အောင်ပန်းတွင် နေအိမ်မီးလောင်ရာမှ အသက် ၇၂ နှစ်အရွယ် အဖွားအို သေဆုံးခဲ့ရ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Saturday, February 23, 2019

အောင်ပန်းတွင် နေအိမ်မီးလောင်ရာမှ အသက် ၇၂ နှစ်အရွယ် အဖွားအို သေဆုံးခဲ့ရ


ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မီးကြွင်း မီးကျန်မှတဆင့် မီးကူးစက်လောင်ကျွမ်းရာမှ အသက် ၇၂ နှစ်အရွယ် အဖွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့ရကြောင်း သိရသည်။
.
.
အောင်ပန်းမြို့၊ အမှတ် (၃) ရပ်ကွက်၊ ဈေးလမ်းရှိ နေအိမ်ပိုင်ရှင် ဒေါ်အုန်းကျင်၏ သွပ်မိုး၊ ပျဉ်ထောင် ၂ ထပ် နေအိမ်တွင် ဖေဖော်ဝါရီလ ၂၃ ရက်၊ ည ၉ နာရီအချိန်ခန့်က မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် အိမ်ရှင် ဒေါ်အုန်းကျင် (၇၂ နှစ်) မှာ မီးလောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
မီးလောင်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်သူ/ရပ်ကွက်သားများ အင်အား ၂၀၀ ဦးခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဒေါ်အုန်းကျင်၏ သားဖြစ်သူ စိုးမိုးနိုင် (၃၅ နှစ်) တွင် လက်ဝဲ/ယာ မီးလောင်ဒဏ်ရာ၊ လည်ပင်ပြတ်ရှဒဏ်ရာ၊ ခါးပွန်းပဲ့ဒဏ်ရာ၊ ယာချိုင်း ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး အောင်ပန်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.

No comments:

Post a Comment