ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်မည်ဆိုလျှင် - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Tuesday, February 5, 2019

ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်မည်ဆိုလျှင်


ကောင်းမြင့်မြတ်စိန်
.
.
ယခုအခါ ရပ်ကွက်ရပ်ရွာများရှိ အောက် ခြေလူတန်းစားများကြားတွင် ''ငွေချေးသောအ ဖွဲ့အစည်း''များ များစွာပေါ်ပေါက်လာပါသည်။ ဆင်းရဲမွဲတေမှုများ၊ အလုပ်လက်မဲ့များ၊ ပညာရေးထောက်ပံ့မှုများ စသည်တို့အတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်ကောင်းများဖြင့် လုပ်ဆောင်လာကြလေသည်။ လှိုက်လှဲဝမ်းသာ ကြိုဆိုရမည့် အဖွဲ့အစည်းများလည်း ဖြစ်ပါ၏။ ကျေးဇူးတင်စရာလည်း ကောင်းလှပါပေ၏။ ကျွန်တော်၏ အိမ်သူသည်ပင် ထိုအဖွဲ့အစည်းတစ်ခုမှ ငွေချေးယူထားပါ၏။ ကျွန်တော် နေထိုင်ရာ အေးသာယာမြို့သစ်သည် အောက်ခြေလူတန်းစား လုပ်သားမြို့ဟုဆိုလျှင် မှားအံ့မထင်ပါ။ ကျွန်တော်နေထိုင်ရာ ရပ်ကွက်ထဲမှာ အိမ်တိုင်းလောက်နီးနီး''ငွေချေး''ယူကြ ၏။ အချို့ဆိုလျှင် ငွေချေးပေးသော အဖွဲ့လေး ငါးဖွဲ့ထံမှ ငွေချေးယူ၏။ ငွေချေးယူပြီး လစဉ် အချိုးကျပေးဆပ်ရသည်ဖြစ်ရာ ထိုသို့ လေးငါး ဖွဲ့ထံမှ ငွေချေးယူထားသူများမှာ တစ်လလုံးငွေ ပေးဆပ်ရန်သာ လုံးပမ်းနေရတော့၏။ မြန်မာ လူမျိုးထုံးစံအတိုင်း လွယ်လွယ်ရလျှင် လွယ် လွယ်သုံး ဖြုန်းပစ်လိုက်ပြီး ပေးဆပ်ချိန်တွင် ဒုက္ခရောက်ကြလေတော့၏။ ယခုအခါ လူအ တော်များများမှာ သမာအာဇီဝကျကျ ရုန်းကန် ကြိုးစား လုပ်ကိုင် မစားချင်ကြတော့ပေ။ ''အ များ မိုးခါးရေသောက်တဲ့ကာလမှာ ငါတို့လည်း သောက်ရမယ်''ဟု အသိÓာဏ်ဆင်ခြင်တုံနည်း ပါးလှစွာ လုပ်ဆောင်နေကြလေသည်။ ရပ်ကွက် ရပ်ရွာများတွင် ၁ လုံး၊ ၂ လုံး၊ ၃ လုံးထိုးကြသည်။ လောင်းကစားမျိုးစုံလုပ်ကြ သည်။ ''နေ့ပြန် တိုး''ယူ၍ ဖဲရိုက်သူများပင်ရှိသည်။ အချို့မိဘ များဆိုလျှင် သားငယ်သမီးငယ်များကို ကျောင်းမထားသည့်အပြင် ကြုံရာကျပန်း လုပ်ခိုင်းသည်။ သားသမီးကို ခိုင်းစားနေကြသည်။
.
အချို့မိသားစုများတွင် တက်ညီလက်ညီ အလုပ်လုပ်ကြသည်။ အဖေရော၊ အမေရော၊ သားသမီးများပါမကျန် ကြုံရာကျဘမ်းလုပ်ကြသည်။ သို့သော် မနက်လင်းသည်နှင့်လက်ဖက်ရည်ဆိုင်သွားကြသည်။ အိမ်မှာ ထမင်းချက်မစားကြ။ ပြီးတော့ ကွမ်းယာဆိုင်သွားသည်၊ စီးကရက်သောက်သည် ပြီးမှ အလုပ်ဆင်းသည်။ အလုပ်လုပ်ရင်စားရန် ကွမ်းထုပ်သွားကြ၊ ဆေးလိပ်တွေဝယ်သွားကြသည်။ ညနေအလုပ်ပြန်တော့ အရက်ဆိုင်၊ ဘီယာဆိုင်ပြေးကြပြန်သည်။ ကိုယ့်အိမ်မှာ စားကြတော့လည်း ငွေရှိ လျှင်ရှိသလို ဟင်းကောင်းများ၊ အသားကောင်း များ စိတ်ကြိုက်စားကြသည်။ ရှေ့နောက်မြော် မြင်၍ မသုံးစွဲကြပေ။ နာဖျားမကျန်းမာသောအ ခါ ထိခိုက်ရှနာဖြစ်သောအခါသုံးစွဲရန် ငွေမရှိ တော့ပေ။ ငွေများများရလျှင် ပေါ်ရာအဝတ်အ ထည်ဝယ်ဝတ်တတ်သည်။ လက်ကိုင်ဖုန်းဝယ် သည်။ တစ်မိသားစုလုံးဖုန်းဝယ်သည်။ ဖုန်းဘေ များစွာ နေ့စဉ်ကုန်ကြပြန်သည်။          
.
ရပ်ကွက်ထဲမှာ ချီးကျူးစရာကောင်းသော မိသားစုတစ်စုနှစ်စုလောက်တော့ တွေ့ရပါ သည်။ လင်ရောမယားရော လိမ္မာကြသည်။ ဆရာမိဘစကားနားထောင်သည်၊ တရားနာ သည်။ ဘာသာရေးလုပ်သည်။ စာဖတ်သည်။ သားသမီးများကို ကျောင်းထားပေးသည်။ ငွေ ကြေးချောင်လည်၍တော့မဟုတ်။ ခြိုးခြံချွေတာ ကြသည်။ စည်းကမ်းရှိကြသည်။ လက်ဖက် ရည်ဆိုင်မထိုင်ကြ၊ချဲလည်းမထိုး၊ ကွမ်းမစား၊ ဆေးလိပ်သောက်သော်လည်း စည်းကမ်းရှိစွာ သောက်၏။ ထိုသို့ မိသားစုမျိုးကား ရှားပါ၏။
.
ကျွန်တော်အပါအဝင် အောက်ခြေလူတန်းစား အများစုကြီးမှာ ခေတ်အဆက်ဆက် တိမ်ညိုတိမ်မည်း အရိပ်မည်းကြီးများ လွှမ်းမိုးခံနေခဲ့ကြရပါ၏။ ပညာအလင်း၊ စာပေအလင်း၊ အသိဥာဏ် အလင်းများ မှိန်ပျပျသာ ရခဲ့ကြရ၏။ အမှောင်လောကမှာ လမ်းပျောက်ခဲ့ကြ၊ လမ်းမှားခဲ့ကြရပါသည်။ အမှောင်ခွင်း၍ အလင်း ဆောင်သူများပင် တစ်မိုးလုံးမှောင်သောကာလများတွင် ဘေးရောက်ခဲ့ကြရ၏။ ယနေ့အချိန်ထိ ထိုအမှောင်ရိပ်များက လွှမ်းမိုးနေဆဲသာဖြစ်သည်။ အမှောင်ကြီးစိုးလျှင် ကြောက်စရာ ကောင်းလှပါသည်။ ကမ္ဘာလောကတစ်ခွင်လုံး နေအလင်းရောင်မရလျှင် သတ္တဝါအားလုံးဒုက္ခ ရောက်ရသည်။ အသိဥာဏ်အလင်းရရန် ပညာသင်ရပါမည်။ ပညာသင်ပြီး စာပေများဆက် လက်ဖတ်ရှုလေ့လာရပါသည်။ လူတွင် အသိ ဥာဏ်သည် အရေးအကြီးဆုံးဖြစ်သည်။ သတ္တ ဝါအားလုံးတွင်လူသည် အသိÓာဏ်အရှိဆုံးဖြစ် ၍ သတ္တဝါအားလုံးကို ထိန်းချုပ်ခိုင်းစေ အသုံး ချနိုင်ခဲ့ပါလေသည်။ လူအချင်းချင်းပင် အသိ ဥာဏ်ပို၍ရှိသူက အသိÓာဏ်နည်းသူများကို အသုံးချနိုင်ပါသည်။ အသိÓာဏ်ကြီးသူက လူ ရာဝင်ပြီး အသိÓာဏ်နည်းသူက လူ့အောက်ကျ ရပါသည်။ ကမ္ဘာ့သမိုင်းကိုကြည့်လျှင်ပင် အသိ ပညာတိုးတက်ရှေ့ရောက်သော နိုင်ငံများက အသိပညာနိမ့်ကျသော နိုင်ငံများကို လွှမ်းမိုး အုပ်စိုးကျွန်ပြုခဲ့သည်ကို အထင်အရှားတွေ့နိုင် ပါသည်။
.
ထို့ကြောင့် ကျွန်တော်တို့ လူသားမှန်သမျှသည် ပညာသင်ကြရပါသည်။ စာတတ်အောင် လုပ်ကြရပါသည်။ ပညာတတ်အောင်ပြုလုပ်ခြင်း စာတတ်အောင်လုပ်ခြင်းမှာ အသိဥာဏ်အလင်း ဖွင့်ပေးခြင်းသာ ဖြစ်ပါသည်။ အသိဥာဏ်တိုး တက်မြင့်မားအောင် ဆက်လုပ်ရပါဦးမည်။ ရပ် မထားသင့်ပါ။ မီးခဲပြာဖုံးကာ နောက်ဆုံးမှာ ပြာဘဝဖြင့် နိဂုံးချုပ်သွားပါလိမ့်မည်။ အသိ Oာဏ်မြင့်မားတိုးတက်အောင် စာဖတ်ရပါမည်။ စာတတ်လျက် စာမဖတ်လျှင် မီးခဲပြာဖုံးနေခြင်း ပင်ဖြစ်သည်။ မီးခဲပြာဖုံးခြင်းသည် အလင်းရှိ လျက် အမှောင်ကွယ်နေခြင်းဖြစ်သည်။ ကိုယ် တိုင်လည်း အလင်းမရ၊ အများကိုလည်း အ လင်းမပေးနိုင်ခြင်းဖြစ်လေသည်။ ထိုအဖြစ်မျိုးသည် အန္တရာယ်ပင်ရှိပါသည်။ မိုးခါးရေကို မြိန် ရည်ယှက်ရည်သောက်နေသူများသည် စာတတ်လျက် စာမဖတ်သူ များပါသည်။ စာတတ်လျက် စာမဖတ်သူ များလာသောအခါလာဘ်ပေး လာဘ်ယူမှုများလာသည်။ ရိုက်စားလုပ်သူ၊ ဂွင်ရိုက်သူပေါလာသည်။ ခြံစည်းရိုးခွထိုင်သူများလာသည်။ ''ဘယ်သူသေသေ ငတေမာပြီးရောသမား (မူးယစ်ဆေးဝါးထုတ်လုပ်သူ၊ စိုက်ပျိုး သူ၊ ရောင်းဝယ်သူ၊ သုံးစွဲသူများ၊ လက်နက်၊ ဓာတုဆေးဝါးထုတ်လုပ် ရောင်းဝယ်သူများ၊ လူ ကုန်ကူးသူများ၊ ဆေးဝါး၊ စားသောက်ကုန်အတုထုတ်လုပ်ရောင်းချသူများ၊ မသမာသူလူ လည်လူနပ်များ၊ ခရိုနီများ စသဖြင့်)ပေါများ လာလေတော့သည်။ အများအတွက်၊ တိုင်းပြည်အတွက်၊ လူ့လောက အတွက် မငဲ့ကွက်ကြ တော့ချေ။ လောကပါလတရား၊ ဗြဟ္မစိုရ်တရား များသူတို့ထံမှာမရှိတော့ချေ။(လောကမှာ မရှိ တာထက် မသိတာခက်တယ်)ဟု ဆိုကြသည်။ (မသိတာထက် မသိချင်တာ)ပို၍ပင် ခက်နေပါသည်။ သိသော်လည်း မသိချင်သူများသည် စာတတ်ပါလျက် စာမဖတ်သူများပင်ဖြစ်လေသည်။ ကျွန်တော်တို့ နိုင်ငံတွင် ပညာတတ်များစွာ ပေါ်ထွန်းလျက်ရှိသည်။ စာမဖတ်သူ ပပျောက်ရေးလှုပ်ရှားမှုများ၊ အရှိန်အဟုန်ကောင်းသဖြင့် စာမတတ်သူလည်း အလွန်နည်းလာပြီ ဖြစ်ပါသည်။ သို့သော် စာတတ်သော်လည်း စာမဖတ်သူက (တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ပင်) ကြောက်ခမန်းလိလိများပြားနေပါသည်။
.
ယခုအခါ ''စာတတ်သူများ စာဖတ်ရေး၊ ဝိုင်းဝန်းကူညီဆောင်ရွက်ပေး''ဆောင်ပုဒ်ဖြင့် ပင် ကြွေးကြော်ကာ စာတတ်သူတိုင်းစာဖတ်ရေး လှုပ်ရှားမှုများကိုလုပ်ဆောင်နေပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်ပင် ဦးဆောင်လုပ်ကိုင်နေခြင်းမှာ တိုင်းပြည်အတွက် အရေးတကြီးလုပ်ဆောင်ရန် လိုအပ်နေသော ကြောင့်ဖြစ်ပါသည်။ နိုင်ငံသားတိုင်း အလေးထားအပ်ပါသည်။ တိုင်းပြည်တွင် လူ့စွမ်းအားအရင်းအမြစ်သည် အရေးအကြီးဆုံး၊ တန်ဖိုး အကြီးဆုံးဖြစ်ပါသည်။ သယံဇာတအရင်းအမြစ်သည် ကုန်ဆုံးသွားမည်သာဖြစ်သည်။ ရေရှည် မတည်တံ့နိုင်ပေ။ လူ့စွမ်းအား အရင်းအမြစ်မှာကား ဖွံ့ဖြိုးတိုးတက်လျှင် တိုးတက်ပြီးရင်း တိုးတက်ရင်းသာဖြစ်ပါသည်။ လက်ဆင့်ကမ်း သွားနိုင်သည်။ မပျောက်ပျက်နိုင်၊ လူ့စွမ်းအားအရင်း အမြစ်သည် လူ၏အသိဥာဏ်ပညာ မပြည့်စုံသေးပါ။ ပြည့်စုံပြီ ဟုထင်လျှင် အသိဥာဏ်ဆင်း ရဲခြင်းသာဖြစ်ပါသည်။ ဘဝတက္ကသိုလ်မှာ လူသည် အမြဲတမ်းကျောင်းသား ဖြစ်ပါသည်။ သေသည်အထိ လေ့လာသင်ယူနေရမြဲသာဖြစ်ပါသည်။ အသိဥာဏ်ပညာရှိရေးသည် တစ်သက်တာ ကာလပတ်လုံး လုပ်ဆောင်နေရမည့် အရေးအကြီးဆုံးကိစ္စဖြစ်ပါသည်။
.
ယနေ့ခေတ်မှာ ပညာတတ်သူ၊ စာတတ်သူ တို့က စာဖတ်ခြင်းကို အလေးမထားရုံမက ပစ်ပယ်၍ပင် ထားနေ လေသည်။ အရေးကြီးသော ကိစ္စဟုလည်း မသိတော့ချေ။ ယခုအခါ မိမိ အတွက်အရေးမကြီးသော်လည်း တိုင်းပြည်အတွက် အရေးကြီးနေပါပြီ။ စာတတ်သူတိုင်း စာ ဖတ်ရန် လိုအပ်နေပါပြီ။ စာတတ်သူတိုင်း စာ ဖတ်ခြင်းကို အားပေးကူညီရန် ဝန်းရံပေးကြရန် လိုအပ်နေပါပြီ။ ''တိုင်းပြည်ကိုချစ်လျှင် စာဖတ် ကြပါ။ စာဖတ်ခြင်းကို အားပေးကူညီကြပါ''ဟု ပင်ဆိုပါရစေ။ TV ရှေ့မှာအချိန်ကြာကြာမထိုင်သင့်တော့ပါ။ လက်ကိုင်ဖုန်းပွတ်ကာ အမနာပသတင်း၊ အတင်းအဖျင်း၊ အကြွားအဝါ ကြည့်ရုံဖြင့် အချိန်မဖြုန်းသင့်တော့ပါ။ သတင်းအချက်အလက် အတိအကျသိချင်လျှင် ဂုဏ်သိက္ခာရှိရှိ ထုတ်ဝေသော သတင်းစာဂျာနယ်များကို ဖတ်သင့်ပါသည်။ သုတရသ အစစ်အမှန်သည် မဂ္ဂဇင်းများမှာသာ ရှိပါသည်။ စာအုပ် စာစောင်များတွင် အဖိုးတန်သော အသိ ဥာဏ်ပညာများ ရနိုင်ပါသည်။ ဖုန်းထဲမှ မရနိုင်ပါ။ (အပျင်းပြေ ဖုန်းပွတ်နေခြင်းကို ဆိုလိုပါသည်။) Online နှင့် Facebook မှာလည်း တန်ဖိုးရှိသော စာများ များစွာ ရှိ ပါသည်။ အသုံးချတတ်ဖို့သာ လိုပါသည်။ TV နှင့် လက်ကိုင်ဖုန်းများသည် အသုံးချ တတ်လျှင် အသိဥာဏ်ပညာ များစွာပေးပါသည်။ သုတရသကောင်းများ ရယူနိုင်ပါသည်။
.
တစ်နေ့တွင် စာတတ်လျက် စာမဖတ်သော ပညာတတ်တစ်ဦးကို တွေ့ခဲ့ရပါသည်။ သူသည် အသင်းအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သည်။ လူအများနှင့် ဆက်ဆံနေရသူဖြစ် သည်။ အထူးသဖြင့် ရပ်ကွက်ရပ်ရာများမှ အောက်ခြေလူတန်းစားများနှင့် ထိတွေ့ဆက်ဆံ လုပ်ကိုင်နေသူဖြစ်၏။ ငွေချေးသော အဖွဲ့အ စည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးဖြစ်ပါသည်။ သူနှင့် ကျွန်တော် ''ငွေချေးခြင်း''ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမိခြင်းဖြစ်လေသည်။ သူက (လူတွေကို ငွေချေးတယ်ဆိုပေမယ့် အခြားအဖွဲ့အစည်းက ငွေချေးထားသူတော့ မချေးပါဘူး)ဟုဆိုပါသည်။ ထိုအခါ ကျွန်တော်က ကျွန် တော်တို့ရပ်ကွက်ထဲမှ လူအချို့၏ လုပ်ကိုင်နေ ပုံများကို ပြောပြမိပါသည်။
.
''ရပ်ကွက်ထဲမှာ အချို့လူတွေကတော့ ငွေချေးတဲ့အဖွဲ့တွေက ရသလောက်ငွေချေးနေ ကြတယ်ဗျ။ တချို့ဆို တစ်ဦးတည်းလေးငါးဖွဲ့ လောက် ငွေတွေချေးယူပေးတယ်။ လစဉ်ပေး ဆပ်ရတော့ ချာချာလည်နေတာပေါ့။ ဟိုကချေး ရ၊ ဒီကချေးရနဲ့ ဒုက္ခများနေတာပဲဗျ။ အြေ<ွကး သံသရာလည်နေတာ မျက်မြင်တွေ့နေရတယ်''
.
ထိုသူက ကျွန်တော်ပြောသော စကားကို အံ့သြဟန်မပြပါ။ သူလည်း သိပြီးသားကိစ္စပါဆို သည့် အမူအယာဖြင့် ခေါင်းညိတ်ပြုံးပြနေ သည်။ ကျွန်တော်က စာရေးဆရာပီပီဆက်ပြော ပါသည်။
.
''ခင်ဗျားတို့အဖွဲ့အစည်းတွေကတော့ လူ တွေအဆင်ပြေအောင်၊ ချောင်လည်အောင်လုပ် ပေးနေတာပဲဗျ၊ ဒါပေမဲ့ လူတွေက လက်တွေ့ ကျတော့ အကျိုးရှိအောင် မလုပ်ကြဘူး၊ အ ကြွေးသံသရာလည်နေကြတယ်။ ဒီအကြောင်း တွေကို ကျွန်တော်စာရေးအုံးမယ်ဗျာ''
.
''ဟာ ရေးနေလည်း အလကားပါပဲ၊ ဘယ်သူမှလည်း မဖတ်ကြပါဘူး''
.
ကျွန်တော် အလွန်အံ့သြသွားပါသည်။ အံ့ သြသည်ဟုဆိုခြင်းမှာ သူလိုလူမျိုးက ထိုသို့ ပြောခြင်းကြောင့် ဖြစ်ပါသည်။ လူအများနှင့် ဆက်ဆံနေသော၊ လူအများကို ပညာပေးနေ သော၊ ကူညီနေသော အဖွဲ့အစည်းမှာ တာဝန် ရှိသူက ပြောခြင်းကြောင့်ပါ။ ထိုသို့သော အဖွဲ့အ စည်းများသည် ရပ်ရွာမှ လူများကိုခေါ်ယူစုဝေး ဆွေးနွေးပညာပေးကြ သည်။ တစ်အိမ်တက် ဆင်းဆွေးနွေးမေးမြန်းကြ၊ ပညာပေးကြသည်။ ထိုသို့သော အဖွဲ့အစည်းမှ ပညာတတ်၊ စာ တတ် တာဝန်ရှိသူက ထိုသို့ လွယ်လွယ်ပြော ခြင်းကား အန္တရာယ်ကြီးလှပါ၏။ စာမဖတ်သူ များခြင်းကို အားမပေး သင့်ပါ။ အားပေးသော စကားမပြောသင့်ပါ။ တာဝန်သိဖို့ကောင်းပါ၏။ ကျွန်တော်က မနေနိုင်၍ ထပ်ပြောမိပါသေး သည်။
.
''ဒီလိုတော့ မပြောပါနဲ့ဗျာ။ စာဆိုတာ တစ်ယောက်ဖတ်ရင် ဆယ်ယောက်တော့ ဖြန့်ဝေပေးနိုင်ပါတယ်။ ဆယ်ယောက်သိရင် အယောက်တစ်ရာထိ ပျံ့နိုင်ပါတယ်ဗျ၊ ခင်ဗျားတို့ လို အဖွဲ့အစည်းတွေ ပိုလို့တောင် စာဖတ်တာ ကို အားပေးကူညီရမှာဗျ။ ဒါမှ ခင်ဗျားတို့ပညာ ပေးတာလည်း ပိုထိရောက်မှာပေါ့။ ခင်ဗျားတို့  အဖွဲ့အစည်းလည်း ပိုအောင်မြင်မှာပေါ့ဗျာ။ လူ တွေစာမဖတ်ဘူးဆိုပြီး ပြောနေရုံနဲ့တော့ မပြီး ဘူးလေ''
.
ထိုသူသည် ဘာမျှ ပြန်မပြောနိုင်တော့ဘဲ အလုပ်ရှိသေးသည်ဟုဆိုကာ ထွက်သွားလေ တော့၏။ ကျွန်တော့်ရင်ထဲမှာကား နင့်နင့်နဲနဲ ခံစားနေခဲ့ရပါ၏။ သူ့အတွက်လည်း စိတ်မ ကောင်းခြင်းများစွာ ဖြစ်မိရပါ၏။ ယခုအခါ လူ ထုထဲတွင် လူမှုအကျိုးပြုအဖွဲ့အစည်းများစွာ ရှိနေပါ၏။ ပညာတတ်များ စာတတ်သူများချည်း ပါဝင်ပါသည်။ လူအများကို ကူညီသော၊ အား ပေးသော ပညာပေးသော အဖွဲ့အစည်းများဖြစ် ကြပါ၏။ ထိုအဖွဲ့အစည်းတိုင်းသည် လူထုနှင့် နီးစပ်လှပါသည်။ ထိုသူတို့က စာဖတ်ခြင်းကို အလေးထားလျှင် မည်မျှကောင်းမည်နည်း။ စာဖတ်ခြင်းကို ကူညီအားပေးလျှင် မည်မျှကောင်း မည်နည်း၊ ထိုလူတို့ ကိုယ်တိုင်စာဖတ်ကြလျှင် ပို၍ ကောင်းပေလိမ့်မည်။ ပညာတတ်သူများ စာတတ်သူများက ''ငါ ပညာတတ်ပြီ၊ ငါစာ တတ်ပြီ၊ စာဖတ်ဖို့ မလိုတော့ဘူး''ဟုထင်နေ လျှင်ကား မထင်သော်လည်း စာဖတ်ခြင်းကို ပစ်ပယ်ထားလျှင်ကား ကျွန်တော်ဆက်မတွေး ရဲတော့ပါ။ ဆက်မရေးရဲတော့ပါ။    
.

No comments:

Post a Comment