ဗိုလ်ချုပ်မွေးနေ့ ပြီးတဲ့နောက် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, February 28, 2019

ဗိုလ်ချုပ်မွေးနေ့ ပြီးတဲ့နောက်


တိုက်မောင်း
.
.
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်အောင်ဆန်း၏ အသက်(၁ဝ၄)နှစ် ပြည့်မွေးနေ့ဖြစ်ပါသည်။ ဗိုလ်ချုပ်မွေးနေ့ကို ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအားလုံးသိကြ၏။ အဘယ်ကြောင့်နည်း။
.
ဗိုလ်ချုပ်သည် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ကိုပဓာန မထားဘဲ လွတ်လပ်ရေးကို အရယူပေးခဲ့သည်။ ထို့ကြောင့် ယနေ့ကာလ ပြည် သူများမှာ လွတ်လပ်ရေး၏အသီးအပွင့်များကို ခံစား၊ စံစားနေကြရသည်ပင် မဟုတ်ပါလား။ ဗိုလ်ချုပ်လိုပုဂ္ဂိုလ်မျိုး၏စိတ်ဓာတ်၊ ပညာ၊ ရဲ စွမ်းသတ္တိမျိုးကို ကျွန်တော်တို့အားကျလေးစား ခဲ့ကြသည်။ ထို့ကြောင့် ဗိုလ်ချုပ်၏မွေးနေ့ကို ကဗျာနှင့်တစ်မျိုး၊ စကားပြေနှင့်တစ်ဖုံ အမျိုးမျိုး ရေးဖွဲ့ဂုဏ်ပြုခဲ့ကြ သည်။ ယခင်ကလည်း ဂုဏ် ပြုခဲ့ကြသလို နောင်တွင်လည်း အလေး ဂရုပြု၍ ဂုဏ်ပြုကြဦးမည်။ ထိုအစဉ်အလာ သည် အ နာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အတု ယူဖွယ်ဖြစ်သဖြင့် လုပ်သင့်လုပ်ထိုက်သောလုပ် ငန်းစဉ် တစ်ရပ်ဟုလည်း ဆိုချင်ပါသည်။
.
ဗိုလ်ချုပ်သည် ၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး၊ ၁၉၄၇ ခုနှစ်၊  ဇူ လိုင်လ ၁၉ ရက်နေ့တွင်ကျဆုံးခဲ့သဖြင့် ကွယ်လွန်ချိန်တွင် ၃၂ နှစ် ကျော်ရုံလေးသာ ရှိသေး ၏။ လူလတ်ပိုင်းအရွယ် အားကောင်းမောင်းသန် ရှိနေသော အချိန်ကာလ၌ ဗိုလ်ချုပ်ကွယ်လွန် သွားခြင်းသည် တိုင်းပြည်နှင့်နိုင်ငံအတွက် တု နှိုင်း၍မရသောဆုံးရှုံးမှုကြီးဖြစ်ခဲ့ရသည်။ ထိုဆုံး ရှုံးမှုကြီးကို အစားထိုးရန်ကား မလွယ်လှ။ ယ နေ့ သားကောင်းမိခင်များသည်လည်း ဗိုလ်ချုပ် ကို ချစ်ကြမည်မှာကား မြေကြီးလက်ခတ်မလွဲ နိုင်ပါ။ ဗိုလ်ချုပ်ကို ချစ်ကြသည်ဆိုလျှင် ဗိုလ်ချုပ်ကဲ့သို့ ထူးချွန်ပြောင်မြောက်သော သား ကောင်းရတနာများကို မွေးထုတ်ပေးစေလို သည်မှာ စာရေးသူ၏ ဆန္ဒအစစ်အမှန်ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်နှင့် ရုပ်ဆင်းရူပကာမတူ သည်ကိုအပထား။ ဗိုလ်ချုပ်ကဲ့သို့ ပညာအရာ တွင် ထူးချွန်သော၊ လူအများအား ကိုယ့်ဘက် ပါအောင်ခေါင်းဆောင်နိုင်သော၊ စွန့်လွှတ်စွန့် စားပြီးအနစ်နာခံတတ်သော၊ စည်းလုံးညီညွတ် ရေးအတွက် အပင်းပန်းခံနိုင်သော စိတ်ဓာတ် များဖြင့်ပြည့်စုံကြွယ်ဝသည့် လူငယ်လူရွယ်များ ကိုမွေးထုတ်၍ ပြုစုပေးစေလိုခြင်းပင် ဖြစ်ပါသည်။
.
ဗိုလ်ချုပ်တို့ခေတ်က မြန်မာနိုင်ငံသည် တိုင်းတစ်ပါးလက်အောက်တွင် ကျွန်သပေါက် အဖြစ် အတိဒုက္ခကျရောက် နေချိန်ဖြစ်၏။ စည်းကမ်းဖောက်၍ ထီးနန်းပျောက်ခဲ့ရသော မြန်မာနိုင်ငံကို ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်း ဖြင့် ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ထည်ထည်ဖြစ်အောင် ဗိုလ်ချုပ်တို့ကဦးဆောင်ပြီး သမိုင်းကြောင်း ကောင်းအောင် လုပ်ခဲ့ကြသည်။ ရှေ့လူ တို့သည် သူတို့ခေတ်က ပေါ်ပေါက်ခဲ့သော ပြဿနာများကို သူတို့ဘာသာ ပြေလည်အောင် တာဝန်ကျေပွန်စွာဖြင့် ဖြေရှင်းနိုင်ခဲ့ကြသည်။ လူလားမြောက်လာကြပြီး ဖြစ်သော ယနေ့ ခေတ် နိုင်ငံသူ၊ နိုင်ငံသား များ အားလုံးက အဆိုး အကောင်းများကို လေ့လာသုံးသပ်သင် ခန်းစာဖော်ထုတ်၍ အတုယူသင့်သည်များကို အတုယူလုပ်ဆောင်ကြရန် လိုအပ်မည်ထင် ပါသည်။ ဗိုလ်ချုပ်မွေးနေ့ကို အသိအမှတ်ပြု ကာ ဂုဏ်ပြုခဲ့ကြသကဲ့သို့၊ ကျန်ရက်များ၌ လည်း ဗိုလ်ချုပ်ချမှတ်ခဲ့သော စိတ်ဓာတ်စည်း ကမ်းများကို လိုက်နာကျင့်သုံးကြရန်လိုအပ်ပါသည်။
.
ယနေ့ ဒီမိုကရေစီအစိုးရ ကာလတွင် ဗိုလ် ချုပ်မွေးနေ့၌စာသင်ကျောင်းများ၊ ရပ်ကွက်များ၊ ကျေးရွာများ၊ မြို့ကြီးပြကြီးများတွင် ဗိုလ်ချုပ် မွေးနေ့ အထိမ်းအမှတ်ပွဲများကို နည်းမျိုးစုံ ဖြင့်လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရခဲ့ကြ သည်မှာ ဝမ်းမြောက်ဖွယ်မြင်ကွင်းများ ဖြစ်ပါ သည်။  ဗိုလ်ချုပ်ကဲ့သို့သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ် မြတ်မျိုး အကြောင်းကို လူငယ်လူရွယ်များအ ကြား သိရှိခွင့်ရခြင်းသည် အဖိုးအနဂ္ဂထိုက်တန် လှသော စိတ်ဓာတ်ခွန်အား တစ်ခုပင်။ တစ် နည်းအားဖြင့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းကို ဂဃနဏ သိရှိခွင့်ရခြင်း လည်း ဖြစ်ပါသည်။ သို့သော်တစ်နှစ်လျှင် တစ် ကြိမ်သာ ပြုလုပ်ခွင့်ရသောပွဲတော်၊အခမ်းအ နား၊ အထိမ်းအမှတ်များပြုလုပ်နေသည့်အ ချိန်၊ ရက်အပိုင်းအခြားလေးမျှဖြင့် ဗိုလ်ချုပ်၏ မွေးနေ့၊ ဗိုလ်ချုပ်၏သမိုင်းကြောင်းသည် ပြီး ပြည့်စုံလိမ့်မည်ဟု စာရေးသူတစ်ယောက်တည်း အမြင်အရ သဘောမတူနိုင်ပါ။ ထို့ထက်ပို ကောင်းသော၊ ပိုထိရောက်သောလုပ်ဆောင်မှု များဖြင့် ဗိုလ်ချုပ်လိုပုဂ္ဂိုလ်မျိုးကို ဂုဏ်ပြုထိုက် သည်ဟု ထင်မြင်မိပါသည်။ မည်ကဲ့သို့ပြုလုပ် မည်နည်း။
.
