ကျောက်မဲတွင် စစ်ဘေးတိမ်းရှောင်သူ ဦးရေ ၁၀၀၀ ကျော် ရှိလာနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, February 13, 2019

ကျောက်မဲတွင် စစ်ဘေးတိမ်းရှောင်သူ ဦးရေ ၁၀၀၀ ကျော် ရှိလာနေ


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းမှ စစ်ဘေးအန္တရာ် တိမ်းရှောင်သည့် ဒေသခံများသည် ကျောက်မဲမြို့ပေါ် စစ်ရှောင်စခန်းများသိုတိမ်းရှောင် ရောက်ရှိလာမများပြားလာနေလျက်ရှိပြီး ဖေဖော်ဝါရီလ ၁၂ရက်၊ ညပိုင်းထိ စစ်ရှောင်အင်အား ၁၀၀၀ ကျော်အထိ ရောက်ရှိလာနေကြောင်း သိရသည်။
.
တိုက်ပွဲတွေက မြို့တောင်ဘက် ၈ မိုင် ၀န်းကျင်ကနေ အရှေ့ဖက်ကို ကျယ်ပြန်လာနေတဲ့ အနေအထားကြောင့် အရှေ့ တောင်ဘက် နားပြိန်းအုပ်စု လွယ်ဆာရွာက စစ်ရှောင်တွေ နမ့်စစ်လင်းကျောင်း စစ်ရှောင်စခန်းကို ပည်ထောင်စုနေညက ရောက်လာပါပြီ အခြားနေရာတွေမှာ ပြည်ထောင်စုနေညစာစားပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပနေသလို ဒီမှာလဲ ဒုက္ခရောက်လာတဲ့ ပြည်သူတွေလဲ သောကတွေ ကြောက်လန့်မတွေနဲကျင်းပနေရကြတယ်ဗျာဟု စစ်ရှောင်ပြည်သူများအား ကူညီနေသူ ကိုသားဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.


ကျောက်မဲမြို့ပေါ်ရှိ စစ်ရှောင်စခန်းများသို ရောက်ရှိလာသည့် စစ်ရှောင်သ ၁၀၀၀ ၏ နေထိုင်စားသောက်ရေးကို  ကူညီ လုပ်ဆောင်နေသော ဒေသခံများအတွက် ခက်ခဲမများပြားလာနေခြင်းကြောင့် ပြင်ပအကူအညီများ ယခုထက် ပိုမိုလိုအပ်လာနေကြောင်းနှင့် စစ်ရှာင်ပြည်သူများတွင် ကိုယ်ဝန်ဆောင်များ၊ ကလေးမိခင်များ၊ ကလေးငယ်များ ပါဝင်နေခြင်းကြောင့် NGO များ အနေဖြင့် လာရောက် ကူညီလုပ်ဆောင်ပေးနိုင်ပါက အထူး သင့်တော်မည် ဖြစ်ကြောင်းကိုလည်း ကိုသားဇော်က ဆက်လက် ပြောကြားခဲ့သည်။
.
ကျောက်မဲမြို့၏ ၈ မိုင်ခန်အကွာ တောင်ဘက် ပန်လော့ကျေးရွာဝန်းကျင်ဖေဖော်ဝါရီလ ၉ ရက်က စတင်ဖြစ်ပွားခဲ့ သည့် RCSS နှင့် SSPP ရှမ်းတိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့၏ တိုက်ပွဲပဋိပက္ခများသည် နားပြင်၊ နားပုံ၊ နားပြိန်း၊ ကောင်းဟုန်၊ လွယ်မွန်း၊ နားတွမ်နှင့် လွယ်ဆာကျေးရွာများ ရှိသည့် အရှေ့ဘက်သို့ ကျယ်ပြန့်လာနေခြင်းကြောင့် ၄ ရက်တာ အတွင်း စစ်ရှောင်ပြည်သူ ၁၀၀၀ ခန့်မှာ အိုးအိမ်များကွိုန်ခွာကာ ကျောက်မဲမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ စစ်ရှောင်စခန်းများသို ခိုလှုံ ရောက်ရှိနေကြခြင်း ဖြစ်သည်။
.
ကလေးငယ်တွေအတွက် သေးခံအ၀တ်ကအစ မုန်တွေ၊ ဆန်တွေ လိုအပ်တာတွေ ကူညီပေးနေပါတယ် လူမျိုး
မခွဲခြားဘဲ လူသားအချင်းချင်း ကူညီစောင့်ရှောက်ပေးနေတာပါ ဖြစ်နေတဲ့စစ်တွေ အမြန်ရပ်ပြီး အေးချမ်း စေချင်လှပါပြီ ပြည်သူတွေလည်း ဒုက္ခကြီးလှပါပြီဟု ကျောက်မဲမြို့အခြေစိုက် အိုမ်တမာဝ် လူမှုကူညီရေး
အသင်းမှ ဒေါ်နွယ်နီထွန်းက ပြောသည်။
.
ထို့အတူ အသက် ၇၀ ကျော်အရွယ် စစ်ရှောင်အဘွား တစ်ဦးမှလည်း “ ခုချိန်က ယာလုပ်၊ ပြောင်းစိုက်၊ စပါးရိတ်ရမယ့် အချိန်မှာ ဒုက္ခတွေနဲ့အိုးအိမ်တွေ ပစ်ပြေးနေကြရတယ် အချို့လည်း ပြေးနေရပေမယ့် သူတို့ခေါ်တဲ့ ကိစ္စတွေအတွက် ပြန်သွားပြီး လုပ်ပေးရတာတွေ ရှိနေလို့ ပြေးလည်း မလွတ်ဘူးပေါ့၊ ရှမ်းအချင်းချင်း ဖြစ်လို့ စာနာသနားကြပါလိုတောင်းပန်ပါတယ်ဟု ကမ္ဘောဇတိုင်းသို့ (ရှမ်းဘာသာဖြင့်) ပြောကြားခဲ့သည်။
.
ဖေဖော်ဝါရီ ၁၂ ရက် ၊ ညပိုင်းထိ စာရင်းများအရ နမ့်စစ်လင်းကျောင်းတွင် နားပုံရွာမှ အိမ်ထောင်စု ၁၇ စု၊ ၆၁ ဦး၊ နားပြိန်းရွာမှ အိမ်ထောင်စု ၅ စု၊ ၁၂ ဦး၊ ကောင်းဟုန်ရွာမှ အိမ်ထောင်စု ၂ စု၊ ၈ ဦး၊ လွယ်မွန်းရွာမှ အိမ်ထောင်စု ၁၂ စု၊ ၃၃ ဥး၊ နားထွမ်ရွာမှ အိမ်ထောင်စု ၃ စု၊ ၉ ဦးနှင့် နောက်ဆုံးရောက်ရှိသည့် မသန်စွမ်းသူ ၂ ဦးအ၀င် စုစုပေါင်း ၁၂၃ ဦး၊ ရွှေကျင်ကျောင်းတိုက်တွင် ပန်လော့ကျေးရွာမှ အိမ်ထောင်စု ၁၂၄ စု၊ ၃၈၃ ဦး၊ အောင်ဆုပန် ကျောင်းတိုက်တွင် အိမ်ထောင်စု ၉၀ စု၊ ၃၀၇ ဦး တိုအပြင် စာရင်းပြုစုဆဲ ဖြစ်သော လွယ်ဆာရွာမှ လူဦးရေ ၁၄၀ ကျော်နှင့် မြို့ပေါ်ရှိ ဆွေမျိုးများ နေအိမ်သိုရောက်ရှိနေသူများဖြင့် ဆိုပါက ဦးရေ ၁၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment