ဆီဘောက်ဆာအတွင်း၌ ထည့်သယ်လာသည့် ပိတောက်သစ်ခွဲသား ၇ တန်ကျော်ကို နောင်ချိုတွင် ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, February 12, 2019

ဆီဘောက်ဆာအတွင်း၌ ထည့်သယ်လာသည့် ပိတောက်သစ်ခွဲသား ၇ တန်ကျော်ကို နောင်ချိုတွင် ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန်ဘွေးတိုးဂိတ်ဖေဖော်ဝါရီလ ၁၁ ရက် ၊ မွန်းလွဲပိုင်းက နောင်ချိုမြို့နယ် သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သတင်းအရ ဆီဘောက်ဆာ ယာဉ်တစ်စီးအား ရပ်တန်စစ်ဆေးရာ တရားမ၀င် ပိတောက်ခွဲသား ၇ တန်ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း နောင်ချိုမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။
.
ဆီဘောက်ဆာက သစ်ခိုးသယ်ဖိုသေချာလုပ်ထားတာပါ ဆီက အကန်သာရှိပြီး ကျန်အကန်တွေမှာ သစ်တွေ ထည့်ဖို့ လုပ်ထားတာဖြစ်လိုအဲဒီအကန်တွေကို ဖျက်ပြီး သစ်တွေယူရတာ ၂ ရက်လောက် ကြာတယ်၊ ရဲစခန်းမှာတော့ သစ်အရေအတွက်နဲ့ အလေးချိန်ပေးပြီး အမဖွင့်နေပါပြီ။” ဟု နောင်ချိုမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

နောင်ချိုမြို့နယ်၊ ဘန်ဘွေးတိုးဂိတ်အနီးတွင် ပူးပေါင်းအဖွဲ့မှ မိတ္ထီလာမြို့နေ ယာဉ်မောင်း ဖြိုးသူရ၊ (၂၈)နှစ် မောင်းနှင်လာသည့်၊ ၂၂ ဘီး လောင်စာဆီတင်ယာဉ်အား ရပ်တန်စစ်ဆေးရာ ဆီတိုင်ကီအတွင်းအကန်များ ပြုလုပ်ကာ ခိုးဝှက်သယ်ဆောင်လာသည့် တရားမ၀င် ပိတောက်သစ်ခွဲသား ချောင်းရေ ၂၇၈ ချောင်း၊ အလေးချိန် ၇ ဒသမ ၅၃၄၄ တန်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါသစ်များကို ရန်ကုန်မြို့မှသယ်ဆောင်လာသည့် ယာဉ်ထံက တဆင့် နေပြည်တော်၊ တပ်ကုန်းမြို့တွင် လွှဲပြောင်း သယ်ဆောင်လာခြင်းဖြစ်ပြီး မူဆယ်နယ်စပ်သိုပိုဆောင်ရန်ဖြစ်ကြောင်းနှင့် တရားမ၀င်သစ်များ သယ်ဆောင်လာသူ ဖြိုးသူရအား နောင်ချိုမြို့မရဲစခန်းတွင် သစ်တောဥပဒေပုဒ်မ ၄၂(က)ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်နေကြောင်း သိရသည်။

No comments:

Post a Comment