အောင်ပန်းမြို့ရှိ အင်ပါယာဖုန်းဆိုင်အား ဖောက်ထွင်း ခိုးယူသူများကို ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, February 7, 2019

အောင်ပန်းမြို့ရှိ အင်ပါယာဖုန်းဆိုင်အား ဖောက်ထွင်း ခိုးယူသူများကို ဖမ်းဆီးရမိ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ အင်ပါယာ ဖုန်းဆိုင်အား ဖော်ထွင်းခိုးယူသူများကို  ဖေဖော်ဝါရီလ ၆ ရက်၊ နေ့လယ်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း အောင်ပန်းမြို့၊ မီးရထားရဲစခန်းမှ သိရှိရသည်။
.
အပိုင်စခန်းက အင်ပါယာဖုန်းဆိုင် ဖောက်ထွင်ခိုးယူခဲ့တဲ့ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်၊ ပထမတော့ ဆိုင်ရှင်က သူဘာသာ စုံစမ်းနေတာမှာ ဒီမနက် အမလာဖွင့်တော့ ရွှေညောင်ဘက်မှာ သတင်း ရထားတာနဲလိုက်လံရှာဖွေရာက တရားခံအမျိုးသမီး ၁ ဥးကို မိပြီး သူကွင်းဆက်အရ ထပ်မံဖမ်းမိခဲ့တာပါ” ဟု အောင်ပန်း မီးရထားရဲစခန်း တပ်ခွဲမှူး ဒုရဲမှူး ဇော်မိုးအောင်က ကမ္ဘောဇတိုင်းသို ပြောသည်။
.


အောင်ပန်းမြို့၊ ရပ်ကွက်(၄)၊ အိမ်အမှတ်(၁၇)နေ အင်ပါယာ ဖုန်းဆိုင်ပိုင်ရှင်မှ ဖေဖော်ဝါရီလ ၆ ရက်၊ နံနက် ၁၁ နာရီခန်တွင် အောင်ပန်းမီးရထားရဲစခန်းသိုလာရောက်ပြီး သူပိုင်ဆိုင်တဲ့ ဖုန်းဆိုင်က တနိုးငွေ ကျပ် ၇၀၃၀၀၀ ရှိ ဖုန်း ၁၃ လုံးကို ဇန်န၀ါရီလ ၃၁ ရက်၊ ညပိုင်း၌ ဖောက်ထွင်း ခိုးယူခံခဲ့ရသောကြောင့် ၄င်းအစီအစဉ်ဖြင့် လိုက်လံ စုံစမ်း ရှာဖွေနေခဲ့သော်လည်း ရှာဖွေတွေ့ရှိခြင်း မရှိဖေဖော်ဝါရီလ ၆ ရက်၊ နံနက်တွင် လာရောက်အမဖွင့်လှစ် တိုင်တန်းခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်ခဲ့ရာ ရွှေညောင်မြို့၊ ရွှေဘုံသာရပ်ကွက်၊ မီးရထားဝန်းနေသူ မခင်မိုးဆွေအား မသင်္ကာဖွယ်ရာ လက်ကိုင်ဖုန်း တစ်လုံးနှင့် အတူ တွေ့ရှိ၍ သက်သေများဖြင့် စစ်ဆေးမေးမြန်းရာ ဇန်န၀ါရီလ ၃၁ ရက်၌ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ ဘိဇပ်ကုန်းကျေးရွာနေ အောင်ထူးရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ၄၉ ရပ်ကွက်၊ ဒူးယားလမ်းနေ မလဲ့လဲ့ဝင်းတို့နှင့်အတူ အင်ပါယာဖုန်းဆိုင်အား ဖောက်ထွင်းပြီး လက်ကိုင်ဖုန်း ၁၃ လုံးကို ခိုးယူခဲ့ကြောင်း ထွက်ဆိုသဖြင့် တရားခံများအား ဖေဖော်ဝါရီလ ၆ ရက်၊ နေ့လယ်ပိုင်းတွင် ဖမ်းဆီး ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ဖုန်းဆိုင်အား ဖောက်ထွင်း၍ တယ်လီဖုန်း ခိုးယူသူများကို အောင်ပန်း မီးရထားရဲစခန်းမှ (ပ) ၁/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အမဖွင့်လှစ်ကလောမြို့မရဲစခန်း ချုပ်နှောင်ထားကြောင်း သိရသည်။

No comments:

Post a Comment