မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆောင်ရွက်ရာတွင် စာရင်းဇယားပိုင်း ပြုစုထားရှိမှု အားနည်းချက်များရှိနေ ဟုဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, February 2, 2019

မြစိမ်းရောင်ကျေးရွာ စီမံကိန်း ဆောင်ရွက်ရာတွင် စာရင်းဇယားပိုင်း ပြုစုထားရှိမှု အားနည်းချက်များရှိနေ ဟုဆို


ထက်တိုင်းကျော်
.
ကျေးရွာဖွံ့ဖြိုးရေး မြစိမ်းရောင် စီမံချက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိက အားနည်းချက်များ အနေဖြင့် အချို့သော ကျေးရွာများတွင် စာရင်းဇယားပိုင်း ပြုစုမှုအားနည်း ချက်များရှိနေပြီး ဌာနဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးနေရသည်ဟု ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးရဲခေါင်က ပြောကြားခဲ့သည်။
.
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံနှင့် မိုင်းလားမြို့နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေး မြစိမ်းရောင်စီမံချက်လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များ အား ရှင်းလင်းဆွေးနွေးပွဲကို ဇန်နဝါ ရီလ ၂၅ ရက်က ကျိုင်းတုံမြို့ရှိ တွဲ ဘက်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ရာ အဆိုပါဆွေးနွေးပွဲတွင် ဦးရဲခေါင် က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ် သည်။
.
''အဓိက ကတော့ တချို့ရွာမှာ စာရင်းဇယားပိုင်း ပြုစုထားမှုနဲ့ ပတ် သက်ပြီး အားနည်းနေတာကြောင့် ကျွန်တော်တို့ဌာန ဝန်ထမ်းတွေက အောက်ခြေ ကျေးရွာကော်မတီဝင် တွေနဲ့ အမြဲဆက်သွယ်ပြီး စာရင်းဇ ယား၊ ဝင်ငွေ ထွက်ငွေတွေ မမှား အောင်လို့ ကူညီပေးနေရပါတယ်။ အခြေခံပညာအထက်တန်းအဆင့် လောက်အထိ ကျောင်းနေဖူးတဲ့ လူ ငယ်တွေကျတော့ ရွာမှာမနေဘဲ ပြင်ပမြို့ရွာတွေမှာ သွားရောက်အ လုပ်လုပ်နေကြတော့ ရွာထဲရှိတဲ့ သူ တွေနဲ့ပဲ စာရင်းမမှားအောင် လုပ်ပေး နေရပါတယ်''ဟု လက်ထောက်ညွှန် ကြားရေးမှူး ဦးရဲခေါင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြစိမ်းရောင်ကျေးလက်ဒေသဖွံ့ ဖြိုးရေးစီမံချက်သည် ကျေးရွာယူနစ် တစ်ခုလျှင် အရင်းမပျောက်မတည် ငွေ ကျပ်သိန်း ၃ဝဝ အား ယင်းယူနစ် ဝင် ကျေးရွာများတွင်နေထိုင်သူများ ပါဝင်သည့် ကော်မတီ၏ ဆုံးဖြတ်ရွေး ချယ်မှုဖြင့် အတိုးနှုန်း သက်သာသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များအတွက် ငွေထုတ်ချေးပေး၍ ရရှိ လာသောအမြတ်ငွေအား စုဆောင်း ကာ ယူနစ်ဝင်ကျေးရွာများ၏ ဖွံ့ဖြိုး ရေးလုပ်ငန်းများအတွက် ပြန်လည် အသုံးပြုစေသည့် စနစ်ဖြစ်သော ကြောင့် ကျေးရွာနေလူထု၏ စိတ်ဝင် စားမှု မြင့်တက်လျက်ရှိကြောင်း သိ ရသည်။
.
''ချေးငွေရယူသူအနေနဲ့ ကြက်၊ ဝက်၊ ကျွဲ၊ နွား၊ ငါး ကိုယ်အားသန်ရာ မွေးမြူတာဖြစ်စေ၊ ရာသီပေါ်သီးနှံကို စိုက်ပျိုးတာဖြစ်စေ လုပ်နိုင်ပါတယ်။ သတ်မှတ်ကာလမှာ အတိုးနဲ့အရင်း ပြန်ထည့်ပေးမှ နောက်ထပ်ချေးငွေ ရမှာ ဆိုတော့ ရွာသားတွေပျက်ကွက် တာမရှိကြပါဘူး။ အတိုးက ၁ဝဝ မှ ၁ ကျပ်ခွဲလောက်ပဲရှိပြီးရတဲ့ အ မြတ်ကို ရွာအတွက်ပဲ ပြန်ပြီးအ သုံးပြုတာဆိုတော့ ရွာသူ/ရွာသား တွေ အားလုံးအတွက် အဆင်ပြေပါ တယ်''ဟု အဆိုပါ မြစိမ်းရောင်စီမံ ချက်လုပ်ငန်းများ ရှင်းလင်းပွဲသို့ တက် ရောက်လာသည့် ကျိုင်းတုံမြို့နယ်၊ ကတ်ဖကျေးရွာအုပ်စု၊ နောင်ငင်ရွာမှ ဦးစိုင်းလုံက ၄င်း၏အတွေ့အကြုံကို ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကျိုင်းတုံမြို့နယ်တွင် ကျေးရွာဖွံ့ ဖြိုးရေး မြစိမ်းရောင်စီမံချက်လုပ်ငန်း များအား ၂ဝ၁၄-၂ဝ၁၅ ခု ဘဏ္ဍာ ရေး နှစ်တွင် ၁၅ ယူနစ်အတွက် မ တည်ငွေ ကျပ်သိန်းပေါင်း ၂ဝဝဝဝ ကျော်ဖြင့် စတင်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ကျေးရွာပေါင်း ၁၅၂ ရွာအတွက် ၇၂ ယူနစ် ပါဝင်သော ရင်းနှီးမတည်ငွေ ကျပ်သိန်းပေါင်း ၇ဝဝဝဝ ကျော်ရှိနေပြီဖြစ်ပြီး အဆို ပါ အရင်းမပျောက်မတည်ငွေမှ ရရှိ သည့်စုစုပေါင်း အသားတင်အမြတ် ကျပ်သိန်းပေါင်း ၆ဝဝဝ ကျော်ရှိ သည်ဟု ကျိုင်းတုံခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမင်းသန့်ထံမှ သိရသည်။
.

No comments:

Post a Comment