ရှမ်းပြည်နယ်အတွင်း၌ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေသူများကို အရေးယူမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, February 28, 2019

ရှမ်းပြည်နယ်အတွင်း၌ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေသူများကို အရေးယူမည်


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်အတွင်း၌ ပြည်နယ် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ယူ ဆောင်ရွက်ပေး လျက်ရှိသော ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းလိုင်စင် (၂ဝ၁၉-၂ဝ၂ဝ) မရှိဘဲ လုပ်ငန်း လုပ်ကိုင်နေသည့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များကို ၂ဝ၁၉ ခုနှစ်၊ မတ်လမှစတင်၍ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
.
.
''ဖေဖော်ဝါရီလ ၂၂ ရက်မတိုင် ခင်အထိ လိုင်စင် လာရောက်ပြုလုပ် ပေးကြဖို့ အကြောင်းကြားခဲ့တယ်။ သတင်းစာတွေမှာ ကြော်ငြာပေးထား တယ်။မတ်လကစပြီး ပူးပေါင်းအဖွဲ့ နဲ့ ကွင်းဆင်းစစ်ဆေးမယ်။ လိုင် စင်မရှိဘဲ လုပ်ကိုင်နေတာတွေ့ရင် အရေးယူဆောင်ရွက်သွားမှာပါ''ဟု ရှမ်းပြည်နယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဌက ကမ္ဘောဇတိုင်းသို့ပြောကြားခဲ့သည်။
 .
အဆိုပါလုပ်ငန်းလိုင်စင်များကို ဖေဖော်ဝါရီလ ၂၂ ရက်မတိုင်ခင်အထိ နောက်ဆုံးထား လာရောက်လျှောက် ထား ဆောင်ရွက်ကြရန်နှင့် မတ်လ မှစတင်၍ စည်ပင်သာယာရေး ကော် မတီ တာဝန်ရှိသူများ၊ မြို့နယ်အုပ် ချုပ်ရေးမှ တာဝန်ရှိသူများနှင့် ကုန် စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူများပူးပေါင်း ၍ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးကာ အရေး ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။
 .
ယင်းကဲ့သို့ကွင်းဆင်းစစ်ဆေးရာ တွင် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ ရှိရပါက လုပ်ငန်းရှင်များအား  ဒဏ်ကြေးသတ်မှတ် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
.
လုပ်ငန်းလိုင်စင် ပြုလုပ်ရမည့် ယာဉ်များမှာ ကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းများ၊ ကုမ္ပဏီပိုင် ယာဉ် များ၊ အသင်းအဖွဲ့ပိုင်ယာဉ်များ၊ ယာဉ် ၃ စီးနှင့်အထက် ကိုယ်ပိုင်လုပ် ငန်း လုပ်ကိုင်နေသော ယာဉ်များ ပါ ဝင်ကြောင်း သိရသည်။
.

No comments:

Post a Comment