တည့်မည်။ ငယ်သူများ အချစ်ရေးတွင် ချစ်သူကြောင့် အခြားသူများနှင့် ခိုက်ရန်ဖြစ်မည်။ စကားများမည်။ ကျန်းမာရေးတွင် အပူနာ၊ အပူဖုပေါက်ခြင်း၊ သွေးစုနာ စသည်တို့ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၁/၄/၉)ဖြစ်သည်။
ယတြာ။ ဘုရားမှာ ဇွန်ပန်းလှူပါ။
.

သောကြာ
.
အရေးကြီးသောပစ္စည်း၊ အရေးကြီးသော စာရွက် စသည်ပျောက်ဆုံးတတ်သည် သတိပြုပါ။ ဖုန်းအသစ် လဲလှယ်ဝင်ရောက်မည်။ ဆိုင်ကယ်လည်း ဖြစ်နိုင်ပါသည်။ စီးပွားရေးလုပ်ငန်း အနည်းငယ် ပိုမိုအဆင်ပြေလာ မည်။ မိဘကျန်းမာရေး ပြန်ကောင်းမွန်လာမည်။ တောင်အရပ်သို့ ညအိပ်ညနေ ခရီးမထွက်သင့်ပါ။ ကုန်သည် များမှာ ကုန်ပစ္စည်းကိစ္စဖြေရှင်းရမည်။ စကားများရလိမ့်မည်။ ဝန်ထမ်းများမှာ အပိုဝင်ငွေ၊ အကျိုးခံစားခွင့် စ သည်တိုးလာမည်။ ပွဲစားများမှာ မြေပေါင်နှံခြင်းကိစ္စ လိုက်ပါဆောင်ရွက်အဆင်ပြေမည်။ ငယ်သူများမှာ အချစ် ရေးကိစ္စတွင် ချစ်သူစွန့်ခွာခြင်း၊ သစ္စာဖောက်ခြင်းခံရမည်။ ကျန်းမာရေးကိစ္စတွင် နှလုံးတုန်ခြင်း၊ မောပန်းခြင်း ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၇/၈)ဖြစ်သည်။
ယတြာ။ စေတီမှာ တံခွန်လှူပါ။
.

စနေ
.
ကားမောင်းသင်ရမည်။ ကားအနည်းငယ်လည်း ပွတ်မိတတ်ပါသည်။ အကြံအစည်များနေသော်လည်း သိပ်မအောင်မြင်ဘဲ အချိန်ကုန်နေမည်။ ငွေကြေးအထွက်များပြီး အဝင်နည်းနေသော ကာလဖြစ်သဖြင့် စိတ် ညစ်စရာများလိမ့်မည်။ နေအိမ်အတွင်းရှိ ပစ္စည်းအချို့ပြန်လည်ထွက်ခွာသွားလိမ့်မည်။ ထင်ရှားသော စေတီ၊ ဘုရား ဖူးမြော်ရမည်။ ကုန်သည်များမှာ အရောင်းအဝယ်တွင် ငွေစာရင်းမှားယွင်းနစ်နာလိမ့်မည်။ ဝန်ထမ်း များမှာ အောက်လူများကြောင့် စိတ်ရှုပ်ထွေးနေလိမ့်မည်။ ပွဲစားများမှာ အိမ်နှင့် မြေအရောင်းတည့်ခါနီးမှ အ ဖျက်ဝင်နေလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် အေးစက်နေလိမ့်မည်။ အဆက်အသွယ်ပြတ်နေမည်။ ကံ ကောင်းစေသော ဂဏန်းမှာ (၂/၃/၆)ဖြစ်ပါသည်။
ယတြာ။ သံဃာတော်ကို ဖိနပ်လှူပါ။
.

No comments:

Post a Comment