ကျိုင်းတုံဈေးဝန်းကျင်၌ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးအတွက် ရှမ်းပြည်နယ် စည်ပင်ဝန်ကြီး လမ်းညွှန် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, February 13, 2019

ကျိုင်းတုံဈေးဝန်းကျင်၌ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေးအတွက် ရှမ်းပြည်နယ် စည်ပင်ဝန်ကြီး လမ်းညွှန်


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ မြို့မဈေး ပတ်ဝန်းကျင်ရှိ လမ်းများ၌ ဈေးဖွင့်ချိန်၊ ကျောင်း/ရုံးတက် ချိန်များတွင် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စည်ပင်သာယာရေး ၀န်ကြီး ဦးစိုင်းစွံဆိုင်းသည် ဖေဖော်ဝါရီလ ၆ ရက်က မြေပြင်အခြေအနေများကို ကွင်းဆင်း ကြည့်ရှုခဲ့ပြီး လူနှင့် ယာဉ်အသွားအ လာများချိန်တွင် လမ်းပိတ်ဆို့မှုမဖြစ် စေရေးအတွက် လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရသည်။
.
ပြည်နယ်ဝန်ကြီး၏ လမ်းညွှန် မှာကြားချက်နှင့် ပတ်သက်၍ ကျိုင်း တုံဒေသခံ အစိုးရ၀န်ထမ်းတစ်ဦးက မနက်ပိုင်းအချိန်တွေဆိုရင် ကုန်တင်ယာဉ်ကြီးတွေကို ပေးမ၀င်ဘူး ဆိုရင်တော့ ထိုက်သင့်သလောက် အဆင်ပြေနိုင်ပါတယ်။ ကျန်တဲ့ဈေး ပတ်လမ်းတွေမှာရှိနေတဲ့ ကုန်တင် ယာဉ်ငယ်တွေ၊ အငှားယာဉ်တွေ၊ ဈေးဝယ်ယာဉ်နဲ့ လမ်းပေါ် ကျူးကျော် ဈေးဆိုင်တွေကို စည်းကမ်းသတ်မှတ် ပေးလိုက်မယ်ဆိုရင်တော့ ကောင်း သွားပါလိမ့်မယ်ဟု ၎င်း၏အမြင်ကို ပြောသည်။
.


ကျိုင်းတုံ မြို့ရှောင်လမ်းအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်နိုင်ရန် လျာထားဆောင် ရွက်လျက်ရှိပြီး ယင်းမြို့ရှောင်လမ်းအား ဖောက်လုပ်နိုင်ပါက တောင်ကြီး- ကျိုင်းတုံ-တာချီလိတ် အသွား/အပြန် ကုန်တင်ယာဉ်များသည် မြို့ရှောင်လမ်းကို အသုံးပြု၍ သွား လာနိုင်မည်ဖြစ်သော်လည်း မြန်မာ့ ရေနံနှင့် ရေနံထွက်ပစ္စည်း ဖြန့်ဖြူးရေး လုပ်ငန်းဌာနသို့ ၀င်ထွက်နေသည့် လောင်စာဆီတင်ယာဉ်များ၊ အငှား ယာဉ်နှင့် ကိုယ်ပိုင်မော်တော်ယာဉ် များ၊ စည်းကမ်းမဲ့ ကျူးကျော်ဈေး သည်များက ယာဉ်သွားလာမှုအတွက် အဟန့်အတား ဖြစ်နေသည်ဟု ဒေ သခံများမှ ပြောဆိုလျက် ရှိသည်။
.
ကျိုင်းတုံမြို့မဈေး ပတ်လည်ရှိ ကောက်ကော့ (၁) လမ်း၊ နောင်ရေး လမ်း၊ ပါလို့ (၁) လမ်းတို့တွင် နံ နက်ခင်းပိုင်းဈေး၊ ကျောင်း၊ ရုံးတက် ချိန်များ၌ လူနှင့် ယာဉ်မျိုးစုံ ဖြတ် သန်းသွားလာလျက်ရှိရာ ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားတတ် လေ့ရှိကြောင်း ကျိုင်းတုံဒေသခံများ မှ ဝေဖန်ပြောဆိုလျက်ရှိကြောင်း သိ ရသည်။
.
ထိုသို့ ကွင်းဆင်းစစ်ဆေးကြည့် ရှုရာတွင် ပြည်နယ်ဝန်ကြီးက လမ်းပိတ်ဆို့မှု ဖြစ်ပေါ်စေနိုင်သည်များအား ရှင်းလင်းရေးအတွက် လိုက်နာ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်ဟု ကျိုင်းတုံမြို့နယ် စည်ပင် သာယာရေးကော်မတီမှ သိရသည်။
.

No comments:

Post a Comment