လားရှိုးတွင် မေထုံမဲ့သားစပ်ခြင်း လုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, February 14, 2019

လားရှိုးတွင် မေထုံမဲ့သားစပ်ခြင်း လုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေ


ရဲရင့်ဇွဲ
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လား ရှိုးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပေးလျက် ရှိသည့် မေထုံမဲ့သားစပ် ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်အောင် မြင်ဖြစ်ထွန်းနေပြီး ဒေသခံပြည် သူများ စိတ်ဝင်စားမှု များပြားလာသ ဖြင့် နွားမွေးမြူသူ များပြားလာနေ ကြောင်း လားရှိုးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
.
.
''ကျွန်တော်တို့ မေထုံမဲ့သားစပ်ခြင်းလုပ်ငန်းကို  ၂ဝ၁၆ ခုနှစ်ရောက်မှ စတင်ဆောင်ရွက်ခဲ့တာပါ။ မေထုံမဲ့ သားစပ်ခြင်းလုပ်ငန်း ဆောင်ရွက်ဖို့ အတွက် သားစပ်ကျွမ်းကျင်သူ ဆရာဝန် ၂ ဦးနဲ့ ဆောင်ရွက်ပါတယ်။ စလုပ်တဲ့ အချိန်တုန်းကတော့ သိပ်ပြီးမတွင်ကျယ်ပါဘူး။ အခုနောက် ပိုင်းကျတော့ ပိုသိလာကြပြီး ပိုစိတ်ဝင်စားလာကြ ပါတယ်။ မွေးမြူ သူတွေက ကျွန်တော်တို့ကို လာအ ကြောင်းကြားတာနဲ့ချက်ချင်းသွား ကြည့်ပေးတယ်။ ပြီးရင် သားစပ်ခြင်း ကို ဆောင်ရွက်ပေးပါတယ်''ဟု လား ရှိုးမြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်က ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
လားရှိုးမြို့နယ်တွင် မေထုံမဲ့ သားစပ်ခြင်းလုပ်ငန်း စတင်ဆောင် ရွက်ချိန်မှ စတင်၍ ယနေ့အထိ နွား ၁၇၄ ကောင်အား အောင်မြင်စွာ မေထုံမဲ့ သားစပ်ပေးနိုင်ခဲ့ပြီး နောင်တွင် မျိုးရေခဲ သိမ်းဆည်းနိုင်ရန်အတွက် နိုက်ထရိုဂျင် ၃ဝ လီတာဆံ့အိုးကြီး ၄ လုံး၊ ၃ လီတာဆံ့ အိုးအသေး ၄ လုံးထားရှိပေးထားကြောင်းနှင့် မျိုး ရေခဲများကို ရန်ကုန်မြို့မှ မှာယူ၍ လစဉ်ဖြည့်တင်းပေးလျက်ရှိကြောင်း သိ ရသည်။
.
''အရင်တုန်းက သားစပ်တော့ မယ်ဆိုရင်  နွားအထီးကို ကြိုရတယ်။ ပြီးရင် ပြန်သွားပို့ရတယ်။ အခုမေ ထုံမဲ့ သားစပ်ကတော့ အဲဒီလိုတွေ လုပ်စရာ မလိုတော့ဘူး။ နွားမက သားတောင်းပြီဆိုတာနဲ့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနကို သွားအကြောင်း ကြားလိုက်တယ်။ သူတို့က သွား ပြောတာနဲ့လိုက်ကြည့်ပေးတယ်။ ပြီး တော့ သားတင်လို့ရရင် လာပြီးစပ် ပေးသွားတယ်။ အဆင်ပြေပါတယ်။ အောင်လည်း အောင်မြင်ပါတယ်''ဟု လားရှိုးဒေသခံနွားမွေးမြူသူတစ် ဦးက ၏အမြင်ကိုပြောသည်။
.
အဆိုပါမေထုံမဲ့ သားစပ်ခြင်း လုပ်ငန်းတွင် နို့စားနွား၊ နွားပြာစိမ်း၊ ရွှေနီ အသားတိုးနွား စသည့်မျိုးများကို သားစပ်ပေး လျက်ရှိပြီး လားရှိုးမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
.

No comments:

Post a Comment