ညောင်ရွှေမြို့နယ်တွင် ကြံခင်းများ မီးလောင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Monday, February 11, 2019

ညောင်ရွှေမြို့နယ်တွင် ကြံခင်းများ မီးလောင်


စိုင်းရာဇာ
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရုင်၊ ညောင်ရွှေမြို့နယ်၊ တောင်ခြေမြင်းစခွန့်ကျေးရွာအုပ်စု၊ မြောင်ရိုးကြီးကျေးရွာ အနီးတွင် ဖေဖော်ဝါရီလ ၁၀ ရက်၊ နေ့လယ်ပိုင်းက အပူရှိန် လွန်ကဲခြင်းကြောင့် ကြံခင်းများ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
.


အဆိုပါ မီးလောင်ကျွမ်းခဲ့သည့် နေရာသို့ ညောင်ရွှေမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဖြိုးမင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများမှ မီးသတ်ယာဉ် တစ်စီးနှင့် အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ ကြပြီး မီးလောင်မှုကြောင့် မြောင်ရိုးကြီးကျေးရွာ၊ ကြံပုံကြီးကျေးရွာနှင့် ကြံပုံငယ်ကျေးရွာများမှ တောင်သူ ၁၁ ဦးပိုင် ကြံစိုက်ခင်း ၁၈ ဒသမ ၄၃ ဧက မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
.
မီးလောင်ကျွမ်းမှုမှာ ကြံရွက်များကိုသာ လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ပင်စည်လောင်ကျွမ်းခြင်း မရှိသဖြင့် ကြံခင်း ပိုင်ရှင်များမှ ၃ ရက်အတွင်း ခုတ်၍ ကြံကြိတ်စက်သို့ ပို့ဆောင်နိုင်ပါက ဆုံးရှုံးမှု မရှိနိုင်သဖြင့် ပိုင်ရှင်များမှလည်း ၎င်းတို့၏ ကြံခင်းများအား ရိတ်သိမ်း၍ ကြံကြိတ်စက်သို့ အမြန် ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

No comments:

Post a Comment