ကျောက်မဲတွင် စစ်ဘေးရှောင်သူများ ထပ်တိုးလာသဖြင့် စစ်ရှောင်အင်အား ၇၀၀ ကျော် ရှိလာနေ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, February 12, 2019

ကျောက်မဲတွင် စစ်ဘေးရှောင်သူများ ထပ်တိုးလာသဖြင့် စစ်ရှောင်အင်အား ၇၀၀ ကျော် ရှိလာနေ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေး တိမ်းရှောင်ရသူများ တိုးလာနေသဖြင့် မြို့ပေါ်စစ်ရှောင်စခန်းများတွင် အင်အား ၇၀၀ ကျော်ထိ ရှိနေပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်များအား ကူညီနေကြသည့် လူမရေးအဖွဲ့များထံမှ သိရသည်။
.
ရွာလုံးကျွတ် ပြေးလာကြတယ် သူတိုပြောတာကတော့ ရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေပြီး အင်အားတွေလည်း များလာတယ်လို့ ပြောကြတယ်၊ တတ်နိုင်သမျှတော့ အထောက်အပံ့ ပြုနေကြပါတယ် တပ်မတော် ဆေးအဖွဲ့ကလည်း လာစောင့်ရှောက်သလို လာအားပေးပြီး အထောက်အပံ့တွေ ပေးကြပါတယ်၊ သူတို သွားရည်စာ မစားတတ်တော့ ထမင်ဲး အားပြုစားတာဖြစ်လိုအဓိက လိုတာတော့ ဆန်ပါပဲ” ဟု ကျောက်မဲမြို့ခံ ကိုသားဇော်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.


ကျောက်မဲမြို့၏ တောင်ဘက် ၆ မိုင်ခန်အကွာရှိ လွယ်မွန်းကျေးရွာမှ လူဦးရေ ၄၀ သည် ဖေဖော်ဝါရီလ ၁၁ ရက်ညနေပိုင်းက ရွာလုံးကျွတ် စစ်ဘေးရှောင်လာကြသဖြင့် နမ့်စစ်လင်းကျောင်းတိုက်ရှိ စစ်ရှောင်စခန်းတွင် နေရာချထား ပေးရသကဲ့သို့ ကောင်းဟုန်းရွာငယ်မှ စစ်ရှောင်လာသူ ၅ ဦးကို ယင်းစခန်းမှာပင် နေရာချထားပေးခဲ့ရကြောင်းပန်လော့ရွာမှ တိုက်ပွဲရှောင် ၃၈၃ ဦးကို ဓမ္မောမေဓနီရွှေကျင်ကျောင်းတိုက်၊ နမ့်ပြင်ရွာမှ စစ်ရှောင် ၃၀၇ ဦးကို အောင်ဆုပန်ကျောင်းတိုက်နှင့် နားပြိန်း၊ နားပုံ၊ လွယ်မွန်း၊ ကောင်းဟုန်ရွာတိုမှ စစ်ရှောင် ၄၅ ဦးကို နမ့်စစ်လင်း ကျောင်းတိုက်များတွင် အသီးသီး နေရာချထားပေးထားကြောင်း၊ အချို့မှာ ဆွေမျိုး မိတ်ဆွေများအိမ်တွင် ရောက်ရှိနေသူများ ရှိသည့်အတွက် စစ်ရှောင်ဦးရေ ၈၀၀ ကျော် ရှိနေပြီဖြစ်ကာ အခြားနေရာများမှလည်း
ထပ်မံ ရောက်ရှိနိုင်ကြောင်း သိရသည်။
.
လူမျိုးတူ၊ ဘာသာတူ၊ စကားတူ အားလုံးတူသူ တိုင်းရင်းသား အချင်းချင်းဖြစ်တာ ပြီးတော့ ပြေးရတဲ့ သူတွေကလည်း အတူတူ ဖြစ်တာ၊ အားလုံး ဒုက္ခ ရောက်ကြရတယ်၊ ပိုဆိုးတာက ပြေးမလွတ်တာပါ၊ သူတို့ကို အထောက်အပံ့ပြုဖို့ မဖြစ်မနေ အနေအထားက အန္တရာယ် ကျရောက်နေစေပါတယ် စစ်ပွဲတွေကို အမြန် ရပ်စေချင်ပါတယ်၊ အားလုံးဟာ ဆွေးမျိုးတွေချည်းပါပဲ” ဟု စစ်ရှောင် ရှမ်းတိုင်းရင်းသား ဒေသခံ တစ်ဦးက(ရှမ်းဘာသာဖြင့်) ကမ္ဘောဇတိုင်း၏ ဆက်သွယ်မေးမြန်းမကို ဖြေကြားသည်။
.
တိုက်ပွဲရှောင် စာရင်းများအရ ပန်လော့ကျေးရွာမှ ရွှေကျင်ကျောင်းတိုက်တွင် အသက် ၁၂ နှစ်အောက် ကလေး ၁၁၇ ဦး၊ နမ့်ပြင်ရွာမှ အောင်ဆုပန်ကျောင်းတိုက်တွင် သူငယ်တန်းမ ဆဌမတန်းအထိ ကျောင်းသား ၆၅ ဦး၊ သာမဏေ ၈ ပါး၊ နမ့်စစ်လင်းကျောင်းတိုက်တွင် ကျောင်းသား ၉ ဦး၊ သာမဏေ ၄ ပါး၊ ကိုယ်ဝန်ဆောင်(၇)ရှိသူ ၂ ဦးတိုရှိနေကြောင်းလည်း သိရသည်။
.


နယ်မြေခံ စစ်ရေးကွပ်ကဲမဌာနချုပ်မှ ဖေဖော်ဝါရီလ ၁၁ရက် မွန်းလွဲပိုင်းတွင် စစ်ရှောင်စခန်းများသို့ လာရောက်၍ လိုအပ်သည့် အထောက်အပံ့များအား ပံ့ပိုးပေးခဲ့ပြီး ကျောက်မဲ စစ်ရှောင်ကူညီရေးအဖွဲ့နှင့် လူကယ်ပြန်ဌာနမှလည်း လိုအပ်သည့် အစားအသောက်နှင့် စောင်၊ အခင်းများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ပြေးလာရင်း ဆိုင်ကယ် တိုက်ခံရသူနှင့် ကျန်းမာရေး ထိခိုက်လာသူများကိုလည်း ဆေးကုသပေးလျက်ရှိကြောင်း စစ်ရှောင်များထံမှ သိရသည်။
.
ကျောက်မဲမြို့နယ်အတွင်းရှမ်းတိုင်းရင်းသား လက်နက်ကိုင် ၂ ဖွဲ့ဖြစ်သည့် RCSS နှင့် SSPP တို့၏ ဖေဖော်ဝါရီလ ၉ ရက်က စတင်ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နံနက်ပိုင်းအထိ စစ်ရှောင် နေရသူ ဦးရေမှာ ၇၀၀ ကျော်ထိ ရှိလာနေခြင်း ဖြစ်သည်။

No comments:

Post a Comment