လားရှိုး ရေပူစမ်းအနီးတွင် မီးရှို့ထားသည့် အမျိုးသားအလောင်း တွေ့ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, February 9, 2019

လားရှိုး ရေပူစမ်းအနီးတွင် မီးရှို့ထားသည့် အမျိုးသားအလောင်း တွေ့ရှိ



မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ရေပူစမ်းအနီးတွင် ဖေဖော်ဝါရီလ ၈ ရက်၊ မွန်းလွဲ မွန်းလွဲပိုင်းက မီးရှို့ခံထားရသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိသဖြင့် လားရှိုးဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင် ပေးခဲ့ရကြောင်း လားရှိုးမြို့ ပေးသောလက်များ လူမှုကူညီရေးအသင်းမှ သိရသည်။
.
.
“ဓါးဒဏ်ရာတွေကတော့ အများကြီးပဲ။ အလောင်းကမှောက်နေတာဆိုတော့ မလိုက်တာ အူတွေ ထွက်ကျလာတယ်။ အမှိုက်ကောက်တဲ့သူ တွေ့တာပြောတယ်။ အနံ့တောင်ထွက်နေပြီ။ အသက်ကတော့ ၂၅ နှစ်လောက်ခန့်မှန်းပါတယ်။ အဝတ်အစားမပါဘဲ မီးလောင်ထားတာ ဘောင်းဘီတို ရှေ့ပိုင်းလေးပဲကျန်တော့တယ်” ဟု ပေးသောလက်များ လူမှုကူညီိရေးအသင်း တာဝန်ခံ ကိုမြင့်မော်က ပြောသည်။
.
အလောင်းမှာ မှောက်လျက်အနေအထားဖြစ်ကာ ဆိုင်ကယ်တာယာအဟောင်းဖြင့်ဖိထားပြီး ချောင်းကမ်းပါးရံတွင် ခြေတစ်ဘက်တွဲလောင်းကျအနေအထား ဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
.
ဖေဖော်ဝါရီလ ၈ ရက် မွန်းလွဲ ၁ နာရီခန့်တွင် လားရှိုးမြို့၊ အမှတ်(၂)ရဲစခန်း၏ အကြောင်းကြားချက်အရ ပေးသော လက်များလူမှုကူညီရေးအသင်းမှ သွားရောက်ခဲ့ရာ လားရှိုးမြို့၊ ရပ်ကွက်(၁၂)၊ ထူးမွန်ရွာ၊ ရေပူစမ်းအလွန်၊ ရေအေး ချောင်းဘေး ကျူပင်များအကြားခြုံပုတ်အတွင်း အမျိုးသားတစ်ဦးအလောင်းအား ဆိုင်ကယ်တာယာကွင်းဖြင့် ဖုံးအုပ်မီးရှို့ထားသည်ကိုတွေ့ရှိရပြီး အလောင်းအား သယ်ယူစဉ် စစ်ဆေးကြည့်ရာ ယာဘက်ခြေသလုံးနှင့် ခြေမျက်စေ့ကြား ဓားဏ်ရာ ၂ ချက်၊  ဝဲယာပါးနှစ်ဘက်တွင် ဓားဒဏ်ရာ ၁ ချက်စီ၊ ယာဘက်ဒူးဆစ်တွင် ၁ ချက်၊ လည်ပင်းနောက်ဘက်တွင် ၁ ချက်တွေ့ရှိရကာ ယာဘက်လက်တံတောင်ဆစ်မှ ပြတ်နေပြီး လက်မောင်းတွင် အသားမရှိတော့ဘဲ အရိုးသာကျန်ရှိကြောင်းနှင့် ချောင်းအထက် ၇ ပေအမြင့်တွင်တွေ့ရှိရခြင်းဖြစ်ပြီး ပလပ်စတစ်ခင်း ဝါးကပ်နှင့်သယ်ဆောင်ရခြင်းဖြစ်ကြောင်း ကိုမြင့်မော်ထံမှ သိရသည်။
.
အဆိုပါအလောင်းတွေ့ရှိမှုနှင့်ပတ်သက်၍ လားရှိုးမြို့၊ အမှတ်(၂)ရဲစခန်းအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာတွင် ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ချေ။
.
ပေးသောလက်လူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၏ ပြောကြားချက်အရ အခင်းဖြစ်ပွားရာသို့ လားရှိုးခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် နယ်မြေစခန်းမှူးတို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
.

No comments:

Post a Comment