စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ တောင်တန်း-ပြည်မပေါင်းစည်းရေးကျောက်တိုင်
ကွင်းတွင် Kodomo Myanmar နှင့် ငွေကျောက်တိုင် (Baby World) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံကလေးများနေ့
အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၃ ရက် အထိ ၃ ရက်တိုင်တိုင်
ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
“ငွေကျောက်တိုင် (Baby World) ဆိုင်ကနေ ကြီးမှူးကျင်းပတာပါ။ ၇၂
ကြိမ်မြောက် ပြည်ထောင်စုနေ့နဲ့ မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် လုပ်တာပါ။ ကျွန်တော်တို့
Earth Trading Co.,Ltd ကနေ တင်သွင်း ဖြန့်ဖြူးရောင်းချနေတဲ့ Kodomo Baby Care
Products အနေနဲ့ကတော့ ကူညီ ပါဝင်ပံ့ပိုးပေးတာပါ။ အားကစားပြိုင်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ
ကျင်းပသွားမှာပါ။ လွတ်လပ်ရေးနေ့ ပုံစံမျိုးပါပဲ။ ဂိမ်း တွေလည်း စီစဉ်ပေးထားမှာပါ” ဟု ပွဲစီစဉ်ကျင်းပသူတစ်ဦးက ကမ္ဘောဇတိုင်းသို့
ပြောသည်။
အဆိုပါ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် မွေးကင်းစမှ
အသက် ၁၃ နှစ်အရွယ်အထိ ကလေးသူငယ် များအတွက် အပြေးပြိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲ မုန့်စားပြိုင်ပွဲ
စသည့် ပြိုင်ပွဲများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ဆုရရှိသော ကလေးငယ်များအား
Kodomo Myanmar မှ ဆုများ ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment