တစ်ပတ်တာ ကံကြမ္မာ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Recent Tube

Thursday, February 28, 2019

တစ်ပတ်တာ ကံကြမ္မာ


ဆရာယဉ်မင်းအောင်
.
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှ မတ်လ ၆ ရက် အထိ
.

တနင်္ဂနွေ
.
စိတ်လှုပ်ရှားစရာများသော ကာလဖြစ်သည်။ ရှင်းလင်းပြောဆိုစရာကိစ္စ ပေါ်ပေါက်မည်။ စိန်ရွှေကျောက် ရတ နာဝင်မည်။ ကောင်းသောခရီးသွားလာရတတ်ပါသည်။ စီးပွားရေးငွေကြေး စုပုံဝင်ကိန်း၊ ပွပေါက်တိုးမည့်ကံ ရှိသည်။ အကြံအစည်မှားတတ်သည် သတိထားပါ။ လျှပ်စစ်မီးပြုပြင်ရမည်။ စနေသား အဝင်မခံသင့်သေးပါ။ ကုန်သည်များ အရောင်းအားကောင်းလာမည်။ အြေ<ွကးတော့ ကျတတ်ပါသည်။ ဝန်ထမ်းများ အလုပ်ပိနေ မည်။ ပွဲစားများ ဘာမှ အလုပ်မဖြစ်နိုင်သေးပါ။ ငယ်သူများ အချစ်ရေးတွင် အငြင်းပွားမည်။ စိတ်သောက ကြုံရမည်။ ချစ်သူစိတ်ကောက်လိမ့်မည်။ ကျန်းမာရေးတွင် မအီမသာဖြစ်လိမ့်မည်။ ဇက်ကြောတက်မည်။ ကံ ကောင်းစေသောဂဏန်းမှာ (၄/၆/၈)ဖြစ်သည်။
ယတြာ။ သံဃာတော်ကို ဆေးဝါးလှူပါ။ 
.

တနင်္လာ
.
လျှပ်စစ်နဲ့ ဆက်စပ်သော ပစ္စည်းဝင်မည်။ ပြုပြင်ခြင်းလည်း ကြုံနိုင်ပါသည်။ ပစ္စည်းပျောက်ဆုံးခြင်း၊ အ ထားမှားခြင်း ကြုံလိမ့်မည်။ ကောင်းသောသတင်းစကား ကြားသိရမည်။ အိမ်တွင်းရှိ တစ်ဦးဦး ခရီးသွားခြင်း ကြုံမည်။ သားသမီးအလုပ်ရလိမ့်မည်။ အထက်တန်းကျသော ပစ္စည်းဝင်လာလိမ့်မည်။ ရွှေဝင်မည်။ ကုန် သည်များ၊ တပည့်များကြောင့် စိတ်ရှုပ်ထွေးရလိမ့်မည်။ ဝန်ထမ်းများမှာ ကြီးသူအဆူခံရမည်။ အလုပ်တွင် ဆောင်ရွက်ချက်မှားတတ်သည်။ ပွဲစားများမှာ အသေးစား ငွေဝင်လာလိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် ကြားလူဝင်နှောက်သဖြင့် အထင်လွဲလိမ့်မည်။ ကျန်းမာရေးကိစ္စများမှာ ရေချိုးမှားခြင်း၊ အစားမှားခြင်းကြုံတွေ့ မည်။ ကံကောင်းစေသော ဂဏန်းမှာ(ဝ/၃/၆)ဖြစ်သည်။
ယတြာ။ စေတီမှာ မရွေးမုန့်လှူပါ။
.

အင်္ဂါ
.
ကားနှင့် ဆက်စပ်ဆောင်ရွက်ရမည်။ အချို့ကားဝင်မည်။ ငွေပျောက်တတ်သည်။ အခိုးခံရတတ်ပါသည်။ စီးပွားရေးလိုငွေပြသောကြောင့် တစ်ဦးဦး အကူအညီယူရလိမ့်မည်။ အဝတ်အစားများ ဝယ်ယူရလိမ့်မည်။ အိုး ခွက်ပန်းကန်ကျကွဲတတ်သည်။ သတိပြုပါ။ ခရီးတိုသွားလာရမည်။ စကားများခြင်း၊ ဖြေရှင်းပြောဆိုရခြင်းကြုံ မည်။ ကုန်သည်များ လှောင်ကုန်ဈေးတက်လိမ့်မည်။ ဝန်ထမ်းများ အပိုဝင်ငွေရမည်။ စိတ်ပျော်ရွှင်ရမည်။ ပွဲ စားများ အသင့်သင့် ငွေဝင်လာမည်။ ငယ်သူများ အချစ်ရေးအဆင်ပြေလာမည်။ မနာလိုသူတွေ့တတ်သော ကြောင့် သတိထားရမည်။ ကျန်းမာရေးကိစ္စများ သွားကိုက်မည်။ ပါးစပ်အနာပေါက်မည်။ သတိထားပါ။ ကံ ကောင်းစေသော ဂဏန်းမှာ(၁/၅/၈)ဖြစ်သည်။
ယတြာ။ စေတီမှာ အလံလှူပါ။
.

ဗုဒ္ဓဟူး
.
နေအိမ်အတွက် ငွေကုန်မည်။ ကွဲကွာနေသောသူပြန်ဆုံမည်။ အသိပညာတိုးတက်လိမ့်မည်။ အခက်အခဲ မှ လွတ်မည်။ ထူးဆန်းသော ပစ္စည်း ဝင်လာကိန်းရှိသည်။ ဖုန်းအသစ်လဲလှယ်ရမည်။ အစားမှားတတ်သော ကြောင့် သတိပြုပါ။ အဝေးမှ မိတ်ဆွေလာမည်။ စီးပွားရေး ငွေကြေး ရုတ်တရက်ဝင်လာမည်။ အဆင်ပြေလာ မည်။ ကုန်သည်များ ကုန်ပစ္စည်းအချို့ ပြတ်တောက်သဖြင့် စိတ်ညစ်ရမည်။ ဝန်ထမ်းများ အထူးလက်ဆောင် ရမည်။ ကျွေးမွေးဧည့်ခံရမည်။ ပွဲစားများ သူတစ်ပါး၏ စာရွက်၊ စာချုပ်များ ပျောက်ဆုံးတတ်သည်။ ငယ်သူ များ ချစ်သူတွေ့တေော့မည်။ ကျန်းမာရေးတွင် ခါးနာတတ်ပါသည်။ ဆေးခန်းများ သွားလာရလိမ့်မည်။ သတိ ထားပါ။ ကံကောင်းစေသော ဂဏန်းမှာ(၃/၄/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ ကံ့ကော်ညွှန့်လှူပါ။
.

ကြာသပတေး
.
မော်တော်ကားဝင်မည်။ အိမ်အတွက် ကူညီဆောင်ရွက်ပေးလိုသော စိတ်ရှိသော်လည်း ငွေကြေးသိပ်အ ဆင်မပြေဖြစ်နေလိမ့်မည်။ အစားအသောက် ပစ္စည်းဝင်လာမည်။ ငွေစာရင်းကိစ္စ အရှုပ်အထွေးကြုံမည်။ ရေခဲ သေတ္တာကိစ္စများ ဆောင်ရွက်ရမည်။ ဘုရားဖူး ခရီးသွားလာရတတ်ပါသည်။ ငွေပျောက်ဆုံးတတ်ပါသည်။ သ တိပြုနေပါ။ မိမိကား(သို့မဟုတ်)ဆိုင်ကယ်နှင့် နည်းနည်းပွတ်မိတတ်ပါသည်။ ကုန်သည်များ ငွေကိစ္စအခက်အ ခဲကြုံမည်။ တင်လိုက်သော ကုန်အဝင်နောက်ကျမည်။ ဝန်ထမ်းများ အလုပ်ရှုပ်ထွေးသဖြင့် စိတ်ညစ်ရမည်။ ပင်ပန်းလိမ့်မည်။ ပွဲစားများ ကွက်ကျော်ရိုက်ခြင်းခံရလိမ့်မည်။ ငယ်သူများ အချစ်ရေးကိစ္စတွင် ချစ်သူပေးသော လက်ဆောင်ရမည်။ ကျန်းမာရေး ယားယံမည်။ ဓာတ်မတည့်ခြင်း ဖြစ်လိမ့်မည်။ ကံကောင်းစေသော ဂဏန်း မှာ (၂/၄/၇)ဖြစ်သည်။
ယတြာ။ ဘုရားတွင် ပေါက်စီလှူပါ။
.

