တာချီလိတ်တွင် အရက်အတူ သောက်ရာမှ ဓါးထိုးမှုဖြစ်ပွားကာ တစ်ဦးဒဏ်ရာရရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Thursday, February 14, 2019

တာချီလိတ်တွင် အရက်အတူ သောက်ရာမှ ဓါးထိုးမှုဖြစ်ပွားကာ တစ်ဦးဒဏ်ရာရရှိ


မိုင်းမော (တြိဂံနယ်မြေ)
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် ဖေဖော်ဝါရီလ ၁၃ ရက်၊ ညပိုင်းက အရက် အတူ သောက်ရာမှ စကားများပြီး ဓါးထိုးမှုဖြစ်ပွားကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။
.
.
တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်နေ ဦးတင့်ဆွေ၏ ခြံဝင်းအတွင်း ဘလောက်အုတ်စက်လုပ်ငန်း လုပ်ကိုင်သူ အလုပ်သမားများဖြစ်ကြသည့် နိုင်ညီထွဋ်၊ မွှေးတူး(ခ)ဌေးလင်းဇော်၊ အေးထွန်း၊ ကိုမင်း၊ ရခိုင်နှင့် သိန်းတန်တို့သည် ဖေဖော်ဝါရီလ ၁၃ ရက်၊ ညပိုင်းတွင် အလုပ်လုပ်ကိုင်ပြီး အရက်အတူသောက်စားနေကြရာမှ သိန်းတန် (၄၂ နှစ်)နှင့် နိုင်ညီထွဋ် (၂၂ နှစ်)တို့ တစ်ဦးနှင့် တစ်ဦး အချေအတင် စကားများရာ နိုင်ညီထွဋ်မှ အသင့်ပါလာသည့် မောင်းခလုတ်ဓါးဖြင့် သိန်းတန်အား ထိုးရာ ဝမ်းဗိုက်အလယ်တွင် ထိုးသွင်း ဒဏ်ရာ တစ်ချက်ရရှိခဲ့သဖြင့် တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုလျက်ရှိသည်။
.
သို့ဖြစ်၍ ဓါးဖြင့် ဒဏ်ရာရရှိအောင်ထိုးသူ နိုင်ညီထွဋ် (၂၂ နှစ်)၊ တပင်ရွှေထီးလိုင်းခန်း၊ ပါဆတ်ရပ်ကွက်၊ တာချီလိတ်မြို့နေသူအား တာချီလိတ်မြို့မရဲစခန်းက (ပ)၇၅/ ၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
.

No comments:

Post a Comment