မြန်မာနိုင်ငံတွင် ဖေ့ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုသူ မြင့်တက်လာသော်လည်း တောင်ကြီးမြို့တွင်မူ တစ်ရာခိုင်နှုန်းမျှသာ ရှိ - Kanbawza Tai News

Kanbawza Tai News

Represent For Shan State, Myanmar

Breaking

Wednesday, February 6, 2019

မြန်မာနိုင်ငံတွင် ဖေ့ဘွတ်ခ်လူမှုကွန်ရက် အသုံးပြုသူ မြင့်တက်လာသော်လည်း တောင်ကြီးမြို့တွင်မူ တစ်ရာခိုင်နှုန်းမျှသာ ရှိ


မင်းဇော်မင်း
.
ဖေ့ဘွတ်ခ်လူမှုကွန်ရက် Audience အချက်အလက်များအရ မြန်မာနိုင်ငံတွင် ဖေ့ဘွတ်ခ်အသုံးပြုမှု အရေအတွက်မှာ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်မှစ၍ လူဦး ရေ သန်း ၂ဝ မှ ၂၅ သန်းအထိ မြင့်တက်လာခဲ့သော်လည်း တောင်ကြီးမြို့နှင့် မြစ်ကြီးနားမြို့တို့မှာ ယင်းစာရင်း၏ ၁ ရာခိုင်နှုန်းသာရှိ ကြောင်း  Social Media Develop-ment Myanmar (SMDM)) အဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။
.
 
.
SMDM အနေနဲ့ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလကစပြီး လူမှုကွန်ရက်ပေါ် အခြေခံတဲ့ အသုံးပြုမှု ပလက်ဖောင်းတွေကို သုတေသနလုပ်ပြီး အမုန်းတရားတွေ၊ သတင်းတုတွေကို လူထုသိစေဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ NGO တစ်ခုအနေနဲ့ မြန်မာ နိုင်ငံမှာလိုအပ်နေတဲ့ အွန်လိုင်းအသိ ပညာပေးမှုတွေကို မီဒီယာတွေ၊ လူမှု အဖွဲ့အစည်း တွေနဲ့ပူးပေါင်းဆောင် ရွက်သွားမှာပါ။ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ့အွန်လိုင်းအသုံးပြုမှုနယ်ပယ်ကို သန့်စင်စေချင်တဲ့ ရည်ရွယ်ချက်ပါ''ဟု  SMDM  တည်ထောင်သူ ဦးနေလင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
SMDM အဖွဲ့အနေဖြင့် Face- book? Youtube, Instragram စသည့် လူမှုကွန်ရက် အခြေခံ တစ်ခုခုမှ  Hatespeech အမုန်းပွားစကား များ၊ သတင်းတု Fake News များ ကို လေ့လာဆန်းစစ် ဝေဖန်ဖော်ပြသွားမည် ဖြစ်သဖြင့် အွန်လိုင်းအသုံးပြုသူ ပြည်သူများအတွက် သန့်စင်သည့် သတင်းအသုံး ပြုခွင့်ရရှိစေရန် အထူးပြု ရည်ရွယ်ထားကြောင်းနှင့် မြန်မာနိုင်ငံရှိ အင်တာနက်၊ လူမှုကွန်ရက် အသုံးပြုသူများအတွက် ကောင်းမွန်သော လူမှုကွန်ရက်ပတ်ဝန်းကျင် ရရှိစေရေး သတင်းအချက်အလက်နှင့် နည်းပညာများ ဖြန့်ဝေရန် ရည်ရွယ် ဖွဲ့စည်းထားသဖြင့် လိုအပ်ပါက အသိပညာပေးမှုများ၊ workshop များ ဖိတ်ခေါ်တွေ့ဆုံပွဲများကို ပြုလုပ်သွား ရန်ရှိကြောင်း ¤င်းကပြောကြားသည်။
.
SMDM မှ ထုတ်ပြန်ခဲ့သည့် အာဆီယံဒေသတွင်း ဖေ့ဘွတ်ခ် လူမှုကွန်ရက် အသုံးပြုမှုဆိုင်ရာဆန်းစစ်ချက်တွင် မြန်မာနိုင်ငံက အဆင့် ၆ နေရာ တွင်တည်ရှိနေရာ မြန်မာ့လူဦးရေအရ အာဆီယံတွင် ပဉ္စမနေရာတွင် ရှိနေသော်လည်း နိုင်ငံ့လူဦးရေအရ အသုံးပြုမှုရာခိုင်နှုန်းနည်းပါးနေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။
.
လာအိုနှင့် မြန်မာနိုင်ငံတို့သည် နိုင်ငံလူဦးရေအချိုးအစားအရ ဒေသ တွင်း ဖေ့ဘွတ်ခ်လူမှုကွန်ရက် သုံးစွဲမှု ရာခိုင်နှုန်း အနည်းဆုံးဖြစ်ကာ အများဆုံးအသုံးပြုသည့် ဖိလစ်ပိုင်နိုင်ငံနှင့် ၂၉ ရာခိုင်နှုန်းကွာဟလျက်ရှိကြောင်း ဖော်ပြပါရှိသည်။
.
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းဖြင့် ဖေ့ဘွတ်ခ်လူမှုကွန်ရက်သုံးစွဲသူ ၉၇ ရာခိုင်နှုန်း ရှိနေပြီး ကျားမအချိုးအရ အမျိုးသမီးများ သုံးစွဲမှုမှာ ၃၈ ရာ ခိုင်နှုန်းသာ ရှိနေသေးကြောင်း၊ မြို့ များအနေဖြင့် ဖေ့ဘွတ်ခ် သုံးစွဲမှုတွင် ရန်ကုန်မြို့မှာ စုစုပေါင်း ၄၂ ရာခိုင် နှုန်း ရှိနေပြီး မန္တလေးမြို့မှာ ၁ဝ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရှိ ကာ ရန်ကုန်မြို့သည် ၂ဝ၁၇ ခုနှစ် ကထက် ဖေ့ဘွတ်ခ် အသုံးပြုသူ ဦးရေ ၁ သန်း အထိ မြင့်တက်လာခဲ့သည်ဟု စစ်တမ်းတွင် ဖော်ပြထားသည်။
.
နိုင်ငံရေးပါတီများ၏ ဖေ့ဘွတ်ခ် လူမှုကွန်ရက် အသုံးပြုမှု ဆန်းစစ်ချက် တွင် NLD သည် Like အများဆုံး ရရှိ ထားကာ ဒုတိယ နေရာတွင် NDP မှ ရှိနေပြီး တတိယနေရာတွင်  USDP ရှိနေကြောင်း၊ ၎င်းနောက်မှ AND၊ SNLD ၊ SNDP နှင့် ALD တို့က အစဉ်လိုက် ရှိနေကာ မကြာသေး မီက ဖွဲ့စည်းခဲ့သည့် ပြည်သူ့ပါတီ (People’s Party) မှာ Like အများ ဆုံး ၁ဝ ပါတီ စာရင်းတွင် ပါဝင်နေ ကြောင်း ဖော်ပြထားသည်။
.
သတင်းဌာနများ အနေဖြင့် 7 Days  သတင်းဌာနက ဖေ့ဘွတ်ခ်လူမှု ကွန်ရက်တွင် ပရိသတ် အများဆုံးနေ ရာ ယူထားသည်မှာ နှစ်အတော်ကြာ နေပြီဖြစ်ပြီး ၄င်းနောက်မှ Eleven နှင့် BBC တို့ ဖြစ်ကြကာ ကျော်ကြားသူ များ အနေဖြင့် စိုင်းစိုင်းခမ်းလှိုင်မှာ ပရိသတ် ၈ သန်းကျော်ဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး ဖွေးဖွေးနှင့် ဝတ်မှုံရွှေရည်တို့မှာ ဒုတိယနှင့် တတိယနေရာတို့တွင် ရပ်တည်နေကြောင်း ဖော်ပြထားသည်။
.

No comments:

Post a Comment