တာချီလိတ်တွင် ထိုင်းနိုင်ငံသား ၆ ဦးကို အင်တာနက် လောင်းကစားဂိမ်းမှုနှင့် လူဝင်မှုတို့ဖြင့် အရေးယူ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, February 13, 2019

တာချီလိတ်တွင် ထိုင်းနိုင်ငံသား ၆ ဦးကို အင်တာနက် လောင်းကစားဂိမ်းမှုနှင့် လူဝင်မှုတို့ဖြင့် အရေးယူ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်း၊ ကျောက်စိမ်း သောက်ရေသန့် လမ်းတွင် ဖေဖော်ဝါရီလ ၁၂ ရက်၊ ညပိုင်းက တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်း လုပ်ငန်းများ လုပ်ကိုင်၍ ဗီဇာစည်းကမ်းချိုးဖောက်သည့် ထိုင်းနိုင်ငံသား ၆ ဦးကို အရေးယူဆောင်ရွက်ထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
.
.
တာချီလိတ်မြို့မရဲစခန်းက နယ်ထိန်းခေါင်းဆောင် ရဲအုပ်ကိုကိုဦး အပါအဝင် ပူးပေါင်းတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက်ညနေ ၃ နာရီခန့်တွင် သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့တွင်း၊ ကျောက်စိမ်းသောက်ရေသန့်လမ်းရှိ နေအိမ်တစ်လုံးတွင် အင်တာနက်အသုံးပြု၍ ထိုင်းနိုင်ငံသားများ တရားမဝင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်အပေါ်ထပ်အတွင်း ထိုင်းနိုင်ငံသား Mr.Tui (၂၅ နှစ်)၊ Mr.Narait Detrittha weesak (၂၁ နှစ်)၊ Mr.PhaKhum Thipchai (၂၁ နှစ်) ၊ Mr.Teerasit Saelee (၂၅ နှစ်)၊ Mr.Chirawat Mongkhonli (၂၁ နှစ်)နှင့် ထိုင်းနိုင်ငံသူ Ms.Onanon Payalung (၂၁ နှစ်)၊ စုစုပေါင်း ၆ ဦးတို့အား တရားမဝင် အွန်လိုင်းလောင်း ကစားဂိမ်းပြုလုပ်သော ဆက်စပ် ပစ္စည်းများဖြစ်သည့် တံဆိပ်မျိုးစုံ ကွန်ပျူတာ၊ မော်နီတာစက် ၁၁ လုံး၊ မားသားဘုတ် ၇ လုံး၊ USB ဘတ္ထရီ ရှစ်လုံး၊ ဖုန်းမျိုးစုံ ကိုလုံးနှင့် Wifi လွှင့်စက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
''ဖမ်းဆီးရမိတဲ့ ထိုင်းနိုင်ငံသား ၆ ဦးက တာချီလိတ်မြို့ကို မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည်ရေးတံတားကနေ  တရားဝင်ရောက်ခဲ့ပေမဲ့ တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့အတွက် ဗီဇာ စည်းကမ်း ချိုးဖောက်တာဖြစ်လို့ လောင်းကစားဥပဒေနဲ့ကော လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဌာန်းချက်များ အက်ဥပဒေနဲ့ကော အရေးယူထားပါတယ်'' ဟု တာချီလိတ်မြို့နယ်လဝကမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
.
သို့ဖြစ်၍ တရားမဝင် အွန်လိုင်းလောင်းကစားဂိမ်းလုပ်ငန်းများ လုပ်ကိုင်၍ ဗီဇာစည်းကမ်းချိုးဖောက်သည့် ထိုင်းနိုင်ငံသား ၆ ဦးကို တာချီလိတ်မြို့မရဲ့စခန်းက (ပ)၇၁/၂ဝ၁၉၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေး လတ်တလော ပြဌာန်းချက်များ အက်ဥပဒေပုဒ်မ ၁၃(၁)ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment