လားရှိုးမြို့တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, February 9, 2019

လားရှိုးမြို့တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်



ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်ဘီး စီးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁ဝ ရက် နံနက်ပိုင်း၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
.
''မူးယစ်ဆေးဝါး သုံးစွဲမှုလျော့နည်းလာစေဖို့ရယ်၊ စက်ဘီးစီးပညာရှင်တွေ အားကစားသမားကောင်းတွေ ပေါ်ထွန်းလာစေဖို့ရယ်၊ ကျန်းမာကြံ့ခိုင်စေရေးအတွက် ရယ်ရည်ရွယ် ပြီးတော့ ဒီပွဲကို ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ အသက် ၄ဝ နှစ်အထက်ကို ပထမကနေပြီး ပဉ္စမဆုအထိ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးမြို့တွေက စက်ဘီးစီးအားကစား ဝါသနာရှင်တွေလည်း ပါဝင်ယှဉ် ပြိုင်နိုင်ပြီး လာရောက်ပါဝင်ယှဉ်ပြိုင်ပေးကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်''ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ စက်ဘီးစီးအသင်း ဥက္ကဌ ဦးစိုင်းနွတ်နွံမှ ကမ္ဘောဇတိုင်းသို့ ပြောသည်။

.
အဆိုပါ ပြိုင်ပွဲကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ မြန်မာ နိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်နှင့် Lashio Cyclist Network တို့မှ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး Lashio Mountain Bike Challenge အဖြစ် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ စက်ဘီးစီး အားကစားသမားများ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကာ စက်ဘီးစီး အားကစားသမားများကို ရန်ကုန်နှင့် မန္တလေး အစရှိသည့် မြို့ကြီးများမှ စက်ဘီးစီးအသင်း များနှင့် ချိတ်ဆက်၍ ဖိတ်ခေါ်သွား မည်ဖြစ်ကြောင်း သိရသည်။
.
ယင်းပြိုင်ပွဲကို အတန်း ၄ တန်း ခွဲခြားထည့်သွင်း ကျင်းပသွားမည်ဖြစ် ပြီး အသက် ၂၅ နှစ်အောက် အသက် ၂၅ နှစ်မှ ၄ဝ ကြား၊ အသက် ၄ဝ နှစ်အထက်နှင့် အလွတ်တန်းပြိုင်ပွဲ များ ထည့်သွင်းကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။
.
ပြိုင်ပွဲတွင် လားရှိုးမြို့နယ် စည် ပင်သာယာရေး ဈေးရှေ့မှ ဘူတာ လမ်းအတိုင်း လားရှိုးလမ်းဆုံ၊ ယင်း နေရာမှတဆင့် ရေပူစမ်းလမ်းအပိုင်း ဟူးမွန်ကျေးရွာ၊ ထိုမှတဆင့် ပြည်ထောင်စုလမ်းမကြီးအတိုင်း စက်ဘီး စီးနင်းကာ သာသနာ ၂၅ဝဝ ကုန်း တွင် ပန်းဝင်ရမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment