မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
မူဆယ်မြို့တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ ထုတ်ကုန်များ အပြန်အလှန် ထိန်းကျောင်းနိုင်ရေးအတွက်
စားသုံးသူကာကွယ်ရေး စင်တာများကို နှစ်နိုင်ငံ နယ်စပ်မြို့များတွင်
ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လားရှိုးမြို့ရှိ ပြည်နယ်ခွဲ
စားသုံးသူရေးရာ ဦးစီးဌာနမှ သိရှိရသည်။
.
အဆိုပါ
စားသုံးသူကာကွယ်ရေး စင်တာများကို မြန်မာနိုင်ငံဘက်ခြမ်း၊ မူဆယ်မြို့အပြင်
တရုတ်နိုင်ငံ၊ တယ် ဟုန်ပြည်နယ်၊ ရွှေလီမြို့တွင်လည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
သိရ သည်။
.
“မူဆယ်မှာ
ခရိုင်အဆင့် စား သုံးသူရေးရာဌာန ရှိနေပါတယ်။ အဲ ဒါကို အဆင့်မြှင့်တင်မှုလုပ်ပြီး
ဖွင့် ဖို့ ရှိပါမယ်။ လိုအပ်တဲ့ ငွေကြေး၊စစ် ဆေးရေး ကိရိယာတွေအတွက် စီစဉ်ဆောင်
ရွက်နေတယ်လို့ သိရပါ တယ်။ စားသုံးသူ တိုင်ကြားဌာန မှလည်း တိုင်ကြားနိုင်သလို ကွင်း
ဆင်း စစ်ဆေးတွေ့ရှိမှုတွေကိုလည်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု လားရှိုးမြို့ရှိ ပြည်နယ်ခွဲ စားသုံး သူရေးရာဦးစီးဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းသန့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြီးခဲ့သည့်
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ လ ၁၁ ရက်က မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သည်ကြီးများအသင်း
အစည်းအဝေးခန်းမတွင် စားသုံးသူ ရေးရာ ဦးစီးဌာနနှင့် တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်
စားသုံးသူအသင်း တို့ စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာ ကိစ်္စရပ်များ
ညှိနှိုင်းဆွေးနွေး ရာတွင် စားသုံးသူ သတင်းပြန်ကြား ရေးနှင့် တိုင်ကြားမှု
လက်ခံဆောင် ရွက်ရေးစင်တာကို အမြန်ဖွင့်လှစ်ဆောင် ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
.
“အဓိကကတော့
ပြည်တွင်းကို ၀င်ရောက်လာမယ့် တရုတ်ဘက်က ထုတ်ကုန်တွေနဲ့ ပတ်သက်လို့ စား သုံးသူတွေ
နစ်နာမယ်ဆိုရင် တရုတ် နိုင်ငံ စားသုံးသူကာကွယ်ရေးစင်တာ ကို ချက်ခြင်းသတင်းပို့
အရေးယူနိုင်ဖို့ ဆောင်ရွက်မှာဖြစ်ပါတယ်။ မြန် မာဘက်ကလည်း တရုတ်ကိုပို့တဲ့
ထုတ်ကုန်တွေမှာ သူတို့စားသုံးသူတွေ နစ်နာမယ်ဆိုရင် ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ပါ” ဟု နေပြည်တော် ရှိ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်
ကြားရေးမှူး ဦးဆွေတင့်ကြူးက ပြောသည်။
.
နှစ်နိုင်ငံနယ်စပ်တွင်
အပြန်အလှန် တင်သွင်းလျက်ရှိသည့် သွင်း ကုန်/ထုတ်ကုန်များအတွက် စားသုံးသူ အခွင့်အရေးကို
ကာကွယ်စောင့် ရှောက်နိုင်ရန် အဆိုပါ စင်တာများ အား ယခုနှစ်အတွင်း ဖွင့်လှစ်သွား
မည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment