စာရေးချင်သူများသို့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Sunday, February 3, 2019

စာရေးချင်သူများသို့


ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
.
မေးတတ်လွန်း
.
''ဆရာ စာဘယ်လိုရေးရမလဲ''ဤမေးခွန်း ကို ကျွန်တော့်စာဖတ်ပရိသတ်များက မကြာခ ဏဆိုသလို မေးမြန်းတတ်ကြပါသည်။ ကျွန် တော့်ကလောင်အမည်ကိုမသိ၊ ကျွန်တော်စာ ရေးနေသည်ကို မသိကြသော မိတ်စိမ်းမိတ် သစ်များပင်လျှင် စာပေကိစ္စများနှင့် ဆက်နွယ် ပတ်သက်လာသောအခါ၌ ''ဆရာ ကျွန်တော် ၊ကျွန်မစာရေးချင်ပါတယ်၊ ဘယ်လိုစပြီး ရေးရ မှန်းမသိဘူး၊ ပြောပြပါဦး။ လမ်းညွှန်ပါဦး''စ သည်ဖြင့် တောင်းဆိုတတ်ကြပြန်ပါသေးသည်။ ထိုသောအခါ မိတ်ဟောင်းမိတ်ကျက်ဖြစ်စေ၊ မိတ်သစ်မိတ်စိမ်းဖြစ်စေ စာပေနှင့် ပတ်သက်၍  ရေးနည်းရေးဟန်ကို သိလို၍ မေးမြန်းစုံစမ်း လာသူတို့ အားလုံးကို အတိုဆုံး အရှင်းဆုံးတစ် ခွန်းတည်း တစ်မျိုးတည်းသော အဖြေတစ်ရပ် ကိုသာလျှင် တစ်သမတ်တည်း ကျွန်တော် ဖြေ ဆိုလေ့ရှိခဲ့ပါ၏။ ယင်းသည်ကား ''ရင်ထဲရှိတာ ကို ရေးတတ်သလိုပဲ ရေးချလိုက်ပါ''ဟူ၍ ဖြစ် ပါသည်။ ခွကျလွန်းသော အဖြေဟုတော့ မထင် မှတ်လိုက်ပါနှင့်ဦး။ သဘာဝ ဝတ္တအမှန်ကို လက်ဆင့်ကမ်းလိုက်ခြင်းဖြစ်၏။ အကြောင်းမူ ကား စာရေးဖြစ်ခြင်းကိစ္စတိုင်းတွင် ရင်တွင်း ခံစားချက်ဝေဒနာကောင်းဆိုးတစ်စုံတစ်ရာ မရှိ ဘဲနှင့် ရေးမဖြစ်သောကြောင့်ပါ။
.
ကဲ ကောင်းပါပြီ။ ရင်ထဲရှိတာကို ရေးတတ် သလို ချရေးဖြစ်ပါပြီဆိုပါတော့။ စစွာဦး စာစ ရေးသူတို့အတွက် ချောသန့်သော စာမူထွက် လာဖို့တော့ သိပ်မလွယ်ကူလှပါ။ အတွေးမည် မျှရှိရှိ အကြောင်းအရာ မည်မျှပင် ကောင်း ကောင်း၊ စာရေးသားလေ့အကျင့်မရှိခဲ့သေးသ ဖြင့် စာချောချောတွေတော့ ထွက်ရှိဖို့ အတော် ခက်ခဲနေပါလိမ့်ဦးမည်။ ချရေးဖြစ်သော အ ကြမ်းထည်ကို အကြိမ်ကြိမ်ပြန်ဖတ်ပြီး ရှေ့ နောက်ပြောင်းတန်ပြောင်း၊ ပိုသင့်ရာစကားလုံး ဖြင့် အစားထိုးတန်ထိုး၊ ပိုနေသည့် အချက်ထပ် နေသည့်အချက်များဖြုတ်တန်ဖြုတ်၊ လိုနေ သေးသော အချက်အလက်များ၊ ဖြည့်တန်ဖြည့် မှားယွင်းနေပြီကို သိလိုက်သည်နှင့် ပြင်ဆင်တန် ပြင်ဆင်၊ အပိုဒ်ခွဲတွေကော ဟန်မှကျပါသလား ပြန်ဆန်းစစ်၊ အရေးအကြီးဆုံးကား နိဂုံးချုပ် အပိုင်းသည် စာဖတ်သူ ခံစားမှုနှလုံးသားကို သိမ်းကျုံးယူလိုက်နိုင်သလားကိုလည်း မိမိရေး သူကိုယ်တိုင် စာဖတ်သူနေရာ၌ထားကာ ပိုင်း ခြားသုံးသပ်ဖို့ လိုပါသည်။
.
စာတွေကို စတင်ပြီးရေးသားသူအဖို့ ကြီး စွာသောအခက်အခဲတစ်ရပ်ရှိသေး၏။ ယင်း ကား စာခေါင်းစဉ် မတပ်တတ်ခြင်း ကိစ္စပါ။ အ တော်အတန်ဝါရင့် ကလောင်ရှင်များပင်၊ သူတို့ ပေးထားသော စာခေါင်းစဉ်ကို သိပ်အကြိုက်ကြီး မဟုတ်၍ ''ဆရာ ဒီထက်ကောင်းတဲ့ခေါင်းစဉ် လေးတစ်ခု ရွေးပေးပါဦး''ဟု အကူအညီတောင်း ခံလာသည်များ ကြုံရဖူးပါ၏။ ဤကိစ္စသည် လည်း သဘာဝကျသော အခက်အခဲကြီးတစ်ရပ် ပါပေ။ ဘာကြောင့်ဆိုသော် နာမည်သည်အရေး ကြီး၏။ နာမည်ဆီလျော်ဖို့ လိုသွား၍ ဝတ္ထုက အလွန်ကောင်းနေပါ သော်လည်း ဆုပေးရန်မ ဖြစ်ခဲ့၊ ဆုမရခဲ့ဘဲ မဟာလာဘ်ကြီးနှင့်လွဲချော် ခဲ့ရဖူးသည့် မြန်မာနိုင်ငံ၏ ပထမဆုံးပေးအပ် သော စာပေဆုအကြောင်း အတွင်းရေးကို သိကြားခဲ့ရဖူးခြင်းကြောင့်ပါ။
.
ကြုံအတွေ့
.
ကျွန်တော်သည်လည်း စာတွေစပြီးရေးစဉ်  ကလောင်လက်သင်ဘဝတုန်းက စာခေါင်းစဉ် ပေးရန်အတော်လေး ဦးနှောက်ခြောက်ခဲ့ရဖူး၏။ စာရေးသက် ယခုအခါ နှစ် ၆ဝ ခန့်ရှိလာချိန် တွင်မူ ဖြတ်သန်းခဲ့ရသော စာပေခရီးကြမ်းအ တွေ့အကြုံအရ၊ စာပေဝါသနာရှင်များအား ဤ သို့ရှင်းပြလေ့ရှိပါသည်။ ''စာကိုစပြီးရေးတဲ့သူ တိုင်း၊ ကိုယ့်စာကို ခေါင်းစဉ်ပေးဖို့ ခက်ခဲတတ် ကြတာချည်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရေးတဲ့စာမူကို မရေးခင်ကတည်းက ကြို တင်အကွက်ချဖို့ သိပ်ပြီး မကျွမ်းကျင်သေးလို့ ပါ။ ရေးသားတင်ပြချင်တဲ့ အကြောင်းအရာတွေ က ပြုံပြီးထွေးနေ ကြတော့ အဓိကကျတဲ့ အချက်ကို မရိပ်စားမိသေးတာလည်း ပါတာပေါ့ လေ။ ချမရေးခင်မှာ နာမည်မပေးတတ်သေး တာ ခေါင်းခဲစရာမလိုပါဘူး။ ရေးချင်တာကိုသာ ချရေးလိုက်။ အချောပြန်ကိုင်ပြီး အဖန်ဖန်ပြန် ဖတ်၊ စစ်ဆေးပြင်ဆင် ပါလို့ ရှေ့ဦးအကြံပြုပါ ရစေ။ ချောပြီးသားစာမူထဲမှာ ဘာအကြောင်းအ ရာက အရေးအကြီးဆုံးလဲ ရွေးထုတ်ပါ။ အဲဒီ အချက်နဲ့ပတ်သက်တဲ့ ခေါင်းစဉ်ကို တပ်လိုက် ပါ။ အဆင်ပြေသွားပါလိမ့်မယ်''ဟူ၍ အားပေး စကား ပြောကြားရ၏။
.
စာရေးသက်ရပြီ။ လက်သားလည်းကျလာ ပြီဆိုသောအခါတွင် စာမူရေးနေစဉ်မှာပင် ခေါင်းစဉ်ကရပြီး ဖြစ်နေပါ လိမ့်မည်။ တစ်ပြိုင် နက်တည်းလိုလို တစ်ထပ်တည်းကျနေတတ်၏။ သို့ဆိုလျှင် အတော်ကြီးဟန်ကျလာပါပြီ။ ယင်း စာမူကိုလည်း အယ်ဒီတာအဖွဲ့က ပယ်ဖို့သိပ်မရှိတော့။ ထို့ထက်ပို၍ ဝါရင့်လာပါက စာမူကဖြင့် မရေးရသေး။ ခေါင်းစဉ်တွေက တန်းစီပြီး ထွက်နှင့်၊ ရနှင့်ပြီးသား ဖြစ်နေပါတော့သည်။ ဤသည်ကိုပင် သမ္ဘာဟုခေါ်မည်ထင်ပါ၏။ မိမိ ရင်၌ ဖြစ်သော သားသမီးရင်းမြေးမြစ်မဆိုထား နှင့် အိမ်မွေးခွေးကလေး၊ ကြောင်ကလေးများကို ပင်လျှင် နာမည်လှလှလေးမှည့်ပေးချင်ကြသည် မှာ လူ့သဘာဝဖြစ်၏။ အဟိတ်တိရစ္ဆာန်ပင်ဖြစ် လင့်ကစား၊ ယင်းအိမ်မွေး တိရစ္ဆာန်လေးတွေပင် လျှင် သူတို့အားပေးထားသော နာမည်ကို သူ တို့သိရှိမှတ်ယူထားတတ်ကြ၏။ ''ကျားဗိုလ် ရေ''ခေါ်လိုက်က ''ဝုတ်''၊ ''မိဖြူရေ . . . မိနက်ရေ''ခေါ်လိုက်ပါလျှင် ''ညောင် ညောင်'' ပြန်ထူးဖော်ရသည်မဟုတ်ပါလား။
.
စောစောရှေ့ပိုင်း၌ ရေးသားဖော်ပြခဲ့သော စာပေဆုဝတ္ထုနာမည်အကြောင်းလေးကို ပြန်ကောက်ချင်ပါသည်။ ဆရာမင်းအောင်၏ မိုးအောက်မြေပြင်ဝတ္ထုရှည်ဆုကြီး ချိတ်ရခြင်းတွင် အမည်ကောင်းလှ၍ ဖြစ်ကြောင်း ဆရာကြီးငွေ ဥဒေါင်းက ပြောပြ၍ မှတ်သိဖူးပါ၏။ ယင်းဆုရ ဝတ္ထုကြီးထက်၊ ဇာတ်လမ်းရော၊ အရေးအသား တင်ပြပုံရော အပုံကြီးသာလွန်သည့် ပြိုင်ပွဲဝင် ဝတ္ထုကောင်းတစ်အုပ်ရှိပါသေးသတဲ့။ ဝတ္ထုအမည်မှာ ''ချစ်''စကားလုံးသုံးလုံးလောက်တောင် ပါနေ၍ မသင့်တော်လှ၍ နှမြောလွန်းစွာ ပယ်ချ ပစ်ခဲ့ရကြောင်း စားမြုံ့ပြန်ရင်း 'စာတစ်ပုဒ်ရေး ရင် စာခေါင်းစဉ်ကောင်းဖို့ အရေးကြီးလှတယ်' ဟူ၍ ဆုံးမသြဝါဒပေးခဲ့ဖူးသည်ကို ပြန်လည် မျှဝေတင်ပြလိုက်ရပါသည်။
.
လမ်းညွှန်မှု
.
