တာချီလိတ်၌ သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်၍ စစ်ဆေးရာမှ ထိုင်းနိုင်ငံသား တစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Saturday, February 9, 2019

တာချီလိတ်၌ သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်၍ စစ်ဆေးရာမှ ထိုင်းနိုင်ငံသား တစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်(ခ)ရပ်ကွက် ၊ 1G1 ဟိုတယ်အနီး သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်၍ စစ်ဆေးရာမှ မယ်ခေါင် ရပ်ကွက် နေအိမ်လိုင်းခန်းနှင့် ဆန်ဆိုင်း(က)ရပ်ကွက်၊ ပိတောက်လမ်းရှိ၊ စနုကာဆိုင်တို့၌ ထိုင်းနိုင်ငံသား ၂ ဦးထံမှ မူးယစ်ဆေးဝါးများကို ဖေဖော်ဝါရီ ၉ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
.
.
တာချီလိတ်မြို့၊ ဆန်ဆိုင်(ခ)ရပ်ကွက် ၊ 1G1 ဟိုတယ်ရှေ့လမ်းမပေါ်တွင် ဖေဖော်ဝါရီလ ၈ ရက်၊ ည ၉ နာရီခန့်က Mark-X အမျိုးအစား နက်ပြာရောင် မော်တော်ယာဉ်၏ ယာဘက်ဘေးအနီး ထိုင်းနိုင်ငံသား အမျိုးသား တစ်ဦး သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည့် အမှုနှင့် ပတ်သက်၍ အခင်းဖြစ် နေရာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ထိုင်းနိုင်ငံသား Mr.Khwan Jarochaiyakham အား စစ်ဆေးရာ မယ်ခေါင်ရပ်ကွက်၊ လိုင်းခန်း တစ်ခုတွင် ငှားရမ်း နေထိုင်ကြောင်း ထွက်ဆိုချက်အရ အဆိုပါနေအိမ်အား ဖေဖော်ဝါရီ ၉ ရက် နံနက် ၇ နာရီခွဲတွင် ရဲအုပ် ကိုကိုဦးနှင့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေရာ ၎င်းအိပ်သည့် အိပ်ခန်းအတွင်းမှ ICE  ဟု ယူဆရ သော အဖြူရောင်ပုံဆောင်ခဲ့ အလေးချိန် ၆ ဒသမ ၅၂ ဂရမ်ခန့်  နှင့် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား ၆ ပြား၊ အလေးချိန် ဝ ဒသမ ၆ ဂရမ်ခန့်တို့အားလည်းကောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
.
ထို့အတူ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် နယ်ထိန်း ရဲအရာခံ ကျော်ဇေယျနှင့် အဖွဲ့သည် သက်သေများနှင့် အတူ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပိတောက်လမ်းရှိ၊ စနုကာဆိုင်အား ဝင်ရောက်ရှာဖွေရာ ဆိုင်အတွင်း ရှိ အိပ်ခန်းတွင် ထိုင်းနိုင်ငံသား Mr.Auttapol အား အသင့်တွေ့ရှိရသဖြင့် ဆက်လက်ရှာဖွေရာWY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၈ဝ ပြား၊ အလေးချိန် ၁၈ ဂရမ်ခန့်အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
သို့ဖြစ်၍ မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိသူ ထိုင်းနိုင်ငံသား Mr.Khwan Jarochaiyakham  (၂၇ နှစ်)၊ ဖီကျစ်မြို့၊ ထိုင်းနိုင်ငံနေသူနှင့် Mr.Auttapol (၃၅ နှစ်)၊ ဆမ်ဒါလွန်ရပ်ကွက်၊ ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံနေသူတို့ အား တာချီလိတ် မြို့မရဲစခန်းက မယ(ပ) ၁၇/၂ဝ၁၉ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment