အောင်ဆန်းအက်တလီ စာချုပ်က မွေးဖွားလာသော ပြည်ထောင်စုနေ့ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, February 12, 2019

အောင်ဆန်းအက်တလီ စာချုပ်က မွေးဖွားလာသော ပြည်ထောင်စုနေ့

ဆာယာ-လှမြင့်
.
.
လွတ်လပ်ရေးအောင်ပွဲကြီးပြီးတော့ ညီ အောင်ပြုတဲ့ ပြည်ထောင်စုပွဲကြီး ရောက်ပြန်ပြီ ပေါ့။ တကယ်တမ်း မြန်မာ့သမိုင်းကို ပြန်ကြည့် လျှင် ၁၉၄၇ ပင်လုံ ပြည်ထောင်စု ညီလာခံပြီး မှ နောင်တစ်နှစ်အကြာ ၁၉၄၈ ခုနှစ်မှာ မြန်မာ့ လွတ်လပ်ရေး ရခဲ့တာပါ။ ဆိုရလျှင် ၂ဝ ရာစု ပင်လုံညီလာခံက အရင်၊ အဲဒီနောက် လွတ်လပ် ရေးရခဲ့တော့သတည်း။ ကျွန်တော်သည်လိုပဲ အ မှန်ကို သိထားပါ၏။ ဤသို့ပင် ဖြစ်ခဲ့သော် လည်း မြန်မာပြည်မှာ-
.
လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပြည်တွင်း စစ်မီးတွေ တောက်လာခဲ့၏။ ခုထိ မငြိမ်းနိုင်ကြ သေးပါ။ NLD အစိုးရ ဦးဆောင်တဲ့ ၂၁ ပင်လုံ ညီလာခံဟူ၍ ထပ်လုပ်နေရပြန်သေး၏။ ထိုညီ လာခံ အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့လျှင် ပြည်တွင်းစစ်တွေ ငြိမ်းပြီထင်ရဲ့။ တိုက်ပွဲရှောင် တွေလည်း မရှိစေချင်တော့ပါ။ ပြည်ထောင်စုနေ့ စာချုပ်ကို ချုပ်နိုင်ခဲ့ခြင်းသည် ဟိုတုန်းက တိုင်း ရင်းသားတွေ သွေးစည်းညီညွတ်ခြင်း အရင်းခံ တည်ခဲ့၍သာ ဖြစ်၏။ လွတ်လပ်သော နိုင်ငံတစ် ခုသည် နိုင်ငံရဲ့ နယ်နိမိတ်၊ လူဦးရေ၊အစိုးရတစ် ရပ်၊ အချုပ်အခြာအာဏာ၊ နိုင်ငံတကာ အသိ အမှတ်ပြု ဆိုပေမယ့် ဟိုတစ်ခါ ပင်လုံစာချုပ် ကဲ့သို့ မညီညွတ်ခဲ့ကြလျှင် ပြည်တွင်းစစ်တွေက ဖြစ်မြဲ ဖြစ်နေမှာပဲ။
.
နှစ်ပေါင်း (၇၁)နှစ် ရှိလာပြီးဖြစ်တဲ့ ပြည် ထောင်စုနေ့ ဖြစ်လာဖို့ လွယ်လင့်တကူတော့ မဟုတ်ပါချေ။ သမိုင်းဝင် အောင်ဆန်းအက်တ လီစာချုပ်ကို ပြန်ကြည့်ပါ။ ပထမအနေနဲ့ စာ ချုပ်ရဲ့ နောက်ဆက်တွဲမှာ အင်္ဂလိပ်လို Note of dissent by U Saw and Thakin Ba Sein ဦးစောနှင့် သခင်ဗစိန်တို့၏ သဘောတူ ကြောင်း မှတ်ချက်ပါတဲ့ စာပိုဒ်ကို တွေ့ရပါမည်။ အကျယ်တဝင့် သိလိုက တက္ကသိုလ်နေဝင်းရေး တဲ့ လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းမှာ ရှာ ဖွေလို့ ကြည့်နိုင်ပါ၏။ သို့သော် ထိုကန့်ကွက် ချက်က ဘာမှ အရေးမပါခဲ့ပေ။
.
ဒုတိယအနေနဲ့ ဗြိတိသျှတို့က ထိုစာချုပ်မှာ ''မြှုပ်ကွက်''တစ်ခု လုပ်စားပြန်သည်။ စာချုပ် ၏ အပိုဒ် (၈)၊ အပိုဒ်ခွဲ (ခ)မှာ ''ပြည်နယ်အသီး သီးမှ လူမျိုးစုခေါင်းဆောင်များက မိမိတို့သည် လည်း မြန်မာပြည်မနှင့် အေးအတူ ပူအမျှ လုံး ဝလွတ်လပ်ရေး ရချင်ပါမည်ဟု ဆန္ဒသဘော ထား တိကျပြတ်သားစွာပေးရန် ၁၉၄၇ ခု ဖေ ဖော်ဝါရီလတွင် ကျင်းပမည့် ပင်လုံညီလာခံ၌ မေးမြန်းဆန္ဒယူရမည်''ဟု ဆိုထား၏။ ဤအချက်သည် လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် အကောင်အထည် ပေါ်လာရေး ကို ဟန့်တားနေခဲ့၏။ သို့သော် ဗိုလ်ချုပ်သည် ဤကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ကြောင့်ကြခြင်း မရှိပါ။ ဗိုလ်ချုပ်ရင်ထဲသို့ တိုင်းရင်းသားတို့၏ သွေးစည်းမှုတွေ တိုးဝင်နေပြီထင့်။
.
စာချုပ်ကို ဆက်ဖတ်ကြည့်လိုက်ပြန်တော့ လွတ်လပ်ရေးကို ဈေးဆစ်ထားတာ တွေ့ရ၏။ မြန်မာနိုင်ငံသူ နိုင်ငံသားတို့သည် ဗြိတိသျှဓန သဟာယနိုင်ငံများ အဖွဲ့အစည်းအတွင်း (သို့) ပြင်ပတွင် လွတ်လပ်ရေးကို ရယူပိုင်ခွင့်ရှိသည် တဲ့။ ဗိုလ်ချုပ်သည် ဤအချက်ကို ဘဝင်မကျ သော်လည်း အဆင်ပြေပါစေတော့ရယ်လို့ လက် မှတ်ရေးထိုးပေးခဲ့ပါ၏။ ဗိုလ်ချုပ်နှင့်ကိုယ်စားလှယ် ခေါင်းဆောင်တွေ လိုချင်သည်က သီးခြားလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် နိုင်ငံအဖြစ်သာ ရပ်တည်သွားချင်တာမို့ အိန္ဒိယ၊ ပါကစ္စတန်တို့လို ဇနသဟာယ နိုင်ငံအဖွဲ့တွင် ယနေ့အထိ မနေခဲ့ပါဘူး။ အသေအချာ စဉ်းစား ကြည့်တော့ လွတ်လပ်ရေးကို ဈေးဆစ်လိုက် တဲ့သဘော။ ဘယ်လိုပင် ဈေးဆစ်ဈေးဆစ် နှစ်ဦးနှစ်ဖက် ဘာပြဿနာမှ မဖြစ်ခဲ့။
.
သို့သော် ရန်ကုန်မှာ တက္ကစီကားသမားနှင့် ကားငှားစီးသူ အမျိုးသမီးတို့ ကားခဈေးဆစ် ကြရာမှ မကြေမလည် ဖြစ်ကြပြီး ကားသမားက အမျိုးသမီးကို လည်ပင်းဝက်အူလှည့်နှင့်ထိုး ယုတ်မာစွာ အဓမ္မကျင့်၊ ရက်စက်စွာ သတ်ပစ် လိုက်တဲ့သတင်းဆိုး အကျည်းတန် အရုပ်ဆိုး လျက် အမျိုးသမီးထုရဲ့ လုံခြုံမှုကို ရတက်မ အေးစွာ ဖြစ်ပျက်သွားခဲ့ပါတော့သည်။
.
မြန်မာတို့ရဲ့ ဌာနီမှာ လုံခြုံရေးနှင့် တရားဥ ပဒေ စိုးမိုးရေးက အားနည်းနေသေးတယ် ဆို တဲ့ အနေအထား။ ထောင်ထဲမှာ လူပြည့်နေတယ်။ နှစ်ကြီးသမားတွေ၊ သက်ကြီးရွယ်အိုတွေ ပြန်လွှတ်သင့်တယ်လို့ ဝေဖန်ထောက်ပြနေကြ ပြီ။ လုံခြုံရေး စိတ်မချရသေးလို့ အပြစ်မဲ့ပြည် သူတွေ တိုက်ပွဲရှောင်နေရတာပေါ့။ ကချင်ပြည်နယ်မှာ တံတားပေါင်း (၁ဝဝ)လောက် ပျက်စီး သွားပြီဆိုတာ ကြားရတဲ့အတွက် ဆရာတော် ဒေါက်တာရှင်ဉာဏိသရက သီတဂူစန်းလပမာ ချမ်းမြသာယာအောင် တံတားတွေ ပြင်ပေးချင်ပေမယ့် ''ဒိုင်း''ကနဲ အသံတွေ ကြောက်လို့ မ ပြင်ရဲတော့ဘူးတဲ့။ ကြားဖူးနားဝ ရှိသည်မှာ ဂျပန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်နေခြင်းသည် ပြည်တွင်း စစ်တွေ မရှိနေတာလည်း ပါတယ်ဆိုပဲ။ ဖြစ်နိုင် ပါတယ်။
.
မြန်မာ့အခြေအနေကို မျှော်ကြည့်လိုက် တော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေနှင့် အလှမ်းဝေးနေဆဲပါ။ တစ်မျိုးသားလုံးရဲ့ ဘုံရန်သူ အဖြစ် အခြားဂြိုလ်က အန္တရာယ်ပေးမယ့် ဂြိုလ် ကောင်ကြီးတစ်ကောင် မြန်မာ့မြေပေါ်ကျလာ လျှင် ကောင်းမှာပဲ။ ဒါဆိုလျှင် အချင်းချင်းပစ်နေ လို့ မရတော့။ တိုင်းရင်းသားအားလုံး အန္တရာယ် ဟူသမျှ အတူတကွ တွန်းလှန်ကြရတော့မှာ။ ဤသို့ပင် တွေးမိပါတယ်လို့ စာရေးဆရာသု မောင်က စာတစ်ပုဒ်မှာ ရေးသွားခဲ့သည်။ ပြည် တွင်းစစ်တွေ ယနေ့အထိ အတောမသတ်နိုင်ခြင်း မှာ ၂ဝ ရာစု ပင်လုံညီလာခံကဲ့သို့ မညီညွတ်ကြ လို့၊ လက်မတွဲနိုင်ကြလို့ ဆိုလျှင် ဤအဖြေမှန် ပါ၏။
.
ဘုရားလောင်း ဇာတ်တော်တစ်ခုတွင် ဆင်၊ မြောက်၊ ခါသတ္တဝါ သုံးကောင်က သုံးကောင်ထဲ ပဲ မျက်နှာချင်းဆိုင် ဆုံတွေ့၍ဘယ်သူ အသက် ကြီးဆုံးလဲ အဖြေရှာကြရာ ငှက်ဖြစ်တဲ့ခါက မ စင်စွန့်ခဲ့လို့ သူတို့မှီတင်းနေထိုင်တဲ့ ညောင်ပင် ကြီး ပေါက်လာရတာဆိုတော့ သူသာ အသက် အကြီးဆုံးမို့ အားလုံးက ကန့်ကွက်မရှိ ထောက် ခံပြီး ''ခါ''ကို ကျန်နှစ်ကောင်က အသက်ထက် ဆုံး အရိုအသေပေးကာ နေသွားကြပါသတဲ့။ ထိုသုံးကောင်၏ အနေအထားမှာ အရွယ်အစား မတူ၊ သဘာဝတွေ မတူကြပေမယ့် စွန့်လွှတ် ခြင်း ခွင့်လွှတ်ခြင်းတွေနဲ့ သူတို့နှလုံးသားကိုအ လှဆင်ကြတယ်လို့ သည်လိုပဲ ခံစားရမှာပါ။ အ မုန်းစကား မဆိုဘဲ နှလုံးသားကို အလှဆင်တာ၊ လောကမှာ အလှဆုံးပဲ။
.