ပြီးခဲ့သည့်နှစ်ပတ်လောက်က တောင်ပို့ကြီး စိုက်ပျိုးမွေးမြူလူငယ်သင်တန်းကျောင်းကို စ တင် ပုံဖော်ပေးခဲ့သူ ဦးစေတနာ(Mr.Hirane Nobujuki San) အကူအညီ တောင်းခံလာ၍ စာစီစာကုံးအပုဒ် ၁၃ဝ ကျော်ကို စစ်ဆေးအမှတ် ပေးကာ ဆုရွေးချယ်ပေးခဲ့ရပါသည်။ ဧရာဝတီတိုင်းတွင်းရှိ မြို့နယ်များက စာသင်ကျောင်းများ ၏ Grade 8th အဌမတန်းနှင့် Grade 9th နဝမ တန်းကျောင်းသူ၊ ကျောင်းသားများ၏ စာမူများ ဖြစ်ပါသည်။ အပုဒ်တိုင်းပင် (၁)စာမျက်နှာနံ ပါတ်တပ်မထားခြင်း၊ (၂)တချို့မာဂျင်လိုင်း (margin line)မချန်ခြင်း၊ (၃) A4 အေဖိုးပြောင် စာရေးစက္ကူ၏ ရင်ရောကျောပါနှစ်ဖက်လုံးရေး သားခြင်း စသည်ဖြင့် မသင့်တော်သည့်အချက် များကို မြင်တွေ့ခဲ့ရ၏။ သို့နှင့် ကျွန်တော်စာတွေ စတင်ရေးသားစ ဆယ်ကျော်သက်ဘဝမှာ ဖတ်မှတ်ဖူးသော စာရေးနည်းလမ်းညွှန်များကို ပြန်လည်အမှတ်ရလာ၏။ ဆရာတင့်တယ်ကလည်း စန္ဒာမဂ္ဂဇင်းတွင် စာမူပို့ရာ၌ လိုက်နာ သင့်သော အချက်ကြီး ၁ဝ ချက်ချမှတ်ဖော်ပြ ခဲ့ဖူးသေး၏။ ထိုအတွေးများကြောင့် ၂ဝ၁၉ ခု နှစ်၊ ဇန်နဝါရီလများအတွက် နှစ်ဆန်းလက် ဆောင်မွန်အဖြစ် '' စာရေးချင်သူများသို့ ''ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ်ရေးပါဦးမည် စိတ်ကူးပေါ်လာကြောင်း ဝန်ခံရပါ၏။ ခုလက် ဆောင်အမှတ် ၄ အဖြစ် ရေးမိပါပြီ။
.
အထက် ဖော်ပြပါ သုံးချက်အပြင်(၄)တစ် ကြောင်းနှင့် တစ်ကြောင်းကြား၊ လိုင်းချဲ၍ ချန် ထားရပါမည်။ (စာကျန်ကို အမှတ်လက္ခဏာထိုး ပြကာ ကြားညှပ်ရေးနိုင်ရန်)၊ (၅)သေသပ်ရှင်း လင်းသော လက်ရေး၊ (၆) သတ်ပုံမှန်ကန်၊ (၇)အပိုဒ်ခွဲမှန်ကန်၊ (၈)ခေါင်းစဉ်ကို မျဉ်းတား (Underline)၊ (၉)ကလောင်အမည်ကို ထင် ရှား၊ (၁ဝ)လိပ်စာအပြည့်အစုံနှင့် အကြောင်း ပြန်ကြားရန် တံဆိပ်ခေါင်း ပူးတွဲ စသည်ဖြင့် ဖြစ်ကြောင်းကို ကောင်းကောင်းကြီးမှတ်မိနေပါ ၏။ ကျွန်တော်ဖျက်ပေးရသော စာစီစာကုံးစာမူ အချို့တို့မှာ ဆရာမက ''ရေး''ဟု ဆို၍သာပါဝင် ယှဉ်ပြိုင်လိုက်ရဟန်တူ၏။ ဖျက်ရာခြစ်ရာ မသပ်မရပ်ပစ်စလက်ခတ်တွေမို့ ''သြော် ခုခေတ် ကျောင်းသားတွေရယ် ၈ တန်း၊ ၉ တန်းပဲ ရောက်နေပြီ၊ ပုံမသေသေးကြပါလား၊ အောက်တန်းက ဆရာ၊ ဆရာတွေ ဘယ်လိုသင်လွှတ် လိုက်ပါလိမ့်။ စာလည်း သိပ်ဖတ်ကြပုံမပေါ်၊ ဒုက္ခ ဒုက္ခ''ဟူ၍ပင် ညည်းတွားမိရပါတော့၏။ နိဒါန်းစာကိုယ်နိဂုံး သုံးချက်ပြည့်စုံရမည်ကို နိဒါန်းမပါ၊ နိဂုံးမရှိ စာကိုယ်ကျတော့လည်း A4 နှစ်မျက်နှာလုံးကို အပိုဒ်ရှည်ကြီးတစ်ပိုဒ်တည်း တဲ့လေ။ ''ဖြစ်မှဖြစ်ရလေတယ်၊ တက်ခေတ်လူ ငယ်တွေရယ်၊ ကျောင်းပြင်ပစာအုပ် စာပေ ကောင်းမဖတ်ဘဲ ဖုန်းပဲပွတ်နေကြရော့သလား'' မှတ်ချက်ပြုမိပါ၏။ စာမူရေးသားခြင်းသည် လည်း စာစီစာကုံးအကြီးစား ရေးသားခြင်းဖြစ် ပါကြောင်း စာရေးချင်သူများအား ညွှန်ပြပေး လို၍ ကျွန်တော်စစ်ပေးရသည့် စာစီစာကုံးစာမူတို့အကြောင်း တင်ပြပေးရခြင်းဖြစ်ပါသည်။
.
ဟိုတစ်ချိန်တုန်းက ကျွန်တော်သည်''ဟေ့ စာမူရေးရတာ ရည်းစားစာရေးရတာထက် ပို ပြီး ဂရုတစိုက်နဲ့ လက်ရေးလက်သား လှပညီ ညီအောင်၊ ဖျက်ခြစ်ရာမရှိအောင် ဖတ်ပြီးရွေး မယ့် စာတည်းအဖွဲ့နှစ်လိုပြီး ရွေးချယ်ချင်အောင် ရေးရတာမလွယ်ဘူး၊ ရည်းစားစာကမှ ပြန်ချစ် အောင် ကြိုးစားရလွယ်သေး''ဟု ပြောခဲ့၏။
.
ဝမ်းစာပြည့်
.
ဇာတ်သဘင်လောက၌ ''သေတ္တာမှောက် ကပြနိုင်တယ်''ဟု ဂုဏ်ယူဝင့်ြ<ွကားနိုင်သူတို့မှာ ရှိတော့ရှိ၏။ ရှား၏တဲ့။ ခေါင်းဆောင်းအရုပ်မျိုး စုံ ထည့်သိမ်းထားသော သေတ္တာကြီးကို မှောက်ချလိုက်၍ ထွက်လာသော အရုပ်အတိုင်း ဇာတ်ရုပ်သရုပ်ဆောင်ကာ ဆိုနိုင်ပြောနိုင်ကပြ နိုင်ဖို့ဆိုသည်ကား တော်တန်ရုံဝမ်းစာဖြည့်ထား သည်နှင့် လုပ်နိုင်သော အရာမဟုတ်ပါပေ။ ထို နည်းတူစွာပင် စာရေးချင်သူလည်း စာဖတ် အလွန်နာရပါလိမ့်မည်။ ဗဟုသုတစုဆောင်းရေး၌ ကြားနာမှတ်သားမှု ပြည့်စုံနေရပါလိမ့်မည်။ ဖတ်သော စာမျိုးစုံတို့မှ မှတ်သင့်ရာရာကို မှတ်၊ ကျက်သင့်ရာရာကိုကျက်၊ မှတ်စုထုတ်သင့်ရာ ရာကို ထုတ်နှုတ်၊ အာဂုံရွတ်သင့်ရာရာကို ဒေါင်းဒေါင်းပြေး မထစ်မငေါ့ မမေ့မလျော့ရွတ် ဆိုနိုင်ရပါဦးမည်။ သို့မှသာ အကွက်ဆိုက်လာ သည့်အခါ အလွယ်တကူ ဖြည့်ရေးနိုင်သဖြင့် ပြည့်စုံကုံလုံသော စာမူကောင်းတစ်ပုဒ်ထွက်ရှိ လာနိုင်မည်။
.
