မူးယစ်ရာဇာ ၇ ဦးနှင့် အတူ မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာသူ ၈၁ ဦးအား ထိုင်းလ၀ကသို့ လွှဲပြောင်း - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Friday, February 8, 2019

မူးယစ်ရာဇာ ၇ ဦးနှင့် အတူ မြန်မာနိုင်ငံသို့ တရားမ၀င် ၀င်ရောက်လာသူ ၈၁ ဦးအား ထိုင်းလ၀ကသို့ လွှဲပြောင်း


မင်းဇော်မင်း
.
ထိုင်းနိုင်ငံမှ အလိုရှိနေသော မူးယစ်ရာဇာ ၇ ဦးနှင့် အတူ နည်းလမ်း ပေါင်းစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်လာသူ ထိုင်းနိုင်ငံသား ၈၁ ဦးအား ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ လူဝင်မကြီးကြပ်ရေးရုံးဖေဖော်ဝါရီ လ ၇ ရက် ၊ ည ၁၁ နာရီခွဲခန့်တွင် မြန်မာနိုင်ငံ တာဝန်ရှိသူများက ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း မိုင်းတုံမြို့နယ်လ၀က်ီးစီးမှူး ဦးသန်းထိုက်ထံမှ သိရသည်။
.
မိုင်းဆတ်ကနေ ကား ၇ စီးနဲခေါ်ယူလာတာ တာချီလိတ်က နားယောင်းအထိ လာစောင့်ခေါ်ပြီးနောက် ည ၁၁ နာရီခွဲမှာ ထိုင်းလ၀ကရဲချုပ်က လာလက်ခံပါတယ်၊ ရဲချုပ်က သတင်းစာရှင်းလင်းပွဲမှာ မူးယစ်တရားခံ ၇ ဦး ပါတယ်လိုတော့ ပြောတယ်၊ ရှမ်းပြည်နယ်လ၀က ညွှန်မှူးက ဦးဆောင် လွှဲပြောင်းပေးတာပါဟုီးစီးမှူး ဦးသန်းထိုက်မှ ကမ္ဘောဇတိုင်းသိုပြောသည်။
.


ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ တာဝန်ရှိသူများမှ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မိုင်းကန်ကျေးရွာရှိ တည်းခိုခန်း ၂ ခုမှ ထိုင်းနိုင်ငံသား ၈၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် ထိုင်းနိုင်ငံလ၀က ရဲချုပ် ဆူရချေ့ဟတ်ဖန်းနှင့် အဖွဲ့ထံသိုမြန်မာနိုင်ငံမှ ရှမ်းပြည်နယ် လူဝင်မကြီးကြပ်ရေးမှူး ဦးဝင်းလွင်၊ ကျိုင်းတုံလ၀က ညွှန်ကြားရေးမှူး ဦးကျော်ဝင်းမေင် တို့ ဦးဆောင်သော တာဝန်ရှိသူများက လွှဲပြောင်း ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ထိုင်းနိုင်ငံ လူဝင်မကြီးကြပ်ရေး အဆင့်မြင့်အရာရှိ ရဲချုပ် ဆူရချေဟတ်ဖန်က အဆိုပါ ဖမ်းဆီးခံ ရသူများနှင့် ပတ်သက်၍ ဖမ်းဆီးခံ ထိုင်းအမျိုးသား ၄၈ ဦး၊ အမျိုးသမီး ၃၃ ဦး တို့တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသော ထိုင်းနိုင်ငံမှ အလိုရှိနေသည့် မူးယစ်ဂိုဏ်း(ဆိုလိုဂိုဏ်း) ခေါင်းဆောင် ပန်န၀၀် ပရထုန် (ခ) ကိုကယ်နှင့် သူ၏ လက်ရုံးအဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ကီတီဆပ်၊ နိုင်ချိုင်နလုံ၊ နမ်ကော်ဝိဖာ၊ နမ့်နဖဒါပေါ်ဟတို့ ပါဝင်ကြောင်းနှင့် ၄င်းတိုသည် ဘိန်းရာဇာအဆင့် မဟုတ်သော်လည်း မူးယစ်မှောင်ခိုသမားများလူယုံဂိုဏ်း စိတ်ကြွဆေးများကို ရောင်းချပေးနေသူများ ဖြစ်ကြပြီး ထိုင်းနိုင်ငံအတွင်းယင်းဆိုလို ဂိုဏ်းဝင် ၁၇ ဦးကို ဖမ်းဆီးရမိထားကြောင်း ဖေဖော်ဝါရီလ ၆ ရက်က သတင်းထုတ်ပြန်ထားသည်။
.

အဆိုပါ လွှဲပြောင်းပေးမကို အိမ်နီးချင်းနိုင်ငံချင်း မိတ်မပျက်ဘဲ သံတမန်နည်းလမ်းအရ ထောက်ထားရှေ့ရှုသည့် အနေဖြင့် နှစ်နိုင်ငံအစိုးရချင်း သဘောတူညီထားမအရ တရားစွဲတင် အရေးယူဆောင်ရွက်ခြင်း မပြုဘဲ မိခင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်း ဖြစကြောင်း သိရသည်။

No comments:

Post a Comment