နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရှမ်းပြည်နယ်သို့ လာရောက်မည် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, February 2, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရှမ်းပြည်နယ်သို့ လာရောက်မည်


မင်းဇော်မင်း
.
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ပထမပတ်အတွင်း၌ ရှမ်းပြည်နယ်အတွင်းသို့ လာရောက်မည် ဖြစ်ပြီး ခရီးစဉ်တွင် သံလွင်မြစ်ကူး(တာဆန်း)တံတား ပန္နက် ရိုက်မည့် အစီအစဉ် ပါရှိကြောင်း မိုင်းတုံမြို့တွင် ဇန်န၀ါရီလ ၃၀ ရက်က ပြုလုပ်သည့် နိုင်ငံရေးပါတီများ၊ ဌာဆိုင်ရာများနှင့် လူထု တွေ့ဆုံဆွေးနွေးပွဲအရ သိရသည်။
.
နိုင်ငံတော်၏ အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်များ လာရောက်မမရှိခဲ့သည့် မိုင်းတုံသို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် တာဆန်းတံတားအသစ်ကို ပန္နက်ရိုက်ရန် ရောက်ရှိလာမည် ဖြစ်ပြီး မိုင်းတုံတွင်လည်း လူထုနှင့် တွေ့ဆုံကာ နေလယ်စာ သုံးဆောင်မည်ဖြစ်သဖြင့် လိုအပ်သည်များ ကူညီ လုပ်ဆောင်ပေးကြရန်နှင့် ခရီးစဉ် အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်ပေးရန်အတွက် မိုင်းတုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေအောင်က အဆိုပါ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
.

မိုင်းပန်ဖက်က အင်အား ၄၀၀ လောက် တက်ဖို့ တံတားအသစ်ပန္နက်ချပွဲ အုပ်ချုပ်ရေးက စီမံနေပါတယ်၊ ဖိတ်စာရရင်တော့ သွားပါ့မယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တံတားပန္နက်ချမယ်လိုတော့ သိရတယ်ဟု မိုင်းပန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနောင့်က ပြောသည်။
.
ထို့အတူ မိုင်းတုံမှလည်း လားဟူတိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသားများမှ ၀တ်စုံပြည့်ဖြင့် အင်အား ရာကျော် သွားရောက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များထံမှ သိရသည်။
.
ဒေါ်အောင်ဆန်းကြည် လာရင် ကောင်းတာပေါ့ မြင်လဲမြင်ရမယ်၊ မြိုအတွက် အကျိုးရှိတာတွေလည်း ရမယ်ဆိုရင် ဂုဏ်ယူရတာပေါ့ဟု မိုင်းတုံမြို့မ ဒေါ်နန်းကြာက ပြောသည်။
.

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၏ မြို့တော် ကျိုင်းတုံနှင့် တာချီလိတ်သို့ပါ လာရောက်မည့် အစီအစဉ်များ ရှိနေခြင်းကြောင့် မိုင်းတုံသို့ လာရောက်မည်မှာ အတည် မပြုနိုင်သေးဘဲ ရှမ်းပြည်နယ်အရှေ့ပိုင်း ခရီးစဉ် ပြီးပါက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့သို့လည်း လာရောက်ရန် ရှိနေကြောင်း သိရသည်။

No comments:

Post a Comment