ကျွန်တော်တို့ စဉ်းစားကြည့်ကြမည်။ ပထမဦးစွာ ဗိုလ်ချုပ်သည် မည်ကဲ့သို့လူစား မျိုးနည်း။ တိုင်းပြည်နှင့် လူမျိုး အပေါ် ဗိုလ်ချုပ်သည် မည်ကဲ့သို့သော စိတ်ဓာတ်မျိုး ထားခဲ့သနည်း။ တိုင်း ရင်းသား စည်းလုံးညီညွတ်ရေးကို ဗိုလ်ချုပ်က မည်ကဲ့သို့တည်ဆောက်ခဲ့သနည်း။ အရွယ် ရောက်ပြီးသူ နိုင်ငံသူနိုင်ငံသားအားလုံး နီးပါး တွင် အနည်းနှင့်အများဆိုသလို အထက်ပါ မေး ခွန်းများကို ဖြေဆိုနိုင်ကြလိမ့်မည်ဟုယုံကြည် ပါသည်။ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖဆိုသည့်အတိုင်း ဆရာမိဘများဘက်က စကြည့်ပါမည်။ မိဘများသည် သားသမီးများကို ညအိပ်ရာဝင်ပုံပြင်များ ပြောပြတတ်ကြပါသည်။ တစ်ထောင့်တစ်ညပုံပြင်များစွာ ရှိပါသည်။ ငါး ရာ့ငါးဆယ် ဇာတ်နိပါတ်တော်များကိုလည်း ပြောပြကြသည်။ ထိုအထဲတွင် ဗိုလ်ချုပ်၏ အတ္ထုပ္ပတ္တိကို လေ့လာမှတ်သား၍ ပုံပြင်တစ် ခုသဖွယ် ပြောပြနိုင်ပါသည်။ ဗိုလ်ချုပ်၏အ ကြောင်းကို ပုံပြင်ဟု ဆိုလိုရင်း အဓိပ္ပါယ်မ ကောက်ယူစေလိုပါ။ ကလေးသူငယ်များသည် ပုံပြင်များကို မှတ်မိလွယ်ကြသဖြင့် ကျောင်း နေအရွယ်မတိုင်မီ ဗိုလ်ချုပ်အကြောင်းကို ကြို တင်ပြောပြထားခြင်းသည် ¤င်းတို့၏ မှတ်ဉာဏ် ၌ ဗိုလ်ချုပ်ကို သူရဲကောင်းအဖြစ် အိပ်ရာထဲမှ စ၍ပင် စွဲထင်ကျန်ရစ်စေရန် ရည်ရွယ်လိုခြင်း ဖြစ်ပါသည်။
.
ဆရာ၊ ဆရာမများသည် ဗိုလ်ချုပ်မွေးနေ့၌ ကျောင်းများတွင် ပုံမှန်ပြုလုပ်နေသည့် ကဗျာ၊ စာစီစာကုံး၊ကျပန်း စကားပြောပြိုင်ပွဲများကျင်းပနိုင်ပါသည်။ ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏ အမူအကျင့်၊အပြောအဆို၊ အနေအထိုင်စသည် တို့ကို စာသင်ခန်းတွင်း၌ ပုံမှန်အချိန်ထည့်သွင်း ၍ သင်ကြားလေ့ကျင့်ပြုစုပျိုးထောင်ပေးနိုင် မည်ဆိုပါက စိတ်ဓာတ်ရေးရာများ ပိုမိုဖွံ့ဖြိုးမှုရှိ လာနိုင် ပါသည်။ ကျောင်းသားများ စာရိတ္တပိုင်း ဆိုင်ရာ တိုးတက်မြင့်မားလားစေရေးအတွက်  ဗိုလ်ချုပ်အား စံပြုပုဂ္ဂိုလ်အဖြစ် ထား၍ လေ့ ကျင့်ဆွေးနွေးနိုင်ရေး ကျောင်းသင်ခန်းစာများ တွင် ထည့်သွင်းဆောင်ရွက်နိုင်မည် ဆိုပါက ယခုကဲ့သို့ ဗိုလ်ချုပ်မွေးနေ့တစ်နေ့တည်းသာ လျှင် ဂုဏ်ပြုရာမရောက်ဘဲ ဗိုလ်ချုပ်နှင့်တူ သော၊ ဗိုလ်ချုပ်ကိုအားကျပြီး လိုက်ပါဆောင် ရွက်လာနိုင်သော ကျောင်းသားလူငယ်များ ပေါ် ထွန်းမလာနိုင်ဟု မည်သူပြောနိုင်ပါမည်နည်း။ လုပ်ဆောင်ကြည့်ရန်သာ အရေးကြီးပါသည်။
.
အစိုးရနှင့်ပညာရေး ဝန်ကြီးဌာနအပါအဝင် ဆက်စပ်နေသောဌာနများဘက်က လုပ်နိုင်သည်များကို အကြံပြု လိုပါသည်။ မိကျောင်းမင်း ရေခင်းပြခြင်းမဟုတ်ပါ။ အစိုးရအနေဖြင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးကဏ္ဍသည် များစွာအရေးကြီးသကဲ့သို့၊ တိုင်း ရင်းသားများ အားလုံး စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးတို့သည်လည်း မရှိမဖြစ် ဦးစားပေးလုပ်ဆောင်နေရ၏။ ဗိုလ်ချုပ်က သူ့ ခေတ်နှင့်သူ့အခါ တိုင်းရင်းသားစည်းလုံး ညီ ညွတ်ရေးကို သူမတူအောင် တည်ဆောက်နိုင် ခဲ့သူ။ ပင်လုံညီလာခံမှ အစပြု၍ ပင်လုံစာချုပ် ဖြင့် သက်သေတည်ခဲ့၏။ ယနေ့ အခြေခံပညာ ရေးမှစ၍ တက္ကသိုလ် အဆင့်ထိ နိုင်ငံ့သမိုင်း၊ ကမ္ဘာ့သမိုင်းများကို သင်ကြားရာတွင် သမိုင်းကို သိရုံလောက်သာမကဘဲ နိုင်ငံချစ်စိတ်၊ အမျိုး သားရေးစိတ်ဓာတ်များ ကိန်းဝပ်လာသည့်အပြင် မိမိတို့နိုင်ငံတော်အား တည်ထောင်ခဲ့ကြသူများ ကို အားကျအတုယူလောက်အောင် ကျောင်း သင်ခန်းစာများကို ချဲ့ထွင်၍ လည်းကောင်း၊ သင်ကြားရေးနည်း စနစ်များအား ပို့ချရုံသာ မကဘဲ၊ လက်တွေ့ပြဿနာများကို သမိုင်း ကြောင်းနှင့်အတူ ဆက်စပ် ဖြေရှင်းတတ်စေ ရန်လည်းကောင်း ပြုပြင်ပြောင်းလဲပေးစေလိုပါ သည်။
.
နိုင်ငံတစ်ခုတည်ဆောက်ရာတွင် ခေါင်း ဆောင်သည် အရေးပါသကဲ့သို့ ခေါင်းဆောင်မှု သည်လည်း ကျွဲကူးရေပါဆိုသလို အခရာကျ ပါ၏။ ဗိုလ်ချုပ်တို့ခေတ်တွင် မြန်မာတို့သည် ကမ္ဘာ့အလယ်၌ ရဲရင့်ကြသူများဖြစ်ခဲ့ကြ၏။ ထို စဉ်က ထင်ရှားသော ကမ္ဘာ့ခေါင်းဆောင်များ ကပင်လျှင် ဗိုလ်ချုပ်ကို လေးစားခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ လွတ်လပ်ရေးအတွက် ရင်ဆိုင်နေရ သောပြဿနာများကို ရဲရဲဝံ့ဝံ့၊ မှန် မှန်ကန်ကန်ဖြေရှင်းရဲသည့်ဗိုလ်ချုပ်၏ လေး စားဖွယ်စိတ်ဓာတ် ကြောင့်ဟုဆိုလျှင် မည်သူ က ငြင်းဝံ့မည်နည်း။ ယနေ့ ကျွန်တော်တို့နိုင်ငံ သည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင် ငံတော်ဆီသို့ ချီတက်နေသည့်ကာလဖြစ်ပါ သည်။ အခက်အခဲများစွာ ရှိနိုင်ပါသည်။ ထိုအ ခက်အခဲများကို ဖြေရှင်းရန်မှာ အစိုးရတွင်သာ တာဝန်ရှိနေသည်မဟုတ်။ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်တစ်ဦးတည်းဖြင့် ဖြေရှင်း၍မရ။ စု ပေါင်းအင်အား၊ ညီညွတ်ခြင်း စွမ်းအားဖြင့် ဖြေရှင်းကြရန် နိုင်ငံသားအားလုံးတွင် တာဝန် ရှိပါသည်။
.
ဗိုလ်ချုပ်ကို ကျွန်တော်တို့ချစ်ကြသလို၊ ဗိုလ်ချုပ်တို့ အသက်ပေးရယူခဲ့သောလွတ် လပ်ရေးနှင့် တိုင်းပြည်ကိုလည်း ကျွန်တော်တို့ ချစ်ကြပါသည်။ ဗိုလ်ချုပ်ကို ချစ်ကြသည်ဆို လျှင် ပြီးခဲ့သည့် ဗိုလ်ချုပ်မွေးနေ့ တစ်ရက် တည်းသာမကဘဲ ကျန်ရက်များပါ ဗိုလ်ချုပ် မျှော်မှန်းခဲ့သော စည်းလုံးညီညွတ်ပြီး ချမ်းသာြ<ွကယ်ဝသည့် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုကြီးကို စုပေါင်းတည်ဆောက်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါသည်။
.

No comments:

Post a Comment