နမ့်စန်တွင် နိုင်ငံပိုင် စိုက်ကွင်းများအား ကိုယ်ကျိုးအတွက် ရောင်းစားခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ ဒုတိယအကြိမ် ထပ်မံတိုင်ကြား - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, February 6, 2019

နမ့်စန်တွင် နိုင်ငံပိုင် စိုက်ကွင်းများအား ကိုယ်ကျိုးအတွက် ရောင်းစားခဲ့သည်ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံ ဒုတိယအကြိမ် ထပ်မံတိုင်ကြား


မင်းဇော်မင်း  
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်မှ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအောက်ရှိ ရာသီကော်ဖီစိုက် ကွင်းမှူးတစ်ဦး၏ အဂတိလိုက်စားမှု အပေါ် အရေးယူဆောင်ရွက်ပေးပါ ရန် ဇန်နဝါရီလ ၁၈ ရက်တွင် နိုင်ငံ တော်သမ္မတနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံသို့ ဒုတိယအကြိမ်အဖြစ် ထပ်မံတိုင် ကြားခဲ့ကြောင်း သိရသည်။
.

.
''ပထမ တိုင်ကြားခဲ့တဲ့ဟာကို ဌာနဆိုင်ရာကပဲ အရေးယူဆောင် ရွက်ပါ ဆိုပြီး ပြန်စာလာပြီးနောက် ဌာနက အရေးယူတာ ၄ နှစ်၊ ၂ နှစ်ဆီပဲ ခေတ္တရာထူးလျှော့တယ်လို့ ကြားသိရတယ်။ နိုင်ငံပိုင်မြေကို ကိုယ်ကျိုးအတွက် ကျပ်သိန်း ၂၂၅ဝ နဲ့ ရောင်းစားခဲ့တာကို ဒီလိုအရေးယူ တာဟာ အမှုမှန်မပေါ်ပေါက်ဘဲ တ ရားမျှတမှု ကင်းမဲ့နေတာတွေ့ရ တယ်။ ဒီလိုအရေးယူမယ့်အစား အဂတိကပဲ တိုက်ရိုက်ကိုင်တွယ်ပြီး ထိရောက်စွာ အရေးယူစေချင်လို့ ထပ်မံတိုင်ကြားတာပါ''ဟု တိုင်ကြား သူ ဦးတင်ဝင်း ကပြောသည်။
.
တိုင်ကြားစာတွင် နမ့်စန်မြို့နယ် စိုက်ကွင်းမှူး ဦးသက်ဦးဆိုသူမှ နိုင်ငံ ပိုင်မြေ ဧက ၉ဝ အား ငွေကျပ်သိန်း ၂၂၅ဝ ဖြင့် ကိုယ်ကျိုးအတွက် ရောင်း ချခဲ့ပြီး အခြားဝန်ထမ်း ၈ ဦးအား တစ်ဦးလျှင် ၁ဝ သိန်းကျပ်စီပေးခဲ့ သဖြင့် ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဌနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံ တိုင် ကြားစာပေးပို့ခဲ့ရာ ကော်မရှင်မှ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်စွဲဖြင့် စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အနေဖြင့်သာ စိစစ် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သော် လည်း ယနေ့အချိန်အထိ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်း၊ အဖြစ်မှန် ပေါ်ပေါက်ခဲ့သော်လည်း ကော်မရှင်မှ ဌာနသို့ လွှဲပြောင်းပေး ခဲ့သဖြင့် တရားမျှတမှု ကင်းမဲ့နေ ကြောင်း၊ နိုင်ငံပိုင်မြေအား ကျပ်သိန်း ၂၂၅ဝ ဖြင့်ရောင်းစားခဲ့သူ ဦးသက်ဦး အား တစ်ဆင့်နိမ့်ရာထူး ၄ နှစ်၊ ¤င်းအောက်ဝန်ထမ်း ၈ ဦးအား ၂ နှစ်စီ အရေးယူ ဆောင်ရွက်ခဲ့ရာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဖော် ထုတ်ထွက်ဆိုပေးခဲ့သော ဝန်ထမ်း ၈ ဦးကို တစ်ဆင့်နိမ့်ရာထူးဖြင့် အ ရေးယူဆောင်ရွက်ပေးခဲ့သည်မှာ လည်း တရားမျှတမှုမရှိကြောင်း၊ သို့အတွက် အဂတိတိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် ကျပ်သိန်း ထောင်ချီ အဂတိလိုက်စားမှုကို ပြတ် သားစွာ အရေးယူဆောင်ရွက်ခြင်း မရှိသည့်အပေါ် သံသယဝင်မိ ကြောင်း၊ သို့ဖြစ်ပါ၍ ကျပ်သိန်း ပေါင်းထောင်ချီအဂတိလိုက်စားခဲ့သူ ဦးသက်ဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တိုက်ရိုက် ကိုင်တွယ်အရေးယူပေးပါရန် ထပ်မံ တိုင်ကြားကြောင်း ပါရှိသည်။
.
အဆိုပါကိစ္စနှင့်ပတ်သက်၍ အ ရေးယူခံရသူ ဝန်ထမ်း ၈ ဦးအနက်မှ ဒုဦးစီးမှူးဖြစ်သူ ဦးအောင်မျိုးသန့်က ''ဌာနအနေနဲ့ အရေးယူတာ ဘာမှ မပြောလိုပါဘူး။ ဒါပေမယ့် ဦးသက် ဦး ရောင်းစားတာကိုတော့ အဖြစ်မှန် ပေါ်ပေါက်အောင်အဂတိကော်မရှင်၊ SB  စသုံးလုံးတို့စစ်ဖို့ လိုအပ်ပါတယ်။ အမှုမှန် ပေါ်ပေါက်ရေးအတွက် ရဲ ရဲဝံ့ဝံ့ ထွက်ဆိုပေးမှာဖြစ်ပါတယ်'' ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်ကပြုလုပ်ခဲ့သည့် မတ်ကျန်း ပြည်သူ့စစ်နှင့် တွေ့ဆုံမှုတွင် ဦး အောင်မျိုးသန့်က မတ်ကျန်းပြည်သူ့ စစ်ဒုတိယဥက္ကဌ ဦးစိုင်းစံလင်းကို တင်ပြရာ မြေယာများမှာ ဗိုလ်မှူး ဦးစိုင်းမောင်၊ ဦးစိုင်းကျော်အေးတို့ ပိုင်ဆိုင်ထားပြီး နိုင်ငံပိုင်စိုက်ကွင်း မြေ၏ ၂ဝဝ၁ ခုနှစ်၊ ပုံစံ(၁ဝ၅) တွင် ပါရှိသည့် ဧကပေါင်း ၂၈၄၇ အ နက် ယခုတစ်ဧကလျှင် ကျပ် ၂၅ သိန်းဖြင့် ကျပ်သိန်း ၂၂၅ဝ ရရှိခဲ့ သည်ဟု ခန့်မှန်းရသည့်မြေဧက ၉ဝ အပြင် အမှတ်(၉/၁ဝ) ရပ်ကွက် အတွင်းရှိ မြေဧက ၃ဝဝ လည်း ပါ ဝင်နေကြောင်း၊ သို့သော် တိုင်းတာ ရာတွင် လျှိုမြောင်နှင့်လမ်းများ မပါ ဝင်ခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ်၊ ပုံစံ (၇) ထုတ်ရာတွင်မူ အဆိုပါ လျှိုမြောင်နှင့် လမ်းများပါဝင်လာရာ ၃၉ဝ ဧက ပျောက်သွားကြောင်း၊ သို့အတွက် မြေကြီးမြေပုံ ကွာဟချက်အရ ဧက ၉ဝ အား မတ်ကျန်းပြည်သူ့စစ်သို့ လည်းကောင်း ဧက ၃ဝဝ အား လည်းကောင်း ကိုယ်ကျိုးရှာခဲ့ ကြောင်းနှင့် ¤င်းမှာ မည်သည့် ငွေ မှန်းမသိ၍ ငွေကျပ် ၁ဝ သိန်းလက် ခံခဲ့သဖြင့် ယခုလို တဆင့်နိမ့်ရာထူး ချခံထားရခြင်းဖြစ်ကြောင်း ဦးအောင် မျိုးသန့်မှ ဆက်လက်ပြောကြားသည်။
.
ယင်းကိစ္စနှင့် ပတ်သက်၍ နမ့် စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးနေဇော်နိုင်ကလည်း အခြား အမှုများကဲ့သို အဂတိတိုက် ဖျက်ရေးကော်မရှင်မှ ပြတ်သားစွာ ကိုင်တွယ်ခြင်း မတွေ့ရသဖြင့် ပြန် လည်စစ်ဆေးပြီး ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သင့်ကြောင်း၊ သို့မှသာ အဂတိလိုက်စားမှုများ ပ ပျောက်စေမည် ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
.

No comments:

Post a Comment