ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံ-တာချီလိတ်သွား ပြည်ထောင်
စုလမ်းမပေါ်ရှိ နောင်နွန်းစစ်ဆေးရေး ဂိတ်တွင် လုံခြုံရေးအတွက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့အား
တိကျသည့် ဦးဆောင်တာဝန်ပေးအပ်ရန် ကျိုင်းတုံ မြို့ရှိ ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ
ရဲမှူးကြီးမင်းအောင်က ပြောကြားခဲ့သည်။
.
.
''နောင်နွမ်းစုပေါင်းဂိတ်မှာဌာန တစ်ခုချင်းအနေနဲ့ ကွဲပြားတဲ့တာဝန်
တွေကို ဆောင်ရွက်နေရင်းက လစ်ဟာမှုတချို့ ရှိနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရဲတပ်ဖွဲ့ကနေ
ယာဉ်နဲ့ ခရီးသည်အဝင်အထွက်ကို လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ဦးဆောင်တာဝန်ပေးအပ်ဖို့
တင်ပြခဲ့တာဖြစ်ပါတယ်''ဟု ရဲမှူးကြီးမင်း အောင်က ပြောသည်။
ယင်းတင်ပြချက်နှင့် ပတ်သက်၍ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က
ရဲတပ်ဖွဲ့၏ လုံခြုံရေးနှင့်တရား ဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်သွားမည့် တင်ပြချက်အား
လက်ခံကြိုဆိုကြောင်းနှင့် ကျန်ဌာနများကို လည်း ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း
သိရသည်။
.
တောင်ကြီး-ကျိုင်းတုံ-တာချီ လိတ်လမ်းတွင် သွားလာနေသည့် ကုန်သည်တစ်ဦးက
''လမ်းမှာရှိနေတဲ့ ဂိတ် တော်တော်များများရဲ့ ဌာန ဆိုင်ရာဝန်ထမ်းတွေက ဂိတ်ထဲမှာ ပဲနေပြီး
ကားဆရာကတစ်ခန်း ဝင် တစ်ခန်းထွက် သွားပြီးသတင်းပို့ နေရတယ်။ တစ်ခါတစ်ရံမှသာ ကား နားကိုလာပြီး
ဟိုမေး၊ ဒီမေးလုပ်တာ တွေ့ရပါတယ်။ ငွေအကြွေမပါရင် မအမ်းလို့ ၅ဝဝ တန်နဲ့ ၁ဝဝဝ တန်ကို
အကြွေလဲထားရတယ်လို့တော့ ကြားမိပါတယ်''ဟု ၄င်း၏ အတွေ့အကြုံ ကို ပြောသည်။
.
အဆိုပါစစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လူကုန်ကူးမှု
တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု၊ မူးယစ် တပ်ဖွဲ့စု၊ ယာဉ်ထိန်းတပ်ဖွဲ့စု၊ ရဲသ တင်းတပ်ဖွဲ့၊
ဃှီု၊ မြို့နယ်သစ် တောဦးစီးဌာန၊ မြို့နယ်လူဝင်မှု ကြီး ကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်
ရေးဦးစီးဌာန၊ အကောက်ခွန်နှင့် မော်တော်ယာဉ်လိုင်းပေါင်းစုံ ကြီး ကြပ်ထိန်းသိမ်းရေးကော်မတီ
(မထ သ)တို့ရှိနေပြီး ယာဉ်မျိုးစုံနှင့် ကုန် စည်များအား ကြပ်မတ်စစ်ဆေးရန် အားနည်းနေသည်ဟု
ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က သတိပေးပြောကြားခဲ့သည်။
.
တောင်ကြီး-ကျိုင်းတုံ-တာချီ လိတ် လမ်းမပေါ်ရှိ နမ့်စန်မြို့တွင်
ဇန်နဝါရီလအတွင်းက စိတ်ကြွမူး ယစ်ဆေးပြား အမြောက်အများ ဖမ်း ဆီးရမိမှု ဖြစ်ပွားခဲ့ပြီး
ဇန်နဝါရီလ ၂၉ ရက်တွင်လည်း တာချီလိတ်မြို့၊ လမ်းမပေါ်ရှိ မီးပွိုင့်တွင့် ရပ်ထား သည့်
မော်တော်ယာဉ်ပေါ်မှ ယာဉ် မောင်းသူအား အမည်မသိဆိုင် ကယ်စီးသေနတ် သမား ၂ ဦးမှ သေနတ်ဖြင့်
ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ဖူးကြောင်း သိရသည်။
.
No comments:
Post a Comment