ပြည်ထောင်စုနေ့ရဲ့ အနှစ်သာရသည်ကား တွဲလက်မဖြုတ်ခြင်းကို ဖော်ဆောင်၏။ တစ်မြေ ထဲနေ၊ တစ်ရေထဲသောက်တဲ့ တိုင်းရင်းသားညီ အစ်ကိုမောင်နှမတွေ အမြန်ဆုံး လက်တွဲနေစေ ချင်ပါ၏။ အကြောင်းရင်းတော့ ရှိကြမှာပါလေ။ ဗိုလ်ချုပ်တို့ခေတ်ကလည်း သွေးစည်းညီညွတ်မှု ကို ဖျက်ခဲ့တာမျိုး ရှိပေမယ့် ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ကြလေ၏။ ဗိုလ်ချုပ်တို့ မြန်မာကိုယ် စား (၁၇)ဦးနှင့် အက်တလီခေါင်းဆောင်တဲ့ ဗြိ တိသျှ ကိုယ်စားလှယ်အဖွဲ့တို့ မြန်မာ့လွတ်လပ် ရေးအတွက် ဆွေးနွေးစဉ်အခါက တောင်တန်း ဒေသ အုပ်ချုပ်ရေးအရာရှိ မစ္စတာစတီဗင်ဆင် ကြိုးဆွဲရာ ကနေကြသော စော်ဘွားအချို့က ဗိုလ်ချုပ်သည် စော်ဘွားများ၏ ကိုယ်စားလှယ် မဟုတ်ပါ။ တောင်တန်းဒေသကိစ္စ ဆွေးနွေးရန် စော်ဘွားများကို သီးသန့်ခေါ်ပါဟု အက်တလီ ထံ ကြေးနန်းရိုက်၍ ကန့်ကွက်ခဲ့ပါသေးသည်။
.
အော် စောလူးမင်းလို လူမျိုးတွေ သည် တုန်းကလည်း ရှိခဲ့ဖူးပါသည်။ ဤကိစ္စကို ရှမ်း ပြည်နယ်လူထုက တောင်ကြီးမြို့မှာ အစည်းအ ဝေးခေါ်ပြီး တောင်တန်းဒေသများသည် မြန်မာ ပြည်နှင့် ပူးပေါင်းပြီး၊ လွတ်လပ်ရေး ရယူလို ကြောင်း၊ ဗိုလ်ချုပ်သည် တောင်တန်းသားများ အတွက် ပြောရေးဆိုခွင့်ရှိပြီး သူ၏ လိုလားချက် များကို အားလုံးက ထောက်ခံပါကြောင်း ကြေး နန်းတစ်စောင် ပြန်ရိုက်ခဲ့ရလေသည်။
.
