ဈေးအကြီးဆုံး မွေးနေ့ပွဲ (သို့) ဖေဖော်ဝါရီ ၁၃ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, February 28, 2019

ဈေးအကြီးဆုံး မွေးနေ့ပွဲ (သို့) ဖေဖော်ဝါရီ ၁၃


အောင်ဆန်းဝင်း
.
.
မွေးနေ့။ လူတစ်ယောက် လူ့လောကထဲ စတင်ရောက်လာတဲ့နေ့၊ အဲဒီနေ့ကို မွေးလို့သတ် မှတ်ခေါ်ဝေါ်ကြတယ်။ အဲဒီနေ့ရောက်ရင် တစ် ခုတ်တစ်ရ သတိတရ အထိမ်းအမှတ်ပွဲလေးတွေ လုပ်တယ်။ ကြီးကြီးကျယ်ကျယ် ဆန်းဆန်းပြားပြားလုပ်တာတွေ ရှိတယ်။ မကြီးမကျယ် နွမ်း နွမ်းပါးပါးလည်း လုပ်တတ်ကြပါတယ်။ တချို့ က မွေးသမိခင် ကျွေးသဖခင် မိဘနှစ်ပါးရှေ့ ငုတ်တုတ်ထိုင်ကန်တော့တာနဲ့ တိတ်တဆိတ် မင်္ဂလာရှိရှိ ဖြတ်သန်းကြတယ်။ အများစုက တော့ နိုင်သလောက် အခမ်းအနားလေးလုပ်ကြ ပါတယ်။ မွေးနေ့ပွဲတစ်ခု လုပ်ပြီဆိုတာနဲ့ အဓိ ကကျတဲ့ မွေးနေ့ရှင်လိုအပ်တယ်။ မွေးနေ့ရှင်နဲ့ ပတ်သက်တဲ့ ပွဲတက်ပရိသတ်အပေါင်းအသင်း ရောင်းရင်းတွေ လိုတယ်။ ဖိတ်ကြားသူနဲ့တက် ရောက်သူ နှစ်ဦးနှစ်ဖက်စုံမှ မွေးနေ့ပွဲအခမ်းအ နား အထမြောက်တယ်လို့ ဆိုကြတယ် မဟုတ် လား။
.
ဒါက သာမန် သူလို ကိုယ်လို ကြားထဲမှာရှိ တဲ့ ပွဲစဉ်ဇယား။ သူလိုကိုယ်လို လူတွေလုပ်တဲ့ မွေးနေ့ပွဲမျိုး၊ နှစ်ဦးနှစ်ဖက် စုံမှ အထမြောက်တဲ့ မွေးနေ့ပွဲ။ ဖေဖော်ဝါရီ ၁၃ ရက်၊ ပြည်ထောင် စုနေ့နဲ့ ချစ်သူများနေ့ကြားမှာရှိတဲ့ နေ့တစ်နေ့၊ ဖေဖော်ဝါရီ ဆယ့်သုံးဟာ ဗိုလ်ချုပ်မွေးနေ့ပါတဲ့။ မြန်မာတစ်နိုင်ငံလုံး တစ်ပေါင်းတစ်စည်းတည်း လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းခဲ့တဲ့ လွတ် လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေး နေ့။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အပါအဝင် မြန်မာပြည်တစ်ဝှမ်း နေရာအနှံ့အပြား ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ (မြန်မာကလေးများနေ့) အထိမ်းအမှတ်ပွဲတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပကြ တယ်။ ပကာသန မဖက်ဆီဦးထောပတ်မစွက် တဲ့ ဗိုလ်ချုပ်ရဲ့ စကားတစ်ခွန်း။ ''ကြည်ရေ ဖြစ်နိုင်ရင် ပဲပြုတ်နဲ့ နံပြားစားချင်တယ်''တဲ့။ ဒီစကားလေးကို ဂုဏ်ပြုရင်း ပဲပြုတ်နဲ့ နံပြား ကျွေးတဲ့ အစီအစဉ် လုပ်တယ်။
.
ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ စိတ်ဓာတ်မြင့် မြတ်တဲ့ လူသားတစ်ယောက်၊ မြန်မာနိုင်ငံလုံး တောင်တန်းပြည်မ အတူတစ်ကွ ပူးပေါင်းလက် တွဲနိုင်အောင်၊ သူ့ကျွန်ဘဝက လွတ်မြောက် အောင် ကြိုးပမ်းခဲ့တဲ့ ဦးအောင်ဆန်း။ အပြော အဆိုရင့်သီးပေမယ့် အလုပ်အကိုင် ဖြူစင်လွန်း တဲ့လူ။ လူသားသဘာဝအရ အိမ်ထောင်သာပြု လိုက်တယ်။ မိသားစုအရေးကို ပြည်ထောင်စု အရေးလောက် စိတ်မဝင်စားခဲ့တဲ့ အိမ်ထောင် ဦးစီး။ မြန်မာပြည်လွတ်လပ်ရေးရရင် ခြံလေး စိုက်ပြီး နားအေးပါးအေး စာလေးရေးတော့မယ် လို့ ပြောခဲ့ဖူးတယ်။ သူဖောက်တဲ့ လမ်း သူ ကိုယ်တိုင်ဆုံးအောင် မလျှောက်ရဘဲ မသမာသူ လက်ချက်နဲ့ ခရီးတစ်ဝက်မှာ ထွက်သွားခဲ့ရ တယ်။ သူရဲကောင်းမှန်သမျှ သက်တမ်းတိုလွန်း တဲ့ တိုင်းပြည်မှာ နောက်ဆုံးသူရဲကောင်း ဆုံး ရှုံးလိုက်ရတာ နှစ်ပေါင်းခုနှစ်ဆယ်ကျော်လာခဲ့ ပြီ ဖြစ်ပါတယ်။
.
မြင့်မြတ်တဲ့ စိတ်ထားပိုင်ရှင်၊ စစ်မှန်တဲ့ သူ ရဲကောင်း၊ မှန်ကန်တဲ့ အာဇာနည်မျိုး၊ သေရိုး ဘယ်ခါ မရှိပါလို့ ဆိုကြတယ်။ ဟုတ်ပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းဟာ လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလမှာ လုပ်ကြံခံလိုက်ရတဲ့အတွက် လွတ်လပ်ရေးအသီး အပွင့်ကို ခံစားလိုက်ရခြင်းမရှိပါဘူး။ သူ လူ့ လောကထဲက ထွက်ခွာသွားချိန်မှာ အသက်က သုံးဆယ့်နှစ်နှစ်။ နိုင်ငံအတွက် အမှန်တကယ် အလုပ်လုပ်တဲ့အချိန်က ဆယ်နှစ်ပတ်လည် လောက်ပဲ ရှိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီဆယ်နှစ် လောက်အတွင်း သူလုပ်ခဲ့တဲ့ အလုပ်တွေကမြန် မာကိုကျော်ပြီး ကမ္ဘာကတောင် အသိအမှတ်ပြု ရတဲ့အထိပါ။ သူ့အကြောင်း စာတွေဖွဲ့ကြတယ်။ ဘယ်တုန်းကမှ ပြည့်စုံတယ် မရှိ။ သူ့အကြောင်း တသသ ပြောကြတယ်။ နားထောင်တဲ့လူတွေ အတွက် ရိုးသွားတယ်လို့ မရှိပါဘူး။ နောင် လည်း ရေးနေပြောနေ နားထောင်နေကြဦးမှာ ဖြစ်ပါတယ်။
.
၁၃-၂-၂ဝ၁၉ ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (မြန်မာကလေးများနေ့) အခမ်းအနားကို နေရာ စုံမှာ ပုံစံစုံနဲ့ ကျင်းပ ပြုလုပ်ခဲ့ ကြပါတယ်။ (တောင်ပိုင်း)တောင်ကြီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးမြို့စာရေးဆရာအသင်းနဲ့ တောင်ကြီးခရိုင်၊ ခရိုင်ပညာ ရေးမှူးရုံးက ဦးစီးတဲ့ လွတ်လပ်ရေး ဗိသုကာ ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို အမှတ်(၄) အခြေခံပညာအ ထက်တန်းကျောင်းမှာ ကျင်းပပြုလုပ်ပါတယ်။ မွေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ် ဆိုပြိုင်ပွဲ၊ ဓာတ်ပုံနံရံကပ်စာစောင်ပြပွဲတွေ ကျင်း ပပြုလုပ်ကြပါတယ်။ တောင်ကြီးမြို့နယ် စာရေး ဆရာအသင်းက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ စာ ပေဆွေးနွေးပွဲတစ်ရပ် ပါဝင်အားဖြည့်ခဲ့ပါတယ်။
.
နောက်ထပ် ခြိမ့်ခြိမ့်သဲ ကျင်းပတဲ့နေရာက အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းပါ။ ပြပွဲပြိုင်ပွဲ အခမ်းအနားတွေ တော်တော်စုံလင်ပါတယ်။ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ အကြောင်း အရာမှတ်တမ်း မှတ်ရာတွေ ခင်းကျင်းထားတာ အားရဖို့ကောင်းတယ်။ ဗိုလ်ချုပ်ဆိုတာနဲ့အောင် ဆန်းဆိုတဲ့ နာမည်ကို ကွက်ကွက်ကွင်းကွင်းတွဲ ဖက်မြင်ယောင်လို့ရတယ်။ အခု အသက်နှစ် ဆယ်ပတ်လည် လူငယ်လေးတွေ လက်ထက်က မြန်မာပြည်မှာ ဗိုလ်ချုပ်တွေ များတယ်။ ဒါပေမဲ့ အောင်ဆန်းတော့ ပျောက်နေခဲ့ပါတယ်။ ကျပန်း စကားပြောပြိုင်ပွဲက ကျောင်းသူ သမီးငယ်လေး တွေ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောသွား လိုက်တာ မတောက်တခေါက်နဲ့ စင်ပေါ်ရောက် သွားတဲ့ ကိုယ့်အတွက်နောက်ကောက်ကျသလို ဖြစ်သွားတယ်။ ဗိုလ်ချုပ်မိန့်ခွန်း ပြောတဲ့ကျောင်း သားလေးက အောင်ဆန်းကို အရှင်လတ်လတ် ပြန်မြင်ရတဲ့အတိုင်း။
.
တောင်ကြီးမြို့လယ်ကောင်လောက်မှာ အထင်ကရ ပန်းခြံကြီးတစ်ခု ရှိတယ်။ ဗိုလ်ချုပ် ကြေးရုပ်ကြီး စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင် ဆန်းပန်းခြံ၊ အဲဒီပန်းခြံမှာ တရားဥပဒေ စိုမိုးရေး ကွန်ရက်နဲ့ တောင်ကြီးမြို့ခံ မီဒီယာသမားတွေ စုပေါင်းပြီး ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုကြတယ်။ ၁ဝ၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မနက် ပိုင်းမှာ ပဲပြုတ်နံပြား ကျွေးကြပါတယ်။ မိဘမဲ့ ကျောင်းတွေကိုလည်း တတ်နိုင်သလောက် လှူ ဒါန်းတဲ့အတွက် အကြိမ်ကြိမ် သာဓုခေါ်မိတာအ မှန်ပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့သ မိုင်း အချက်အလက် ဓာတ်ပုံတွေကို ကမ္ဘောဇ စာကြည့်တိုက်က ပူးပေါင်းခင်းကျင်း ပြသထား ပါတယ်။ မြန်မာကလေးများနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ဆေးရောင်ချယ် တဲ့ အစီအစဉ်ကို ချယ်ရီအလင်းရွေ့လျား စာ ကြည့်တိုက်က စီစဉ်ပြီး ကလေးငယ်တွေ စိတ် ဝင်တစား ဝင်ရောက်ချယ်သရေးဆွဲကြပါတယ်။
.
ဗိုလ်ချုပ်ပန်းခြံအတွင်း ညနေစောင်းမြင် ကွင်းက အတော်ကြီး လှပတယ်။ မွေးနေ့ရှင်ရုပ် တုကြီးရှိတဲ့ နေရာကို မိသားစုတွေလာရောက် ဂုဏ်ပြုကြတယ်။ အဖေနဲ့အမေက သားငယ်သ မီးငယ်လေးတွေ လက်တွဲခေါ်လာကြတယ်။ အဖိုးနဲ့ အဖွားက မြေးငယ်လေးတွေနဲ့။ အစ်ကို ကြီး အစ်မကြီးတွေက ညီ၊ ညီမငယ်လက်ကို တွဲလို့။ ကျန်ခဲ့တဲ့ တစ်ချိန်က အဲဒီပန်းခြံကြီးကို ကန့်လန့်ကာ နောက်ပို့ထားခဲ့ဖူးတယ်။ ပန်းခြံ တံခါးတွေကို သူတို့ရဲ့ သိမ်ငယ်စိတ်နဲ့ သော့ တွေခတ်ထားခဲ့ဖူးတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကြီးကို အောင်ဆန်းချစ်တဲ့လူတွေ မမြင် အောင် ထိုးထိုးထောင် သစ်ပင်တွေနဲ့ ကွယ် ထားခဲ့ဖူးတယ်။ ဒါပေမဲ့ သေရိုးမရှိတဲ့ အာဇာ နည်တစ်ယောက်အတွက် ဘယ်သူတွေ ဘာပဲ လုပ်လုပ် ဒီလူတွေ ရင်ထဲက ကွယ်ပျောက်သွား ခြင်း မရှိခဲ့ပါဘူး။ အာဇာနည်မျိုး သေရိုးမရှိတဲ့။
.
