ညောင်ရွှေနှင့် ရွာငံရှိ စပ်ဆေး အရောင်းဆိုင်များကို ပိတ်သိမ်းအရေးယူထား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, February 13, 2019

ညောင်ရွှေနှင့် ရွာငံရှိ စပ်ဆေး အရောင်းဆိုင်များကို ပိတ်သိမ်းအရေးယူထား


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်နှင့် ရွာငံမြို့နယ်တို့ တွင် ၂ဝ၁၈ ခုနှစ် တစ်နှစ်တာကာ လအတွင်း စပ်ဆေးရောင်းချနေသည့် ဆေးဆိုင် ၅ ဆိုင်အား ရှမ်းပြည် နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး၍ ဆိုင်ပိတ်သိမ်း အရေးယူဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
.
.
စပ်ဆေးတွေ့ရှိခဲ့သည့် ဆိုင်များမှာ ညောင်ရွှေမြို့နယ်မှ ဆေးဆိုင် ၂ ဆိုင်နှင့် ရွာငံမြို့နယ်မှ ဆေးဆိုင် ၃ ဆိုင်တို့ဖြစ်ကြောင်း သိရသည်။
.
''အဲဒီ စပ်ဆေးတွေကို သောက်သုံးမယ်ဆိုရင် အစာအိမ်ပေါက်တာတွေ၊ အရိုးပွတာတွေ ဖြစ်လာမယ်။ ကျောက်ကပ်ထိခိုက် လာနိုင်တယ်။ ဖြစ်တဲ့ရောဂါ မပျောက်ဘဲ အသက် ဆုံးရှုံးသွားနိုင်တယ်။ ကွင်းဆင်းစစ် ဆေးတဲ့အခါမှာ ဆေးဆိုင်တော် တော်များများမှာတော့မတွေ့ရဘူး။ မြင်သာအောင် မရောင်းကြတာတွေ လည်း ဖြစ်နိုင်တယ်။ လူနာလာမှ ဒီဆေးနဲ့ ဒီဆေးတွဲသောက်ပါဆို တာတွေရှိမယ်။ ဆေးဘူးတွေ့တယ်၊ ဆေးကတ်တွေတွေ့တယ်၊  အထုပ် တော့ မတွေ့ဘူး'' ဟု ရှမ်းပြည်နယ် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဆေး ဝါးဆေးပစ္စည်းအလှကုန် ဦးစီးအရာရှိ ဒေါက်တာရွဲနှင်းဝေက ပြောသည်။
.
''ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ စပ်ဆေးတစ်ခုတည်းကိုပဲ စစ်ဆေးတာ မဟုတ်ပါဘူး။ အကုန်လုံးကို စစ်ဆေးပြီးကောင်းမွန်သော ဆေးဝါးကျင့်စဉ်နဲ့ စည်းကမ်းလိုက်နာမှု ရှိ/မရှိ၊ ဖြန့်ဖြူးရောင်းချမှု၊ ထားသိုမှု၊ သက်တမ်းကုန်ဆေး၊ မှတ်ပုံတင် မရှိတဲ့ ဆေးဝါးတွေကို  စစ်ဆေးတွေ့ ရှိရင် အစားအသောက်နဲ့ ဆေးဝါး ကြီးကြပ်ရေးကော်မတီရဲ့ ဆုံးဖြတ် ချက်နဲ့ အမျိုးသားဥပဒေအရ ၃ လ၊ ၆ လ အရေးယူတာတွေရှိပါတယ်'' ဟု ဒေါက်တာရွဲနှင်းဝေက ဆက်လက် ပြောကြားသည်။
.
ရှမ်းပြည်နယ် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် ဆေးဝါးနှင့် ပတ်သက်သည့် အသိပညာများ တိုးပွားလာ စေရန်အတွက် အသိပညာ ပေးလုပ်ငန်းများကို ၁ လ ၁ ကြိမ် ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ ကွင်းဆင်းစစ်ဆေး ရာတွင် ဆေးဝါးအတုများ၊ ရောနှောဆေးများ၊ မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ၊ စပ်ဆေးများ၊ သက်တမ်း ကုန်ဆုံးနေသောဆေးများ ရောင်းချခြင်းကိုတွေ့ရှိပါက အမျိုးသားဆေးဝါး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment