တရုတ်နှစ်သစ်ကူး ကာလအတွင်း ဖရဲ/သခွား ကုန်သည်များ ဈေးအမြင့် မှန်းသော်လည်း ထင်သလောက်မရဟု ဆို - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, February 5, 2019

တရုတ်နှစ်သစ်ကူး ကာလအတွင်း ဖရဲ/သခွား ကုန်သည်များ ဈေးအမြင့် မှန်းသော်လည်း ထင်သလောက်မရဟု ဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ် ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဖရဲ သခွား ဈေးကွက်မှာ ကျင်စန်းကျော့ ဂိတ်ပိတ်ခဲ့မှုကြောင့် ဆုံးရှုံးမှုများခဲ့ပြီး တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်ကာလ အကြိုရက်များတွင် ဈေးအမြင့်ရရန် မျှော်မှန်းသော်လည်း ထင်သလောက် ဈေးမရခဲ့ကြောင်း မူဆယ် ၁ဝ၅ မိုင် အခြေစိုက်သစ်သီးဝလံကုန် စည်ဒိုင်မှ သိရသည်။
.
 
.
''တရုတ် နှစ်သစ်ကူးရက် ဈေးအမြင့်မှန်းပေမဲ့ မရဘူးဖြစ်နေတယ်။ ဖရဲသခွားတွေ သွက်ပါတယ်။ ဒါပေမဲ့ ဈေးကတော့ ပုံမှန်ပဲ ဖြစ်ပါတယ်။ ပွဲတော်အမီ ဝယ်ကြပေမယ့် ဈေးက တော့ မတက်ပါဘူး''ဟု သစ်သီးဝလံ ကုန်စည်ဒိုင် ဥက္ကဌ ဦးစိုင်းမြင့်ဗိုက ပြောသည်။
.
ဖရဲ၊ သခွားများကို တရုတ်နှစ် သစ်ကူးပွဲတော်အတွက် အလျင်စလို ဝယ်ယူမှုများရှိနေပြီး ပွဲတော်ရက်ပြီး နှောင်းပိုင်းတွင်မူ ဈေးကွက်ကို ကြို တင်မှန်းရန် ခက်ခဲကြောင်းနှင့်ပြီးခဲ့ သည့် ကျင်စန်းကျော့ဂိတ် ရုတ်တ ရက်ပိတ်လိုက်သည့် ကာလ၏ ဖရဲ ဈေးကွက်နှင့် ဆက်နွယ်ဆုံးရှုံးမှု စုစု ပေါင်း ကျပ်သိန်းပေါင်း ၁ သိန်းခွဲ ဝန်းကျင်ခန့်ရှိကြောင်း ¤င်းက ပြော သည်။
.
မူဆယ် ၁ဝ၅ မိုင်အခြေစိုက် ခွာညိုသစ်သီးပွဲရုံတွင် ဇန်နဝါရီလ ၃၁ ရက်က ဖရဲ၊ သခွားများရောင်းချရ သည့် ဈေးနှုန်းများမှာ  ၈၅၅ ခေါ် လုံးသီးများ တစ်တန်လျှင် ၁၂ဝဝ ယွမ်မှ ၁၅ဝဝ ယွမ်အထိ၊ ထဲ့န်ဝမ် ဗဗ-ဗဗဗ ၂၄ဝဝ မှာ ၂၈ဝဝ ယွမ် အထိ၊ ဗဃြ မှာ ၂၂ဝဝ မှ ၂၄ဝဝ ယွမ်အထိ၊ အစေ့မဲ့ ဗဗ-ဗဗဗ ၂ဝဝဝ မှ ၂၅ဝဝ ယွမ်အထိ၊ ဗဃြ ၂ဝဝဝ မှ ၂၃ဝဝ ယွမ်အထိ၊ ရွှေ သခွား ၃၃ဝဝ ယွမ်အထိ၊ ဝူခုံးသ ခွား ၃၃ဝဝ မှ ၅ဝဝဝ ယွမ်အထိ၊ ဖရဲသခွား ၃ဝဝဝ မှ ၃၈ဝဝ ယွမ်အထိ၊ ပိုက်သခွား ၄ဝဝဝ မှ ၅၂ဝဝ ယွမ်အထိ ဈေးရကြောင်း သိရသည်။
.
''၈၅၅ ဖရဲတွေက အဝင်နည်း သလောက် ဈေးပြန်တက်တယ်။ အ ရောင်းအဝယ်သွက်လာတယ်။ ဝယ် လိုအားနဲ့ သင့်တင့်ပါတယ်။ ပွဲတော် အမီ အလျင်စလိုတင်ဖို့ အလုအ ယက်ဝယ်တဲ့သဘောပါ။ ဂျပ်ဖာသီး အဝင်များပေမယ့် ၈၅၅ နဲ့ သခွား ကားတွေ အစီး ၁ဝဝ အောက်မှာပဲ ဝင်ပါတယ်။ ဖော်ပြတဲ့ ဈေးနှုန်းတွေ က ရောင်းတန်းဝင် အရည်အသွေး တွေပါ''ဟု ခွာညိုသစ်သီးပွဲရုံမှ ဦး စိုင်းခင်မောင်က ပြောသည်။
.
လက်ရှိတွင် ငွေဈေးမှာ ၁ ယွမ် လျှင် ၂၁၈ ကျပ်ခန့်ရှိပြီး ဖေဖော်ဝါရီ ၅ ရက် ၆ ရက်များတွင် သစ်သီး အ ရောင်းများ ခေတ္တပိတ်ကာ ၇ ရက် တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ တရုတ်နှစ်သစ်ကူးရက်များ ပြီးပါက ပုံမှန်ဈေး ပြန်ဖြစ်နိုင်မည်ဟု ကုန် သည်များက ခန့်မှန်းကြကြောင်း သိ ရသည်။
.

No comments:

Post a Comment