ရဲရင့်ဇွဲ
.
Telenor Broadband အင်တာနက်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ရှမ်းပြည်နယ်
စားသုံးသူရေးရာဦးစီး ဌာန၊ စားသုံးသူ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ (Consumer
Information and Complainet Center-CICC) သို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိုင်ကြားမှု
၂၅ ကြိမ် ရှိခဲ့ကြောင်း သိရသည်။
.
“Telenor Broadband နဲ့ ပတ်သက်လို့ရှမ်းပြည်နယ်အတွင်းမှာ ၂၀၁၉ ခုနှစ်၊
ဇန်နဝါရီလ ၁ ရက်ကနေ ၂၂ ရက်အတွင်း တိုင်ကြားလာတာကတော့ ၂၅ ဦးရှိပါပြီ။ ရှမ်းပြည်နယ်တောင်ပိုင်းဒေသက
အများဆုံး တိုင်ကြားထား ကြတာပါ။ တိုင်ကြားကြတဲ့ အကြောင်းအရင်းကတော့ ဝန်ဆောင်မှုကို အကန့်အသတ်မဲ့
ပေးမယ်လို့ ကြော်ငြာပြီး ရောင်းချခဲ့ပေမဲ့ နောက်ပိုင်းမှာ အကန့်အသတ် လုပ်လိုက်တယ်။
သူတို့ စတင်ကြော်ငြာတဲ့အတိုင်း မဟုတ်လို့ တိုင်ကြားကြတာပါ”ဟု ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
Telenor Broadband ကို မိသားစုအဝသုံး Unlimited အဖြစ် ၇၅၀၀၀ ကျပ်ဖြင့်
စတင်ရောင်းချခဲ့ပြီး မကြာမီကာလတွင် တစ်ရက်လျှင် 10 GB သို့လျော့ချခဲ့ကာ စက်တန်ဖိုးကို
၇၅,၀၀၀ ကျပ်မှ ၉၀,၀၀၀ ကျပ်သို့ တိုးမြှင့်ခဲ့ခြင်းကြောင့် သုံးစွဲသူများက စားသုံးသူကာကွယ်ရေး
ဥပဒေအရ တိုင်ကြားကြခြင်းဖြစ်ကြောင်းနှင့် လက်ရှိ အချိန်တွင် သုံးစွဲသူ User Drive ၅
ခု ထက်ပိုမို ချိတ်ဆက်ခွင့်မပြုဘဲ တစ်ရက်လျှင် 3.7 GB နှုန်းဖြင့် တစ်လလျှင် 111 GB
သာ သုံးစွဲခွင့်ပြုတော့သဖြင့် တိုင်ကြားလာကြခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ Telenor Myanmar မှ တာဝန်ရှိသူများ၊
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ဇန်နဝါရီလ
၂၁ ရက်ကတွ့ဆုံညှိနှိုင်းခဲ့ကြပြီး Telenor Myanmar မှ မူလဝယ်ယူထားသည့် သုံးစွဲသူပြည်သူများအနေဖြင့်
မူလဝယ်ယူထားသည့် ဝန်ဆောင်မှုအတိုင်း သက်တမ်းအတွင်း
ဆက်လက်အသုံးပြုနိုင်ရန်၊ သက်တမ်းတိုးပါက မျှတသုံးစွဲသည့်မူဝါဒ (111 GB Per Month) ဖြင့်သာ
ဆက်လက်သုံးစွဲရန်နှင့် မျှတသုံးစွဲသည့်မူဝါဒဝန်ဆောင်မှုကို ဆက်လက် အသုံးမပြုလိုသူများ
အနေဖြင့် ဧပြီလ ၁၅ ရက်မတိုင်မီ ချို့ယွင်းပျက်စီးမှုမရှိသော စက်များကို ပြန်အပ်စေ၍ ငွေကျပ်
၁၅၀၀ ထုတ်ပေးသွားသွားရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။
.
No comments:
Post a Comment