ဆီဆိုင်တွင် ပြုလုပ်လျက်ရှိသော ပအိုဝ်းအမျိုးသားနေ့ ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၁၈ဝ ပါဝင် ယှဉ်ပြိုင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, March 7, 2019

ဆီဆိုင်တွင် ပြုလုပ်လျက်ရှိသော ပအိုဝ်းအမျိုးသားနေ့ ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၁၈ဝ ပါဝင် ယှဉ်ပြိုင်


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျင်းပပြုလုပ်လျက်ရှိသော ပအိုဝ်းအမျိုးသားနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် အသင်းပေါင်း ၁၈ဝ ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ယခင် နှစ်များထက် ပြိုင်ပွဲဝင်အသင်း ပိုမိုများပြားလာကြောင်း သိရသည်။
.
.
''ပြိုင်ပွဲ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လူငယ်တွေအားကစားကို ပိုမိုစိတ်ဝင်စားလာပြီးတော့ မူးယစ်ဆေးဝါး သုံးစွဲမှုလျော့ကျစေဖို့ အတွက်ရယ်၊ တစ်ရွာနဲ့တစ်ရွာ ချစ် ကြည်ရင်းနှီးပြီး စည်းလုံးမှုပိုမိုရရှိ လာစေဖို့အတွက် ကျင်းပပြုလုပ်ဖြစ် တာပါ။ ပြီးခဲ့နှစ်က အသက် ၅ဝ အ ထက်မပါဘူး။ ဒီနှစ်က အသက် ၅ဝ နဲ့ အထက်လည်းပါတယ်။ ဒါကြောင့် ပြိုင်ပွဲဝင်အသင်းပိုများလာတာပါ''ဟု ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ ဦးဘိက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
ဘောလုံးပွဲ ဖြစ်မြောက်ရန်အတွက် နိုင်ငံတော်မှကူညီပံ့ပိုးပေးခြင်း မရှိဘဲ အလှူရှင်များနှင့် ကိုယ့်အား ကိုယ်ကိုး ပြုလုပ်ရခြင်းဖြစ်ပြီး နိုင်ငံ တော်မှ ကူညီပံ့ပိုးပေးရန်တွက် မျှော် လင့်ကြောင်း ၎င်းကဆက်လက်ပြော ကြားခဲ့သည်။
.
''ဒီလိုဘောလုံးပွဲရှိတော့ တစ် ရွာနဲ့တစ်ရွာ သိကြရတယ်။ ခင်ကြရ ပါတယ်''ဟု ဆီဆိုင်မြို့နေ ဒေသခံ ပြည်သူတစ်ဦးကပြောသည်။
.
အဆိုပါ ပအိုဝ်းအမျိုးသားနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ဖေ ဖော်ဝါရီလ ၁၈ ရက်မှစတင်ကျင်း ပလျက်ရှိပြီး မတ်လ ၂ဝ ရက်တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပပြု လုပ်သွားမည်ဖြစ်သည်။
.

No comments:

Post a Comment