ညပိုင်း အစီအစဉ်အနေနဲ့ တောင်ကြီးမြို့ ရိုးရာမီးပုံးပျံအသေး ၁ဝ၄ လုံးနဲ့ မီးကျည်မီးပုံး ပျံလွှတ်တင်ပြီး ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုကြ တယ်။ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦး စီးဌာနက ပိတ်ကားထောင်ပြီး ဗိုလ်ချုပ်အောင် ဆန်း မှတ်တမ်းရုပ်ရှင်ခွေ ပြပေးတဲ့အတွက် ခေတ်လူငယ်ကလေးတွေ အောင်ဆန်းစိတ် ဓာတ်၊အောင်ဆန်း အမူအကျင့်ကို မျက်ဝါးထင် ထင် မြင်တွေ့စေခဲ့ပါတယ်။ ထားတော့။ မွေးနေ့ ဂုဏ်ပြု အစီအစဉ်တွေအကြောင်း စီကာပတ် နေရင် ရေးစရာတွေ ကုန်နိုင်မယ် မထင်ဘူး။ အဓိကက မွေးနေ့ရှင်ရဲ့ အကြောင်း။ ဆရာကြီး ဒဂုန်တာရာ ရေးခဲ့ဖူးတဲ့ ''အောင်ဆန်း(သို့မ ဟုတ်) အရိုင်း။ မြန်မာ့လွတ်လပ်ရေးရဲ့ ဗိသုကာ။ တောင်တန်းပြည်မ တစ်ပေါင်းတစ်စည်းတည်း ညီညွတ်မှု ရှိစေချင်သူ။ နတ်မောက်သွေးကို ကမ္ဘာက သိစေခဲ့သူ။ တပ်မတော်ဖခင်ကြီးဗိုလ် ချုပ်အောင်ဆန်း။
.
အခု သူမရှိတော့တာ နှစ်ပေါင်း ၇ဝ ကျော် လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁၃ ရက် ရောက်တိုင်းသူ့ကို ဂုဏ်ပြုတဲ့ မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ခြိမ့်ခြိမ့်သဲပြုလုပ်ကြတယ်။ နှစ်ဦးနှစ်ဖက် စုံတဲ့ မွေးနေ့ အခမ်းအနားလို ဂုဏ်ပြုကြတယ်။ ဖေ ဖော်ဝါရီ ၁၃ ဟာ မြန်မာနိုင်ငံရဲ့ တန်ဖိုးအမြင့် ဆုံးမွေးနေ့ပွဲတစ်ခု။ ဘီလျံချီချမ်းသာတဲ့လူတွေ ဘီလျံချီအကုန်အကျခံလုပ်လည်း ၁၃ ရက်မွေး နေ့ပိုင်ရှင်ကို မီမှာ မဟုတ်ဘူး။ အကြောင်းရင်း  က တန်ဖိုးချင်း မတူလို့။ ဒီလူတစ်ယောက်ရဲ့ တန်ဖိုးက ကြီးလွန်းနေလို့။ ရိုးသားစွန့်လွှတ်ခြင်း ဆိုတဲ့ ဂုဏ်ကို လိုက်မမီကြလို့။ လူမရှိတော့ ပေမယ့် အားလုံးရဲ့ (အများစု)ရင်ထဲမှာ သူရှိ တယ်။ ကန့်လန့်ကာနောက် အပို့ခံထားရတုန်း ကလည်း ရှိတယ်။ စင်မြင့်ပေါ် ပြန်ရောက်လာ တော့လည်း ရှိတယ်။ မြန်မာတည်သ၍ သူရှိနေ ဦးမှာ ဖြစ်ပါတယ်။
.

No comments:

Post a Comment