သောကြာ
.
ခရီးသွားချင်စိတ်ပေါ်မည်။ သို့သော် မသွားရတတ်ချေ။ ဝယ်ယူပြီးသော ပစ္စည်းစိတ်တိုင်းမကျ ဖြစ်လိမ့် မည်။ မိန်းကလေးများ အဝတ်အထည်ကောင်းရတတ်ပါသည်။ လှပသော ပစ္စည်းဝင်မည်။ စီးပွားရေးတွင် ငွေ ကြေးအကူအညီပေးသူတွေ့မည်။ ရေထွက်ပစ္စည်းများ လက်ဆောင်ရလိမ့်မည်။ ဖုန်းအဝင်မသင့်သော ကာလ ဖြစ်သဖြင့် ရှောင်ပါ။ ကုန်သည်များ အရောင်းအဝယ်ကိစ္စကြောင့် ခရီးသွားရတတ်သည်။ ဝန်ထမ်းများ တာဝန် ကြီးကြီးပေးခံရတတ်ပါသည်။ ပွဲစားများ အပေါင်ကိစ္စ၊ အငှားကိစ္စတည့်လိမ့်မည်။ ငယ်သူများ အချစ်ရေးတွင် နှစ်ယောက်ကြား ဗျာများရမည်။ ကျန်းမာရေးတွင် ငါးရိုးစူးခြင်း၊ လည်ပင်းနာခြင်း စသည်တို့ ကြုံလိမ့်မည်။ ကံကောင်းစေသော ဂဏန်းမှာ(၃/၆/၉)ဖြစ်သည်။
ယတြာ။ စေတီမှာ ရေကပ်လှူပါ။
.

စနေ
.
မတွေ့ရတာ ကြာနေသောသူနဲ့ ပြန်တွေ့တတ်သည်။ အိမ်အတွက် ဆောင်ရွက်စရာများနေလိမ့်မည်။ စီးပွားရေး ကောင်းလာမည်။ အစုရှယ်ယာလုပ်ငန်းစတင်ရမည်။ ငွေပျောက်လိမ့်မည်။ ဂရုစိုက်ပါ။ စီးပွားရေး ယခု ကာလတွင် ငွေဝင်ကောင်းလိမ့်မည်။ သူငယ်ချင်းများ ငွေချေးငှားတတ်ပါသည်။ အိမ်ထောင်ရှိသူများ သဘော ကွဲလိမ့်မည်။ ကုန်သည်များ ကုန်ပစ္စည်း ပြတ်လပ်မှု ကြုံတွေ့ပါမည်။ ဝန်ထမ်းများ အကြီးအကဲများ မစခံရ မည်။ ပွဲစားများ အသေးစား အဆင်ပြေနေလိမ့်မည်။ ငယ်သူများမှာ အချစ်ရေးတွင် စိတ်နည်းနည်းညစ်မည်။ ကျန်းမာရေးတွင် ဝမ်းပျက်ခြင်း၊ ရင်ကြပ်ခြင်း စသည်တို့ ကြုံမည်။ ကံကောင်းစေသော ဂဏန်းမှာ (ဝ/၃/၅) ဖြစ်သည်။
ယတြာ။ ဘုရားမှာ ပန်းအနီ ၁ဝ ပွင့်လှူပေးပါ။
.

No comments:

Post a Comment