သည်တော့မှ အောင်ဆန်းအက်တလီစာ ချုပ်ကို (၂၇-၁-၁၉၄၇) လက်မှတ်ရေးထိုးနိုင်ခဲ့၊ ဗိုလ်ချုပ်နှင့်အဖွဲ့ မြန်မာပြည်ပြန်ရောက်၊ စာချုပ် ပါ ကတိအတိုင်း (၇-၂-၁၉၄၇)တွင် ပင်လုံကို အရောက်သွား (၁၂-၂-၁၉၄၇)နေ့ နံနက် (၁ဝ) နာရီအချိန်မှာ မြန်မာကိုယ်စားလှယ် တစ်ဦး (ဗိုလ်ချုပ်)နှင့် တောင်တန်းကိုယ်စားလှယ် (၂၁) ဦးတို့သည် မြန်မာ့ လွတ်လပ်ရေး၏ အခြေခံ ပင်လုံစာချုပ်ကြီးကို လက်မှတ် ရေး ထိုးပြရင်း သွေးစည်းညီညွတ်မှုကို မှတ်တမ်း တင်ခဲ့ကြလေသည်။ တို့ပြည်ထောင်စု ညီ ညွတ်ပြီလို့ ဝင့်ြ<ွကားနိုင်ခဲ့တဲ့ နေ့သည် ပြည် ထောင်စုနေ့ဟူ၍ မြန်မာသမိုင်းမှာ တွင်ခဲ့ပါ၏။ မေ့ပျောက်၍ မရသော ဤနေ့သည် (၇၁)နှစ်မျှ ကြာခဲ့ပြီ ဆိုသော်လည်း စာရေးသူ နှင့် စာဖတ်သူတို့က ပင်လုံစာချုပ် လက်မှတ် မထိုးမီ ပြောခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းကို အ လွမ်းပြေ ကြားချင်ပါသေးတယ်ဆိုလျှင်-
.
''ဗြိတိသျှတို့က တောင်တန်းဒေသတွေကို အောက်ကျနောက်ကျ ဖြစ်နေလို့ လွတ်လပ်ရေး နဲ့ မထိုက်တန်သေး၊ ဒီလိုထင်နေတယ်- ဒီထင် မြင်ချက်ကို မြန်မာတွေက သဘောမတူပါဘူး။ မြန်မာပြည် လွတ်လပ်ရေးရရင် တောင်တန်းဒေ သတွေလည်း လွတ်လပ်ရေးရကို ရရမယ်လို့ မြန်မာများက ထင်မြင်ပါတယ်။ မြန်မာတွေဟာ တောင်တန်းဒေသတွေကို ဗိုလ်ကျ စိုးမိုးလို၍ မ ဟုတ်ပါ။ ပြည်မနှင့် တောင်တန်းဒေသ မခွဲခြား ဘဲ တန်းတူအခွင့်အရေး ရစေချင်လို့ဖြစ်ပါ တယ်။  ဤမိန့်ခွန်းကို ယခုလို ရေးပြလိုက်ရတဲ့ အတွက် ဦးညွတ်ကာပဲ အလေးပြုလိုက်ပါသည် ဗိုလ်ချုပ်။
.
အော် ပိတောက်နှင့် ချယ်ရီကို မွှေးစေ၊ လှစေတဲ့ ပြည်ထောင်စုနေ့ကို မမေ့သောအား ဖြင့် နိဂုံးစကား ဆိုပါအံ့။ ၂ဝ ရာစုပင်လုံစာချုပ် အောင်မြင်ခဲ့သလို ၂၁ ရာစု ပင်လုံညီလာခံများ လည်း ဤသို့ပင် ဖြစ်ချင်တယ် (ဝ) အဖွဲ့အား လုံး ပါဝင်လက်မှတ်ထိုးစေချင်တယ် ဆိုပါက မြတ်ဗုဒ္ဓရဲ့စွမ်းအား (၄)မျိုးကို ကျင့်သုံးစေချင်ပါ တယ်။ (၁) တိုင်းရင်းသားအားလုံး အချင်းချင်း ယုံကြည်မှု တည်ဆောက်နိုင်ခြင်း (၂) ကိုယ် ချင်းစာ တရားကြီးမားနိုင်ခြင်း (၃) စွန့်လွှတ်မှု အားတွေကောင်းခြင်း (၄) တိုင်းပြည်အနာဂတ် အတွက် အကြားအမြင်ကြီးမားသော စိတ်ထား များနှင့် တွေ့ဆုံညှိနှိုင်းအဖြေရှာ နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ပြည်ထောင်စုနေ့ကို ကြိုဆိုလိုက်ရ ပါသတည်း။
.

No comments:

Post a Comment