ကျောက်မဲမြို့မရဲစခန်းတွင် ရဲတပ်သား ၂ ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Sunday, February 17, 2019

ကျောက်မဲမြို့မရဲစခန်းတွင် ရဲတပ်သား ၂ ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့မရဲစခန်း ဖေဖော်ဝါရီ ၁၆ ရက်၊ နံနက်ပိုင်းတွင် တာဝန်ကျတာဝန်မှူးမှ ဗဟိုကင်း တာဝန်ကျ ရဲတပ်သား တစ်ဦးကို သတင်းအရ သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးစဉ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ပြီးနောက် ရဲတပ်သား တစ်ဦးကိုပါ ကွင်းဆက်အဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်မဲမြို့မရဲစခန်းမှ သိရသည်။
.

ကျောက်မဲမြို့မရဲစခန်း၌ တာဝန်မှူးတာဝန်ကျနေသည့် ဒုရဲအုပ် ဇေယျာလင်းသည် မူးယစ်ဆေးဝါးသတင်းအရ ရဲအရာခံ ကျော်ဆန်းဦး၊ ရဲတပ်ကြပ်ကြီး ကျော်ကျော်အောင်၊ ရဲဒုတက မောင်မြင့်၊ အခြား သက်သေများနှင့်အတူ ဗဟိုကင်း တာဝန်ကျ ရဲတပ်သား စိုင်းဖြိုးဝေအား မသင်္ကာသဖြင့် ရှာဖွေစစ်ဆေးရာ ၄င်း ၀တ်ဆင်ထားသည့် အပေါ်အနွေးအကျအိပ်ကပ်အတွင်းမှ ပလပ်စတစ်ူးဖြင့်ည့်ထားသည့် ဘိန်းဖြူဟု ယူဆရသော ဖြူ/၀ါရောင် အမှုန်အလေးချိန်(၀ ဒဿမ ၃)ဂရမ်ကို တွေ့ရှိသဖြင့် ရှာဖွေပုံစံဖြင့် ရေးသွင်းကာ သိမ်းဆည်းခဲ့ပြီးနောက် ဆက်လက် စစ်ဆေးမေးမြန်းရာ ဖမ်းဆီးရမိ ဘိန်းဖြူများအား ရဲတပ်ား ဝေလင်းဦးထံမှ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ ရဲတပ်ား စိုင်းဝေဖြိုးနှင့် ရောင်းချပေးသူ ရဲတပ်ား ဝေလင်းဦးတို၂ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

အဆိုပါ ဘိန်းဖြူဟု ယဆရသော ဖြူ/၀ါရောင်မှုန်များကို သုံးစွဲရန် လက်ဝယ်ထားရှိသူ ရဲတပ်ား စိုင်းဝေဖြိုးနှင့် ရဲတပ်ား ဝေလင်းဦးတို၂ ဦးအား ကျောက်မဲမြို့မရဲစခန်းမှ မယ(ပ) ၁၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၆(ဂ)၊ ၂၁ အရ အမဖွင့် အရေးယူထားကြောင်း သိရသည်။

No comments:

Post a Comment