''ရေးစရာရှိရေး၊ ပို့စရာရှိပို့ထား၊ ဒါက စာ ရေးသူအလုပ်၊ ရွေးတာမရွေးတာ အယ်ဒီတာ အလုပ်၊ စာစောင်မဂ္ဂဇင်းထဲ ပါလာတာ မပါလာ တာ ကံတရား''ဟူ၍ ကျွန်တော်ပြောပြတတ်လှ ၏။ စာပေခယောင်းတောကို လမ်းထွင်ပြီး လျှောက်ခဲ့ရသော ကျွန်တော့်အတွေ့အကြုံအ ရ ရင်တွင်းဖြစ် စကားပါ။ ဇွဲခတ်ဖို့လည်း အ လွန်အရေးကြီး၏။ နှစ်ပုဒ်သုံးပုဒ်လောက်ရေးပြီး တစ်ပုဒ်မှ အရွေးမခံရလို့ ဆက်မရေးသူတွေ ဘယ်မှာ စာရေးဆရာဖြစ်လာမည်နည်း။ ထို့ ကြောင့် ''စာရေးချင်တာလား၊ စာရေးဆရာ ဖြစ်ချင်တာလား''ကွဲပြားအောင် ဆန်းစစ်ဖို့လို၏ ဟု ဆရာမကြီး ဒေါ်ခင်မျိုးချစ် ထောက်ပြခဲ့ဖူး ၏။ စာရေးချင်တာဆိုလျှင် ချရေးလိုက်ပါ။ ရင် ထဲပေါ့သွားပါမည်။ စာရေးဆရာဖြစ်ချင်လျှင် တော့ တစ်သက်လုံး ကလောင်ကိုင်ပြီးရေးသွား ပေတော့။ မုချဖြစ်လာမည်တော့ အာမ မခံနိုင်ပါ။ ကံတရားအကျိုးပေးက ရှိသေး၏။ မိမိရေးသည့် စာ ''ဘယ်သူက ရွေးပြီးသုံးပေးမလဲ''မမေးနှင့်။ လွန်ခဲ့သော နှစ်ငါးရာကျော်က ရှင်မဟာရဋ္ဌသာ ရတို့ ပေပုရပိုက်ထဲ ရေးသားခဲ့ကြ၏။ မျက် မှောက်ခေတ်ကျမှ စာအုပ်ဖြစ်ပေါ်လာ၏။ မဂ္ဂ ဇင်းတွေထဲ ဖော်ပြခံရ၏ဟု စာရေးဆရာကြီး ဦးရန်အောင်က မိန့်ဆိုခဲ့ဖူးပါသည်။
.
စာမူအပယ်ခံရလို့များ ဝမ်းနည်းစိတ်ဓာတ် မကျလေနှင့်။ ၇ တန်းမှစ၍ တက္ကသိုလ်ဘွဲ့ရသည် အထိ ၁ဝ နှစ်တာ စာပေခရီးအတွင်း ၇ ပုဒ် သာ ရွေးချယ်ခံရ၊ ဖော်ပြခံရကြောင်းကို စာပေ ဆုများရှင် ဆရာလယ်တွင်းသား စောချစ်က ရင်ဖွင့်ပြောပြခဲ့ဖူးပါ၏။ မိမိလုပ်စရာရှိ ဆက် လုပ်၊ ဆက်ဖတ်၊ ဆက်ရေး၊ ဆက်ပို့ပါလေဟု လမ်းညွှန်ချင်ပါ၏။ အရေးအကြီးဆုံးကား နာ မည်ကျော်ရေး ငွေ ရရှိရေးထက်၊ စေတနာ ကောင်းဖြင့်သာ စာတစ်ပုဒ်ရေးပါတဲ့။ ဦးတင် ဧ(ရှမ်းပြည်)၏ သြဝါဒဖြစ်သည်။ အဆိုးဆုံး ကား ဝေဖန်ရေးစာပေ။ ချို့တဲ့ချွတ်ယွင်းမှုကို စေတနာအရင်းခံဖြင့် ထောက်ပြသတိပံ့သင့်၏။ ပုဂ္ဂိုလ်ကို ငယ်ကျိုးငယ်နာဖော်ဖို့ ကလော်တုတ် ဖို့ မသင့်။ သူ့ဂုဏ်ကိုဖော်၊ ကိုယ့်ဂုဏ်ပေါ်၏။ သူ့ကိုဂုဏ်နှိမ့်ကိုယ့်ဂုဏ်နိမ့်၏။ သတိပြုစရာပါ။ ကဗျာ၊ ကလေးစာပေနှင့် စတားယား(Staire) ခေါ်သည့် လှောင်စာပြောင်စာ သရော်စာ စ သည့် ရေးရခက်သော စာပေသုံးမျိုး တစ်မျိုး မျိုး ရေးနိုင်ပြီဆိုလျှင်။ ။
.

No comments:

Post a Comment