ဗိုလ်ချုပ် မွေးနေ့ အထိမ်းအမှတ်အဖြစ် အလှူငွေ ၁၁ သိန်းကျော်ကို ဘုန်းကြီးကျောင်းနှင့် မိဘမဲ့ကျောင်းများသို့ လှူဒါန်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, February 13, 2019

ဗိုလ်ချုပ် မွေးနေ့ အထိမ်းအမှတ်အဖြစ် အလှူငွေ ၁၁ သိန်းကျော်ကို ဘုန်းကြီးကျောင်းနှင့် မိဘမဲ့ကျောင်းများသို့ လှူဒါန်း


စိုင်းရာဇာ
.
ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၄ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားအား တောင်ကြီးမြို့ရှိ ဗိုလ်ချုပ်ပန်းခြံအတွင်း၌ တရားဥပဒေ စိုးမိုးရေးကွန်ယက်မှ ဦးဆောင်၍ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားအပြီး ညနေပိုင်းတွင် ဘုန်းကြီးကျောင်းနှင့် မိဘမဲ့ ပရဟိတကျောင်းများသို့ အလှူငွေ ၁၁ သိန်းကျော်ကို တရားဥပဒေ စိုးမိုးရေးကွန်ယက်မှ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
.


လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ဖြစ်ပြီး ရှမ်းပြည်နယ်မှာ ရှိတဲ့ ဗိုလ်ချုပ်ပန်းခြံနဲ့ ၈၈၈၈ အထိမ်းအမှတ် ကျောက်တိုင်မှာ မနက်မိုးသောက် အလင်းရောက်ကတည်းက အားလုံးသော လူငယ်မောင်မယ်များနှင့် တရားဥပဒေစိုးမိုးရေးကွန်ရက်က ဦးဆောင်ပြီး လွတ်လပ်ရေး ဖခင် နှစ်သက်တဲ့ ပဲပြုပ်နဲ့ နံပြားကို လူငယ်တွေ ဗိုလ်ချုပ်ကို သတိရစေဖို့ အတွက်နဲ့ ပဲပြုတ်နဲ့ နံပြားကို ကျွေးလှူခဲ့တာပါ။ ဗိုလ်ချုပ်ဟာ ကောင်းမွန်တဲ့ အစားအစာတွေ ရှိနေပေမဲ့လည်း  ပဲပြုတ်နဲ့ နံပြားကိုသာ စားချင်ခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ ဂုဏ်သိက္ခာကို အောက်မေ့ဖို့အတွက် အခမ်းအနား ဖြစ်မြောက်အောင် လုပ်ဆောင်ကြတဲ့သူတွေကို ကျေးဇူးအထူးတင်ပါတယ်။ လူငယ်များအနေနဲ့လည်း တိုင်းပြည်ရဲ့ အနာဂတ်ကို ကောင်းမွန်အာင် လုပ်ဆောင်သွားကြဖို့ မျော်လင့်ပါတယ်။ ယနေ့လူငယ် နောင်တွင်လူကြီး ဖြစ်ပြီး  လူငယ်ဟာ အနာဂတ်ရဲ့ သမိုင်းတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ပြီး ဗိုလ်ချုပ်နဲ့ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့တဲ့ တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ အာဇာနည်ပုဂ္ဂိုလ်၊ သူရဲကောင်းတွေကိုလည်း အားလုံး သတိရကြပါစေ၊ ဗိုလ်ချုပ်မွေးနေ့ကို အကြောင်းပြုပြီး ဒီနေ့ ကုသိုလ်ပြုခဲ့မှုများကိုလည်း လွတ်လပ်ရေး ဖခင်ဗိုလ်ချုပ်နဲ့ တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေက လွတ်လပ်စွာ နေထိုင်သွားလာတဲ့ သားကောင်းသမီးကောင်းတွေကို မလွန်ကနေ မြင်ပြီး ဝမ်းသာမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံကြီး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ ပြည်သူများ ပူးပေါင်းပြီး ဆောင်ရွက်နိုင်ကြပါစေ” ဟု တောင်ကြီးမြို့ အောင်မြေဘုံစံ ကျောင်းတိုက်မှ ၈၈၈၈ ဆရာတော် ဘဒ္ဒန္တ ခေမာနန္ဒက မိန့်ကြားခဲ့သည်။
.

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော အဝါရောင်မျိုးဆက်သစ် မိဘမဲ့ ပရဟိတကျောင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ သာသနာ့တံခွန် မိဘမဲ့ ပရဟိတကျောင်းနှင့် ဆီဆိုင်မြို့ရှိ ပန်းပျိုးလက် မိဘမဲ့ ပရဟိတကျောင်း ကျောင်းသား/သူများမှ ''အောင်ဆန်းဇာနည်'' ကဗျာအား ရွတ်ဆိုခြင်းများ ပြုလုပ်ပြီးနောက် တရားဥပဒေစိုးမိုးရေးကွန်ယက်မှ တောင်ကြီးမြို့၊ အောင်မြေဘုံစံကျောင်းတိုက် ဆွမ်းစားဆောင် ဆောက်လုပ်ရန် အတွက် အလှူငွေ ၆၅၀၀၀၀ ကျပ်၊ တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ အဝါရောင်မျိုးဆက်သစ်မိဘမဲ့ ပရဟိတကျောင်း၊ အေးသာယာမြို့ရှိ သာသနာ့တံခွန် မိဘမဲ့ ပရဟိတကျောင်းတို့အား အလှူငွေ ၂၄၀၀၀ ကျပ်စီနှင့် ၊ ဆီဆိုင်မြို့ရှိ ပန်းပျိုးလက် မိဘမဲ့ပရဟိတကျောင်းအတွက် အလှူငွေ ၂ သိန်းကျပ်၊ စုစုပေါင်း အလှူငွေ ၁၁၃၀၀၀၀ ကျပ်အား တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment