ကွမ်းလုံနှင့် ဟိုပန်မြို့နယ်များမှ ထွက်ရှိသော တိုင်ထောင်ပဲများ အထွက်နှုန်းကောင်း၍ တောင်သူများ အဆင်ပြေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, February 1, 2019

ကွမ်းလုံနှင့် ဟိုပန်မြို့နယ်များမှ ထွက်ရှိသော တိုင်ထောင်ပဲများ အထွက်နှုန်းကောင်း၍ တောင်သူများ အဆင်ပြေ


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ''ဝ'' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့ နယ်နှင့် ကွမ်းလုံခရိုင်၊ ကွမ်းလုံမြို့နယ်တို့တွင် ဈေးကွက်ဝင် တိုင်ထောင် ပဲများကို စိုက်ပျိုးလျက်ရှိရာ မြေနေရာ ဒေသနှင့် ကိုက်ညီမှု ရှိသည့်အတွက် စိုက်ပျိုးသူ များပြားလာပြီး တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရ သည်။
.
.
''ကျွန်တော်တို့ တိုင်ထောင်ပဲ စိုက်ပျိုးရတာ အဆင်ပြေပါတယ်။ ဒေ သရာသီဥတုနဲ့လည်း ကိုက်ညီတဲ့အ တွက် အောင်မြင်ပါတယ်။ ဈေးကွက် လည်းရှိတယ်။ ဈေးလည်းကောင်း တယ်၊ နောက်ပြီး ဝယ်တဲ့သူတွေက လည်း စိုက်ခင်းအထိ လာဝယ်တယ်။ ထွက်သလောက်လည်း အကုန်ယူ တယ်။ သူတို့ပို့တာကတော့ တရုတ် ပြည်ထဲကို ပို့တာထင်တယ်။ စိုက်ပြီး လို့ ၃ လလောက်ဆို ခူးလို့ရတဲ့အတွက် အချိန်တိုအတွင်း ငွေပေါ်တာ ဖြစ်လို့ အဆင်ပြေပါတယ်။ ကုန်ကျမှု များပေမယ့် ဈေးကောင်းတဲ့အတွက် အမြတ်လည်းရပါတယ်''ဟု ဟိုပန်မြို့ နယ်မှ တိုင်ထောင်ပဲ စိုက်ပျိုးသူတောင် သူ ဒေါ်နန်းဝေဝေနှင်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ တိုင်ထောင်ပဲများကို နှစ် စဉ်အောက်တိုဘာလမှ စတင်စိုက်ပျိုး ကာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့ တွင် ခူးဆွတ်၍ရခြင်းကြောင့် အချိန် တိုအတွင်း အမြတ်အစွန်း ရရှိသည့် လုပ်ငန်းဖြစ်သဖြင့် စိုက်ပျိုးသူတောင် သူ များပြားလာကြခြင်း ဖြစ်ကြောင်း သိရသည်။
.
''ကွမ်းလုံမြို့နယ်နဲ့ ဟိုပန်မြို့နယ် တွေမှာက စီးပွားဖြစ် စိုက်ပျိုးတယ်။ ရာသီဥတုနဲ့လည်း ကိုက်ညီတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာန အနေနဲ့ကလည်း လိုအပ်တဲ့ နည်းပ ညာတွေကို ပံ့ပိုးကူညီပေးနေပါတယ်။ အောက်တိုဘာလမှာ စတင်စိုက်ပျိုး ကြတယ်။ တချို့ကတော့ နိုဝင်ဘာလ ရောက်မှ စိုက်ကြတာတွေ ရှိတယ်'' ဟု ရှမ်းပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာ န၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဦး စီးအရာရှိ ဦးခင်မောင်ဌေးက ကမ္ဘော ဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ တိုင်ထောင်ပဲများကို စ တင်စိုက်ပျိုးပြီးနောက် အပင်အမြင့် ပေ ၆ လက်မအရွယ်တွင် ဝါးနှင့် ကျူရိုးကို အသုံးပြု၍ တိုင်ထောင်ပေး ရကာ အပင် တစ်ပင်တွင် အဆစ် ပေါင်း ၂၃ ဆစ်မှ ၂၇ ဆစ်အထိထွက် ရှိပြီး အဆစ် တစ်ဆစ်တွင် အသီး ၅ တောင့်မှ ၉ တောင့်အထိ သီးကြကြောင်း သိရသည်။
.

No comments:

Post a Comment